**မီးတောက်တွေ မုန်တိုင်းတွေ
ရိုင်းစိုင်း ကြမ်းကြုတ်
ရက်စက်တဲ့ သရုပ်နဲ့
လှိုင်းပုတ် နစ်မြုပ်နေတဲ့ နေရာ
အဲဒါ ငါတို့ရဲ့ ရွာပါပဲ။
**ငါတို့ရွာများ
သာယာတယ်မရှိ။
ဖွံ့ဖြိုးတိုးတက်
စက်မှု ထွန်းကားတယ်မရှိ။
**စိုက်ပျိုး မျိုးချ
ခေတ်နောက်ကျ နည်းတွေနဲ့
ပစ္စည်းထွက်ကုန် ကောင်းတယ်မရှိ။
**လမ်းပန်းခက်ခဲ
လှည်းဆွဲ လှေလှော်
ပျော်စရာ တကွက်မျှ မရှိ။
**လမ်းကျဉ်း လမ်းမြွာ
လမ်းတကာ ပေါက်ပြဲ
ကျောက်ခဲလမ်းကတော့
လျှောက်ဆဲလမ်းပါ။
**ဘယ်လိုပဲဖြစ်ဖြစ်
ကိုယ့်ရွာကလေးကို ချစ်တယ်။
ဘယ်လိုပဲ ဒုက္ခများများ
ကိုယ့်ရွာကလေးကို သနားတယ်။
**ဘယ်လိုပဲ မုန်တိုင်းထန်ထန်
ကိုယ့်ရွာကလေးကတော့
ဘူမိနက်သန်ပဲ။
**မွေးရပ်မြေ ရွာကလေးရဲ့
အနာဂတ်ကမ္ဘာ
သာယာရေးဟာ
ငါ့အရေး ငါတို့အရေးပါ။
ငါတို့ တတွေ တည်ဆောက်မှ
မုန်တိုင်းတွေ လှိုင်းတွေအောက်က
လွတ်မြောက်မှာပါ။
**ငါတို့ရွာ ကြီးစိုးတဲ့
နတ်ဆိုးကို မောင်းထုတ်ဖို့
ငါတို့ အလုပ်ပါ။
**ရေနစ်သူ ၀ိုင်းကူနှစ်တဲ့
ညစ်ပတ်တဲ့ စိတ်ထားနဲ့
ငါတို့နား လာမသီနဲ့
မကူညီချင် အသာနေ
ငါတို့မြေ ကယ်တင်ရေး
တို့ရွာသား အားလုံးရဲ့
လက်ရုံးရည် နှလုံးရည်ကိုသွေး
တို့အရေး အမှန်ပါ။
**ပေါက်ပြားတလက် ဓားတလက်
လက်ဖက်တပွဲ ထန်းလျက်တခဲနဲ့
ရဲရဲကြီး ထွက်ခဲ့ကြ
ပျက်သမျှ တို့ပြန်ဆောက်
ကျောက်အုတ်တွေနဲ့ တို့ပြန်စီ
ကမ္ဘာတည်သရွေ့ တည်ရအောင်
တက်ညီလက်ညီ တို့ရွာသားတို့
ဝိုင်းကြ၀န်းကြ မရပ်မနား
တည်ဆောက်ကြစို့။ ။
**တင်မိုး**
(ကဗျာပေါင်းချုပ်မှ၊ ၅ နိုဝင်ဘာလ ၁၉၉၉၊ သောကြာနေ့ နံနက်ခင်း)
**မီးတောက်တွေ မုန်တိုင်းတွေ
ရိုင်းစိုင်း ကြမ်းကြုတ်
ရက်စက်တဲ့ သရုပ်နဲ့
လှိုင်းပုတ် နစ်မြုပ်နေတဲ့ နေရာ
အဲဒါ ငါတို့ရဲ့ ရွာပါပဲ။
**ငါတို့ရွာများ
သာယာတယ်မရှိ။
ဖွံ့ဖြိုးတိုးတက်
စက်မှု ထွန်းကားတယ်မရှိ။
**စိုက်ပျိုး မျိုးချ
ခေတ်နောက်ကျ နည်းတွေနဲ့
ပစ္စည်းထွက်ကုန် ကောင်းတယ်မရှိ။
**လမ်းပန်းခက်ခဲ
လှည်းဆွဲ လှေလှော်
ပျော်စရာ တကွက်မျှ မရှိ။
**လမ်းကျဉ်း လမ်းမြွာ
လမ်းတကာ ပေါက်ပြဲ
ကျောက်ခဲလမ်းကတော့
လျှောက်ဆဲလမ်းပါ။
**ဘယ်လိုပဲဖြစ်ဖြစ်
ကိုယ့်ရွာကလေးကို ချစ်တယ်။
ဘယ်လိုပဲ ဒုက္ခများများ
ကိုယ့်ရွာကလေးကို သနားတယ်။
**ဘယ်လိုပဲ မုန်တိုင်းထန်ထန်
ကိုယ့်ရွာကလေးကတော့
ဘူမိနက်သန်ပဲ။
**မွေးရပ်မြေ ရွာကလေးရဲ့
အနာဂတ်ကမ္ဘာ
သာယာရေးဟာ
ငါ့အရေး ငါတို့အရေးပါ။
ငါတို့ တတွေ တည်ဆောက်မှ
မုန်တိုင်းတွေ လှိုင်းတွေအောက်က
လွတ်မြောက်မှာပါ။
**ငါတို့ရွာ ကြီးစိုးတဲ့
နတ်ဆိုးကို မောင်းထုတ်ဖို့
ငါတို့ အလုပ်ပါ။
**ရေနစ်သူ ၀ိုင်းကူနှစ်တဲ့
ညစ်ပတ်တဲ့ စိတ်ထားနဲ့
ငါတို့နား လာမသီနဲ့
မကူညီချင် အသာနေ
ငါတို့မြေ ကယ်တင်ရေး
တို့ရွာသား အားလုံးရဲ့
လက်ရုံးရည် နှလုံးရည်ကိုသွေး
တို့အရေး အမှန်ပါ။
**ပေါက်ပြားတလက် ဓားတလက်
လက်ဖက်တပွဲ ထန်းလျက်တခဲနဲ့
ရဲရဲကြီး ထွက်ခဲ့ကြ
ပျက်သမျှ တို့ပြန်ဆောက်
ကျောက်အုတ်တွေနဲ့ တို့ပြန်စီ
ကမ္ဘာတည်သရွေ့ တည်ရအောင်
တက်ညီလက်ညီ တို့ရွာသားတို့
ဝိုင်းကြ၀န်းကြ မရပ်မနား
တည်ဆောက်ကြစို့။ ။
**တင်မိုး**
(ကဗျာပေါင်းချုပ်မှ၊ ၅ နိုဝင်ဘာလ ၁၉၉၉၊ သောကြာနေ့ နံနက်ခင်း)
No comments:
Post a Comment