တစ်ကြိမ်တွင် အထက်လွှတ်တော်အမတ်တစ်ဦးသည် အရေးရာမပါသော အတိုက်အခံတစ်ဦးနှင့် ပဋိပက္ခဖြစ်ရကိန်းဆိုက်သည်။ သူသည် သူ့သဘောထားကို အောက်ပါအတိုင်း ရှင်းပြခဲ့သည်။ `တစ်ခါက ဆိတ်တစ်ကောင်က ခြင်္သေ့တစ်ကောင်နှင့် တိုက်ခိုက်ဖို့ ဖိတ်ခေါ်လိုက်တယ်။ မတိုက်ဖို့ငြင်းဆန်ရင်း ခြင်္သေ့က ပြောလိုက်တယ်။ မင်းက ခြင်္သေ့တစ်ကောင်ကိုတောင် စိမ်ခေါ်တယ်လို့ နာမည်ကြီးပဲ၊ ငါကျတော့ ဆိတ်တစ်ကောင်နှင့် လုံးခဲ့တယ်ဆိုတာ တစ်လလောက် အားလုံးသိနေလိမ့်မယ်´
** စိန်ငှက်ရိုး **
(ကြုံသမျှ ဘုံဘ၀ ဟာသများမှ)
**(ဟာဒယနှလုံး- တခဏပြုံး)**

No comments:
Post a Comment