သူ့မှာ
ရည်ရွယ်ချက် ရှိတယ်။
**အတောင် ယားလို့
အားအားရှိတိုင်း ပျံနေတာမဟုတ်ဘူး။
**သူ ဆိုတဲ့တေး
ဟို အဝေးမိုးကုပ်စက်ဝိုင်း အထိ
လေလှိုင်းကိုစီး
ခရီးတွင်ကျယ်၊ ပင်လယ်ကိုဖြတ်
လွတ်လပ်စွာလွှင့်ဖို့
ကောင်းကင်အမြင့် ပျံသန်းခြင်းသာ
ရင်ထဲက စေတနာ။
**နားဆင်ကြည်နူး၊ တိမ်ညွှန့်ခူးကြလော့။
စိတ်ကူးဝေဆာ၊ နိုင်ငံသာစေလော့။
အလင်္ကာတန်ခိုးနဲ့
မင်္ဂလာမိုး ရွာစေလော့။
ငါ့ စားကျက်မြေ
ပန်းပေါင်းရာထောင် ဝေစေလော့။ ။
**တင်မိုး**
(ကဗျာပေါင်းချုပ်မှ၊ ၆ နိုဝင်ဘာလ ၁၉၉၉၊ အန့်တ၀ပ်)
**တိမ်ပေါ်တက်တဲ့ငှက်
သူ့မှာ
ရည်ရွယ်ချက် ရှိတယ်။
**အတောင် ယားလို့
အားအားရှိတိုင်း ပျံနေတာမဟုတ်ဘူး။
**သူ ဆိုတဲ့တေး
ဟို အဝေးမိုးကုပ်စက်ဝိုင်း အထိ
လေလှိုင်းကိုစီး
ခရီးတွင်ကျယ်၊ ပင်လယ်ကိုဖြတ်
လွတ်လပ်စွာလွှင့်ဖို့
ကောင်းကင်အမြင့် ပျံသန်းခြင်းသာ
ရင်ထဲက စေတနာ။
**နားဆင်ကြည်နူး၊ တိမ်ညွှန့်ခူးကြလော့။
စိတ်ကူးဝေဆာ၊ နိုင်ငံသာစေလော့။
အလင်္ကာတန်ခိုးနဲ့
မင်္ဂလာမိုး ရွာစေလော့။
ငါ့ စားကျက်မြေ
ပန်းပေါင်းရာထောင် ဝေစေလော့။ ။
**တင်မိုး**
(ကဗျာပေါင်းချုပ်မှ၊ ၆ နိုဝင်ဘာလ ၁၉၉၉၊ အန့်တ၀ပ်)
No comments:
Post a Comment