မြန်မာတစ်ယောက်နဲ့ တရုတ်တစ်ကောင် စကားပြောရင်းနဲ့ ညင်းခုံနေကြတယ်။
သူ့တို့တိုင်းပြည်က တိုက်ကြက်တွေ ဘယ်လောက်ကောင်းကြောင်း စကားနိုင်လုကြရင်း တိုက်ကြက်ချင်းခွပ်ဖို့ စိန်ခေါ်လိုက်ကြတယ်။
ရှုံးတဲ့ကြက်ဘက်ကလူက တနှစ်ကျွန်ခံကြေး တဲ့။
ဒါပေမဲ့ ကြက်ခြင်းတိုက်ကြမှာက ခုချက်ခြင်းမဟုတ်ဘူး၊ နောင် ၅ နှစ်နေမှ တိုက်ကြမှာ...
ဘာလို့လဲဆိုတော့ မိမိတို့ရဲ့ ကြက်တွေကို စိတ်ကြိုက်မွေးမြူ ပြုစုပျိုးထောင်ပြီး အကောင်းဆုံးဖြစ်အောင် လေ့ကျင့်ပေးကြဖို့ ၅ နှစ် အချိန်ယူလိုက်တာလေ။
အဲ...၅ နှစ်လည်းပြည့်ရော... ...
... ... ...
တရုတ်ကြက်နဲ့ ဗမာကြက် ခွပ်လက်ဆုံကြပြီ ခင်ဗျ..
တရုတ်ကြက်က အကောင်နဲနဲသေးပေမဲ့ သွက်လက်ဖြတ်လတ်ပုံဘဲ။
ဗမာကြက်ကတော့ ကိုယ်လုံးကိုယ်ထည် ပိုကြီးပေမဲ့ ထုံထိုင်းထိုင်းပုံထွက်နေတယ်။
စ, လွတ်ပါပြီဆိုကတည်းက ဗမာကြက်က ကွင်းလည်မှာ ငိုက်နေပါလေရော၊ ဒါပေမဲ့ ကိုရွှေဗမာ ကြက်ပိုင်ရှင်က မပူဘူး...အေးဆေးဘဲ သူ့ကြက်အခြေအနေကို ကြည့်နေတယ်။
လျောင်ကီးတို့ရဲ့ ကြက်ကတော့ အတက်လေးတပြပြ အတောင်ပံလေး တသသနဲ့ပေါ့...ကွင်းထဲဝင်လာပြီဆိုကထဲက တဘက်ကဗမာကြက်ကို ပြေးပြေးခွပ်နေလိုက်တာ ခြေထောက်မှာ စက်တပ်ထားလားမှတ်ရတယ်...
အတောင်ပံခပ်သံကလည်း တဖျန်းဖျန်းနဲ့... ပြင်းမှပြင်း
ရန်သူကို ဘေးကတမျိုး၊ ရှေ့ကတဖုံ၊ နောက်ကတသွယ် ပယ်ပယ်နယ်နယ်ကို တီးနေလိုက်တာများ တရုတ်ကြက်ဘက်က အားပေးနေတဲ့လူတွေရဲ့အော်သံ ဝက်ဝက်ညံနေရော... ...
ဗမာကြက်ကတော့ ဘာမှပြန်မလုပ်ဘူးခင်ဗျ။ တခါတခါ နဲနဲနာသွားရင် မျက်လုံးလေးတဖက်ဖွင့်ကြည့်ပြီး ပြန်အိပ်သွားပြန်တယ်။
အဲလို...ခွပ်ရင်းခွပ်ရင်းနဲ့ ကြာလာတော့ တရုတ်ကြက် သက်လုံကျလာတယ်..သိပ်မကြာခင်မှာဘဲ တော်တော်လေးအမောဖောက်လာပြီး ဗမာကြက်ရဲ့ အတောင်ပံကြား ခေါင်းထိုးပြီး နားနေပါလေရော...
ကံဆိုးခြင်တော့ သူ့ဟာသူခွပ်ရင်းနဲ့ သူ့ခြေထောက်မှာ၊ ခေါင်းမှာ၊ ကိုယ်လုံးမှာ ထိခိုက်မိပြီး သွေးစ နဲနဲထွက်နေတာကိုး...
သွေးညှီနံ့လဲရရော ဗမာကြက်ခေါင်းထောင်လာတယ်...ဘေးဘီဝဲယာ လှည့်ပတ်ရှာလိုက်တော့ သူ့အတောင်ပံကြားက တရုတ်ကြက်ဆီကကိုး ...
ဘာမှပြောမနေဘူး...တခါထဲ တရုတ်ကြက်ခေါင်းကို ဖမ်းဆွဲပြီး တစ်ကောင်လုံးကို ဖဲ့ရွဲ့စားလိုက်တာ အချိန်ပိုင်းလေးအတွင်းမှာဘဲ အရိုးပါးပါး ကျန်တယ်။
ဗမာပရိတ်သတ်တွေရဲ့ အော် အလှည့်ပေါ့...၊ ဝေး...ဟေး...ဟေး... ...
ဗမာကြက်ပိုင်ရှင်ကတော့ ပြုံပြုံး ပြုံးပြုံးနဲ့။
ခဏနေတော့ ရှုံးတဲ့ကြက်ပိုင်ရှင် မောင်တရုတ်တစ်ယောက် ဗမာကြက်ပိုင်ရှင်ရဲ့ရှေ့ ဒူးထောက်ရောက်လို့လာတယ်။
ပြီးတော့ ဇဝေဇဝါမျက်နှာနဲ့ မေးလာတယ်.. ...
"ကျနော်တော့ နားကိုမလည်တော့ဘူးဗျာ၊ မရှုမလှရှုံးမဲ့သာရှုံးတာ ကျနော့်ကြက်ဟာ နယ်နယ်ရရ ကြက်မဟုတ်ဘူး၊ အိန္ဒိယ စစ်တကောင်းနယ်က အရက်စက်ဆုံး အကြမ်းတမ်းဆုံး တိုက်ကြက်ဖ နဲ့ မွန်ဂိုလီယားကြက်မကို မျိုးစပ်ပြီး ပြည်မကြီးက ဓါတ်ခွဲခန်းမှာ အကောင်းဆုံး စမ်းသပ်စစ်ဆေးပြီးမွေးမြူခဲ့တာ၊ သူ့ကိုနိုင်တဲ့ကြက် တရုတ်ပြည်မှာတော့ တစ်ကောင်မှ မရှိတော့ဘူး၊ အချိန် ၅ နှစ်တောင်ကြာအောင် လေ့ကျင့်ပေးခဲ့ရတာ၊ ခင်ဗျားတို့ကြက်ကိုရော ဘယ်လို မွေးမြူခဲ့ပြီး ဘယ်လောက်တောင်လေ့ကျင့်ပေးခဲ့ရသလဲ"
ဒီတော့ ဗမာကြက်ပိုင်ရှင်က ပြန်ဖြေတယ်... ...
"အထွေအထူးတော့မရှိပါဘူးကွာ...၊ လဒ တစ်ကောင်ကို တိုက်ကြက်ဖနဲ့တူအောင် ယိုးဒယားသွားပြီး ပလပ်စတစ်ဆာဂျရီလုပ်လိုက်တာ ၂ ရက်ဘဲ ကြာတယ်၊ ဒါပါဘဲ"...တဲ့။
**sOelAy!!!!!!**
**(ဟာဒယနှလုံး- တခဏပြုံး)**

No comments:
Post a Comment