** သစ်သီးဝလံများစားသုံးပေးခြင်းဖြင့် အသက်အရွယ်ကြီးသည့်အခါ အရိုးကျိုးမှုသက်သာ
စေနိုင် **
(နယူးယောက်၊ နိုဝင်ဘာလ ၁၉-ရက်)
ကွတ်ကီးမုန့်ကိုစားမည့်အစား ပန်းသီးတစ်လုံးကို ရွေးချယ်စားသုံးခြင်းဖြင့် ကိုယ်အလေးချိန်တိုးလာမှုကိုထိန်းထားရုံသာမက အသက်အရွယ်ကြီးလာသည့်အခါ အရိုးကျိုးအက်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ဖွယ်ရှိကြောင်း သုတေသနလေ့လာမှုတစ်ရပ်တွင် ဖော်ပြသည်။ ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများ ပေါများစွာ စားသုံးကြသည့်သက်ကြီးပိုင်းအမျိုးသမီးများသည် အရိုးကျိုးခြင်းနည်းပါးစေနိုင်ကြောင်း အမေရိကန်အာဟာရသုတေသန ဆေးဂျာနယ်တွင် ရေးသားဖော်ပြထားသည်။ ကယ်လ်ဆီယမ်၊ ဗီတာမင်ဒီဓာတ်များများပါဝင်သော အစားအစာများစားသုံးခြင်းဖြင့် အရိုးဒကို သန်မာစေပြီး အရိုးကြွပ်ဆတ်မှု နည်းပါးစေနိုင်ကြောင့်ဖြင့်လည်း ၄င်းဂျာနယ်တွင် ရေးသားထားသည်။ ကနေဒါနိုင်ငံ မွန်ထရီရယ်ရှိ မက်ဂေးတက္ကသိုလ်မှ လီဆာလန် ဆက်မိုနှင့် သူမ၏ သုတေသနအဖွဲ့သည် အသက် ၅၀ အရွယ်ရှိ အမျိုးသမီး ၃၅၃၉ ဦးနှင့် အမျိုးသား ၁၆၄၉ ဦးတို့အား အာဟာရပြည့်ဝစွာစားသုံးခြင်း၏ အကျိုးအာနိသင်နှင့်ပတ်သက်ပြီး သုတေသနပြုခဲ့ရာ သစ်သီးဝလံများကို ပြည့်ဝစွာစားသုံးသူများမှာ အရိုးကျိုးခြင်းနည်းသည်ကို လေ့လာတွေ့ရှိခဲ့ရသည်ဟု ဆိုသည်။ (ရိုက်တာ)
** Public Health **

No comments:
Post a Comment