(ပို့ဟာကောက်-နိုင်ဂျီးရီးယား၊ နိုဝင်ဘာလ ၂၀-ရက်)
နိုင်ဂျီးရီးယားနိုင်ငံ ရေနံကြွယ်ဝသည့် နိုင်ဂျာမြစ်ဝကျွန်းပေါ်ဒေသမှ ရေနံလုပ်သား ၁၉ ဦးကို ပြန်ပေးဆွဲရာတွင် နောက်ကွယ်မှ တာဝန်ရှိသူဟု ယူဆရသော စစ်သွေးကြွ ဂိုဏ်ခေါင်းဆောင်ကို နောက်လိုက်ငယ်သား ၅၀ နှင့်အတူ နိုင်ဂျီးရီးယားစစ်ဘက်က ဖမ်းဆီးနိုင်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက စနေနေ့တွင် ပြောကြားသည်။ (အင်တာနက်)
** တီဟီရန်မြို့တော်ကို ခရုစ်ဒုံးကျည်ရန်မှ ကာကွယ်ရန် လေကြောင်းရန်ကာကွယ်ရေးစနစ်တပ်ဆင် **
(တီဟီရန်၊ နိုဝင်ဘာလ ၂၀-ရက်)
အီရန်နိုင်ငံ တီဟီရန်မြို့တော်ကို ခရုစ်ဒုံးကျည်များအန္တရာယ်မှ ကာကွယ်ရေးအတွက် လေကြောင်းရန်ကာကွယ်ရေးစနစ်များ တပ်ဆင်ထားကြောင်း တော်လှန်ရေးအစောင့်တပ် တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာလ ၁၉-ရက်နေ့တွင် ပြောကြားသည်။ အငြင်းပွားလျက်ရှိသည့် ညူကလီးယား အစီစဉ်နှင့် ပတ်သက်၍ အီရန်နိုင်ငံကို ပြည်ပက တိုက်ခိုက်လာဖွယ်ရာရှိကြောင်း ၄င်းက သတိပေးသည်။ တီဟီရန်မြို့တော်သည် လေကြောင်းရန်ကာကွယ်ရေးစနစ်တပ်ဆင်ထားသော ကမ္ဘာ့မြို့ကြီးများ စာရင်းတွင် တစ်မြို့အပါအ၀င်ဖြစ်လာကြောင်း အီရန် တော်လှန်ရေး အစောင့်တပ်လေကြောင်း ဌာနအကြီးအကဲ အမ်မာအလီ ဟာဂျီဇာဒါး၏ အဆိုကို ကိုးကား၍ သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)
** အာဖဂန်လုံခြုံရေးတာဝန်ဝတ္တရားများကို အာဖဂန်လုံခြုံရေးတပ်ဖွဲ့များထံ လွှဲပြောင်းမည် **
(လစ္စဘွန်း၊ နိုဝင်ဘာလ ၂၀ ရက်)
အာဖဂန်နစ္စတန်နိုင်ငံလုံခြုံရေးတာဝန်ဝတ္တရားများကို ၂၀၁၄ ခုနှစ် နှစ်ကုန်နောက်ဆုံးထား၍ အာဖဂန်တပ်ဖွဲ့များထံ လွှဲပြောင်းပေးအပ်ရန် တူရကီနိုင်ငံလစ္စဘွန်းးမြို့၌ ကျင်းပသော မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့(နေတိုး)ထိပ်သီးဆွေးနွေးပွဲတွင် ဆုံးဖြတ်လိုက်ကြောင်း နေတိုးအကြီးအကဲက နိုဝင်ဘာလ ၂၀-ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)
** နယူးဇီလန် မိုင်းတွင်းပေါက်ကွဲမှု ဓာတ်ငွေ့များကြောင့် ကယ်ဆယ်ရေးလုပ်ငန်းကြန့်ကြာ **
(၀ယ်လင်တန်၊ နိုဝင်ဘာလ ၂၀-ရက်)
ပြင်းထန်သော ပေါက်ကွဲမှုတစ်ရပ် နိုဝင်ဘာလ ၁၉-ရက်နေ့တွင် ဖြစ်ပွားခဲ့ပြိးောနက် ပိုက်ရေးဗား ကျောက်မီးသွေးတွင်း၌ အဆိပ်အတောက်ဖြစ်စေတတ်သော ဓာတ်ငွေ့များ ထွက်ပေါ်လျက်ရှိရာ မြေအောက်၌ ပျောက်ဆုံးနေသော အလုပ်သမား ၂၉ ဦးကို ရှာဖွေကယ်တင်ရေးအတွက် အခက်အခဲ ရှိနေကြောင်း ယနေ့သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)
နိုင်ဂျီးရီးယားစစ်ဘက်က ဖမ်းဆီးနိုင်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက စနေနေ့တွင် ပြောကြားသည်။ (အင်တာနက်)
** ကော်စတာရီကာနှင့် နီကာရာဂွါ နယ်မြေပိုင်နက် အငြင်းပွားမှု နိုင်ငံတကာ တရားရုံးသို့ရောက် **
(ဆန်ဟိုဆေး၊ ကော်စတာရီကာ၊ နိုဝင်ဘာလ ၂၀-ရက်)
ကော်စတာရီကာနိုင်ငံသည် ၄င်းနှင့် နီကာရာဂွါနိုင်ငံတို့အကြား အငြင်းပွားလျက်ရှိသည့် နယ်စပ်ပြဿနာကို နိုင်ငံတကာတရားရုံးသို့ တိုင်တန်းခဲ့ကြောင်း အေပီသတင်းဌာနက သောကြာနေ့တွင် ဖော်ပြသည်။ (အေပီ)
** အင်အားပြင်းငလျင်လှုပ်စေနိုင်သော မြေလွှာပြတ်ရွေ့ကြော လှုပ်ရှားမှု
ရော့ကီတောင်တန်း၌ တွေ့ရှိ **
(ဘော်စတွန်၊ နိုဝင်ဘာလ ၂၀ ရက်) အမေရိကန်ပြည်ထောင်စု အိုက်ဒါးဟိုးပြည်နယ် ရော့ကီတောင်တန်းဒေသ၌ လှုပ်ရှားမှုရှိသော မြေလွှာပြန်ရွေ့ကြောတစ်ခုကို သိပ္ပံပညာရှင်များက မြေပုံထုတ်ရှာဖွေနိုင်ခဲ့ကြောင်း နိုဝင်ဘာလ ၁၈ ရက်နေ့ သတင်းများတွင် ဖော်ပြသည်။ အဆိုပါ ပြတ်ရွေ့ကြောကြောင့် အင်အားရစ်ခ်ျတာစကေး ၇ ဒသမ ၅ အဆင့်ရှိ အဖျက်စွမ်းအားကြီးမားသော မြေငလျင်တစ်ခု လာမည့်ဆယ်စုနှစ်အတွင်း လှုပ်ခတ်နိုင်ကြောင်း အိုက်ဒါးဟိုးပြည်နယ်တက္ကသိုလ်မှ သိပ္ပံပညာရှင်များက သတိပေးသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- မောင်မောင်မြင့်ဆွေ **
** နိုင်ဂျီးရီးယား ပြန်ပေးဂိုဏ်းခေါင်းဆောင်ဖမ်းမိ **

No comments:
Post a Comment