ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, November 21, 2010

အောင်အတိတ် … အောင်နိမိတ်

> နာရေးကူညီမှုအသင်း(ရန်ကုန်)၏ (၉) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကြီးကို ယနေ့ ၂၀.၁၁.၂၀၁၀ (စနေ) နေ့၌ စည်ကားသိုက်မြိုက်စွာ အောင်ပွဲခံကျင်းပ ပြီးစီးခဲ့ပါသည်။ ၂၀၀၁ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း ကျင်းပခဲ့သော မဟာဘုံကထိန်ပွဲတော်များတွင် ယခု (၉) ကြိမ်မြောက် ကျင်းပပြုခဲ့သော စုပေါင်းမဟာဘုံကထိန်ပွဲတော်သည် အစည်ကားဆုံး၊ အသိုက်မြိုက်ဆုံး၊ အညီညွတ် ဆုံးပွဲတော် ဖြစ်တော့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ စုပေါင်းမဟာဘုံကထိန်ပွဲတော်နေ့ နံနက် (၇း၀၀) နာရီတွင် နံနက်စာအဖြစ် ကောက်ညှင်းပေါင်း၊ လ္ဘက်ရည်တို့ဖြင့် ကျွေးမွေးဧည့်ခံပြီး ပဒေသာပင်များကို နံနက် (၈း၀၀) နာရီအချိန်တွင် ကထိန်ခင်းကျင်းမည့် “၀ဋ်ကြွေးတော်ပြေ ရန်အောင်မြင်ကျောင်းတိုက်”သို့ နာရေး ကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများ၊ ၀န်ထမ်းများနှင့်အတူ မေတ္တာဖြင့် လာရောက် သီဆို တီးခတ် ကခုန် ဖျော်ဖြေပေးကြသော အောင်မေတ္တာရှင် (ရှမ်းဒိုးအဖွဲ့)၊ မဟာဝေဇယန္တာ (ရှမ်းဒိုးအဖွဲ့)၊ အောင်သိဒ္ဓိအောင် (ကုသိုလ်ဖြစ်ထီးတော်တင်အဖွဲ့၊ ရှမ်းအိုးစည်အဖွဲ့)၊ နိုင်ငံကျော် ရွာစားကြီး စိန်မြစိုး (အိုးစည်အဖွဲ့)၊ မယ်လမု (ဒိုးအဖွဲ့) စုစုပေါင်း လူအင်အား (၃၀၀) ကျော် တို့ဖြင့် လမ်းတစ်လျှောက် အလှူဒါနအတွက် ပျော်ရွှင်မြူးတူးစွာဖြင့် ကခုန်ကာ ပဒေသာပင်များအား ပို့ဆောင်လှူဒါန်းခဲ့သည်။

ပဒေသာပင်များတွင် မင်္ဂလာဈေး (ဈေးသူ/သားများ)၊ နန္ဒ၀န် (ဈေးသူ/ သားများ)၊ သိမ်ကြီးဈေး (ဈေးသူ/သားများ)၊ နာရေးကူညီမှုအသင်း(ရန်ကုန်) တနင်္ဂနွေနေ့မှ စနေနေ့ အထိ နေ့အလိုက် လုပ်အားပေး အသင်းသူ/သားများ၏ ပဒေသာပင်များ၊ နာရေးကူညီမှုအသင်း (ရန်ကုန်) မော်တော်ယာဉ်/စက်ပြင်အဖွဲ့ ပဒေသာပင်၊ ဆောက်လုပ်ရေးအဖွဲ့ ပဒေသာပင် စုစုပေါင်း (၁၁) ပင်နှင့် ရွှေဇီးကွက်ရုပ် (ဖို/မ) တစ်စုံ၊ ပစ်တိုင်းထောင် (ဖို/မ) တစ်စုံအပြင် အကဖျော်ဖြေရေး အရုပ် တစ်ရုပ်ပါဝင်ခဲ့သည်။ စုစုပေါင်း တန်ဖိုးငွေကျပ် ၂၄၀၀၀၀/- (နှစ်ဆယ့်လေးသိန်း) ကျော် လှူဒါန်းနိုင်ခဲ့သည်။

ရှေးဦးစွာ ဥက္ကဌ ဦးကျော်သူမှ ရှေ့ပြေးမော်တော်ယာဉ်ဖြင့် ကထိန်သင်္ကန်းအား ပင့်ဆောင်သွားပြီး နောက်မှ ဗုဒ္ဓ၀င်ပုံတော် (၃၃) ပုံ ကိုင်ဆောင်သော အသင်းသူများ၊ နာရေးကူညီမှုအသင်း(ရန်ကုန်) မျိုးဆက်သစ်ကလေးငယ်များ၊ ဒိုးအဖွဲ့များ၊ ပဒေသာပင်များ၊ ရှမ်းဒိုးအဖွဲ့များ တန်းစီ၍ လမ်းလျှောက် သယ်ဆောင်ခဲ့သည်။ လမ်းတ၀က်ခန့်တွင် ဦးကျော်သူသည် ဆိုက္ကားဖြင့် စီးနင်းလိုက်ပါကာ အဖွဲ့သားများ၊ အသင်းသူ/သားများအား လိုက်လံအားပေး ကပြ ဖျော်ဖြေခဲ့သည်။ ၀ဋ်ကြွေးတော်ပြေ ရန်အောင်မြင်ကျောင်းတိုက် သို့ရောက်ရှိသောအခါ ဒိုးပတ်ဝိုင်း များ၊ ရှမ်းဒိုးအဖွဲ့များ၊ ဦးရွှေရိုး + ဒေါ်မိုး ကပြဖျော်ဖြေရာတွင် စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ဦးကျော်သူ၏ ဇနီး ဒေါ်ရွှေဇီးကွက်တို့ နှင့်အတူ အသင်းသူ/သားများ တပျော်တပါး ၀ိုင်းဝန်းကခုန် ဆင်နွှဲခဲ့ကြသည်။ ထို့နောက် ၀ဋ်ကြွေးတော်ပြေဆရာတော်ကြီး၏ တရားတော်ကို နာယူကြကာ ရေစက်သွန်းချ လှူဒါန်းခဲ့ပြီး ဆရာတော်ကြီးမှ ကျွေးမွေးသော စားဖွယ်များကို သုံးဆောင်ခဲ့ကြသည်။

ထို့နောက် အသင်းသို့ ပြန်လည်ရောက်ရှိသောအခါ မေတ္တာဖြင့် လာရောက်သီဆို တီးခတ် ကခုန်ဖျော်ဖြေပေးခဲ့သော အောင်မေတ္တာရှင် (ရှမ်းဒိုးအဖွဲ့)၊ မဟာဝေဇယန္တာ (ရှမ်းဒိုးအဖွဲ့)၊ အောင်သိဒ္ဓိအောင် (ကုသိုလ်ဖြစ်ထီးတော်တင်အဖွဲ့၊ ရှမ်းအိုးစည်အဖွဲ့)၊ နိုင်ငံကျော် ရွာစားကြီး စိန်မြစိုး (အိုးစည်အဖွဲ့)၊ မယ်လမု (ဒိုးအဖွဲ့)တို့အား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်၊ ဘဏ္ဍာရေးမှူး ဒေါ်ရွှေဇီးကွက်တို့မှ ဂုဏ်ပြုကဒ်ပြားနှင့် ငွေသား တစ်ဖွဲ့လျှင် (၃၀၀၀၀/-) ကျပ်တိတိ ချီးမြှင့်ပြီးလျှင် နံနက်စာ ထမင်းဟင်းတို့ဖြင့် တည်ခင်းကျွေးမွေး ခဲ့သည်။

ယင်း စုပေါင်းမဟာဘုံကထိန်ပွဲတော်သည် (၇) ရက်သားသမီးအပေါင်းတို့၏ အလှူဒါနများ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ၊ အတွင်းရေးမှူး၊ အလုပ်အမှုဆောင်များ၊ အသင်းသူ/ သားများ၏ အလှူပစ္စည်း ၀တ္ထုငွေတို့ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ရာ စည်းလုံးညီညွတ်ခြင်း၏ အင်အားကို လည်း ပြသခဲ့ရာ ရောက်ပါသည်။ ယင်း ဘုံကထိန်ပွဲတော်အပြီး ရှမ်းဒိုးအဖွဲ့မှ တီးခတ်ဖျော်ဖြေ သီဆိုခဲ့သော “အောင်ပြီလားဟေ့ … အောင်ပြီဟေ့” ဟူသော ကြွေးကြော်သံတို့သည် အောင်အတိတ်၊ အောင်နိမိတ်အလား ဇဗ္ဗူတစ်ခွင်တွင် ပဲ့တင်ရိုက်ခတ်သွားတော့သည်။

မှတ်တမ်း -ရန်ကုန်နာရေးကူညီမှုအသင်း
anyarnwaytamarmyay at အညာနွေတမာမြေ
__._,_.___

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ (၉) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကြီးကို ယနေ့ ၂၀.၁၁.၂၀၁၀ (စနေ) နေ့၌ စည်ကားသိုက်မြိုက်စွာ အောင်ပွဲခံကျင်းပ ပြီးစီးခဲ့ပါသည်။ ၂၀၀၁ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း ကျင်းပခဲ့သော မဟာဘုံကထိန်ပွဲတော်များတွင် ယခု (၉) ကြိမ်မြောက် ကျင်းပပြုခဲ့သော စုပေါင်းမဟာဘုံကထိန်ပွဲတော်သည် အစည်ကားဆုံး၊ အသိုက်မြိုက်ဆုံး၊ အညီညွတ် ဆုံးပွဲတော် ဖြစ်တော့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ စုပေါင်းမဟာဘုံကထိန်ပွဲတော်နေ့ နံနက် (၇း၀၀) နာရီတွင် နံနက်စာအဖြစ် ကောက်ညှင်းပေါင်း၊ လ္ဘက်ရည်တို့ဖြင့် ကျွေးမွေးဧည့်ခံပြီး ပဒေသာပင်များကို နံနက် (၈း၀၀) နာရီအချိန်တွင် ကထိန်ခင်းကျင်းမည့် “၀ဋ်ကြွေးတော်ပြေ ရန်အောင်မြင်ကျောင်းတိုက်”သို့ နာရေး ကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများ၊ ၀န်ထမ်းများနှင့်အတူ မေတ္တာဖြင့် လာရောက် သီဆို တီးခတ် ကခုန် ဖျော်ဖြေပေးကြသော အောင်မေတ္တာရှင် (ရှမ်းဒိုးအဖွဲ့)၊ မဟာဝေဇယန္တာ (ရှမ်းဒိုးအဖွဲ့)၊ အောင်သိဒ္ဓိအောင် (ကုသိုလ်ဖြစ်ထီးတော်တင်အဖွဲ့၊ ရှမ်းအိုးစည်အဖွဲ့)၊ နိုင်ငံကျော် ရွာစားကြီး စိန်မြစိုး (အိုးစည်အဖွဲ့)၊ မယ်လမု (ဒိုးအဖွဲ့) စုစုပေါင်း လူအင်အား (၃၀၀) ကျော် တို့ဖြင့် လမ်းတစ်လျှောက် အလှူဒါနအတွက် ပျော်ရွှင်မြူးတူးစွာဖြင့် ကခုန်ကာ ပဒေသာပင်များအား ပို့ဆောင်လှူဒါန်းခဲ့သည်။

ပဒေသာပင်များတွင် မင်္ဂလာဈေး (ဈေးသူ/သားများ)၊ နန္ဒ၀န် (ဈေးသူ/ သားများ)၊ သိမ်ကြီးဈေး (ဈေးသူ/သားများ)၊ နာရေးကူညီမှုအသင်း(ရန်ကုန်) တနင်္ဂနွေနေ့မှ စနေနေ့ အထိ နေ့အလိုက် လုပ်အားပေး အသင်းသူ/သားများ၏ ပဒေသာပင်များ၊ နာရေးကူညီမှုအသင်း (ရန်ကုန်) မော်တော်ယာဉ်/စက်ပြင်အဖွဲ့ ပဒေသာပင်၊ ဆောက်လုပ်ရေးအဖွဲ့ ပဒေသာပင် စုစုပေါင်း (၁၁) ပင်နှင့် ရွှေဇီးကွက်ရုပ် (ဖို/မ) တစ်စုံ၊ ပစ်တိုင်းထောင် (ဖို/မ) တစ်စုံအပြင် အကဖျော်ဖြေရေး အရုပ် တစ်ရုပ်ပါဝင်ခဲ့သည်။ စုစုပေါင်း တန်ဖိုးငွေကျပ် ၂၄၀၀၀၀/- (နှစ်ဆယ့်လေးသိန်း) ကျော် လှူဒါန်းနိုင်ခဲ့သည်။

ရှေးဦးစွာ ဥက္ကဌ ဦးကျော်သူမှ ရှေ့ပြေးမော်တော်ယာဉ်ဖြင့် ကထိန်သင်္ကန်းအား ပင့်ဆောင်သွားပြီး နောက်မှ ဗုဒ္ဓ၀င်ပုံတော် (၃၃) ပုံ ကိုင်ဆောင်သော အသင်းသူများ၊ နာရေးကူညီမှုအသင်း(ရန်ကုန်) မျိုးဆက်သစ်ကလေးငယ်များ၊ ဒိုးအဖွဲ့များ၊ ပဒေသာပင်များ၊ ရှမ်းဒိုးအဖွဲ့များ တန်းစီ၍ လမ်းလျှောက် သယ်ဆောင်ခဲ့သည်။ လမ်းတ၀က်ခန့်တွင် ဦးကျော်သူသည် ဆိုက္ကားဖြင့် စီးနင်းလိုက်ပါကာ အဖွဲ့သားများ၊ အသင်းသူ/သားများအား လိုက်လံအားပေး ကပြ ဖျော်ဖြေခဲ့သည်။ ၀ဋ်ကြွေးတော်ပြေ ရန်အောင်မြင်ကျောင်းတိုက် သို့ရောက်ရှိသောအခါ ဒိုးပတ်ဝိုင်း များ၊ ရှမ်းဒိုးအဖွဲ့များ၊ ဦးရွှေရိုး + ဒေါ်မိုး ကပြဖျော်ဖြေရာတွင် စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ဦးကျော်သူ၏ ဇနီး ဒေါ်ရွှေဇီးကွက်တို့ နှင့်အတူ အသင်းသူ/သားများ တပျော်တပါး ၀ိုင်းဝန်းကခုန် ဆင်နွှဲခဲ့ကြသည်။ ထို့နောက် ၀ဋ်ကြွေးတော်ပြေဆရာတော်ကြီး၏ တရားတော်ကို နာယူကြကာ ရေစက်သွန်းချ လှူဒါန်းခဲ့ပြီး ဆရာတော်ကြီးမှ ကျွေးမွေးသော စားဖွယ်များကို သုံးဆောင်ခဲ့ကြသည်။

ထို့နောက် အသင်းသို့ ပြန်လည်ရောက်ရှိသောအခါ မေတ္တာဖြင့် လာရောက်သီဆို တီးခတ် ကခုန်ဖျော်ဖြေပေးခဲ့သော အောင်မေတ္တာရှင် (ရှမ်းဒိုးအဖွဲ့)၊ မဟာဝေဇယန္တာ (ရှမ်းဒိုးအဖွဲ့)၊ အောင်သိဒ္ဓိအောင် (ကုသိုလ်ဖြစ်ထီးတော်တင်အဖွဲ့၊ ရှမ်းအိုးစည်အဖွဲ့)၊ နိုင်ငံကျော် ရွာစားကြီး စိန်မြစိုး (အိုးစည်အဖွဲ့)၊ မယ်လမု (ဒိုးအဖွဲ့)တို့အား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်၊ ဘဏ္ဍာရေးမှူး ဒေါ်ရွှေဇီးကွက်တို့မှ ဂုဏ်ပြုကဒ်ပြားနှင့် ငွေသား တစ်ဖွဲ့လျှင် (၃၀၀၀၀/-) ကျပ်တိတိ ချီးမြှင့်ပြီးလျှင် နံနက်စာ ထမင်းဟင်းတို့ဖြင့် တည်ခင်းကျွေးမွေး ခဲ့သည်။

ယင်း စုပေါင်းမဟာဘုံကထိန်ပွဲတော်သည် (၇) ရက်သားသမီးအပေါင်းတို့၏ အလှူဒါနများ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ၊ အတွင်းရေးမှူး၊ အလုပ်အမှုဆောင်များ၊ အသင်းသူ/ သားများ၏ အလှူပစ္စည်း ၀တ္ထုငွေတို့ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ရာ စည်းလုံးညီညွတ်ခြင်း၏ အင်အားကို လည်း ပြသခဲ့ရာ ရောက်ပါသည်။ ယင်း ဘုံကထိန်ပွဲတော်အပြီး ရှမ်းဒိုးအဖွဲ့မှ တီးခတ်ဖျော်ဖြေ သီဆိုခဲ့သော “အောင်ပြီလားဟေ့ … အောင်ပြီဟေ့” ဟူသော ကြွေးကြော်သံတို့သည် အောင်အတိတ်၊ အောင်နိမိတ်အလား ဇဗ္ဗူတစ်ခွင်တွင် ပဲ့တင်ရိုက်ခတ်သွားတော့သည်။

မှတ်တမ်း -ရန်ကုန်နာရေးကူညီမှုအသင်း
anyarnwaytamarmyay at အညာနွေတမာမြေ
__._,_.___

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)