ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, November 16, 2010

“စစ်အုပ်စုရဲ့ကစားကွက်ကိုသတိထားကြ”

>

ဗမာပြည်ပြည်သူလူထုရဲ့မျှော်လင့်ခြင်း ၊ ဒီမိုကရေစီအင်အားစုတို့ရဲ့အထွဋ်မြတ်ထားရာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကတော့ လွတ်မြေက်လာခဲ့ပါပြီ ၊ ဒါဟာ လူတိုင်းအတွက်ဝမ်းသာစရာအခြေအနေတခုပါ ၊ ဒီအချိန်မှာ ကိုယ့်ခေါင်းဆောင်အပေါ် တန်ဘိုးထားမြတ်နိုးလေးစားမှုတွေနဲ့ ကျေနပ်နှစ်ခြိုက်ပီတိဖြစ်ကြတာ ရွှင်လန်းတက်ကြွနေကြတာ နှိုင်းယှဉ်ပြရခက်လောက် အောင် ဖြစ်နေကြမှာပါ ။

ဒီအတွက် ဒီပျော်ရွှင်မှုတွေ ပြန်မပျက်ဆီးကြရအောင်နဲ့ တကယ့်အောင်ပွဲစင်စစ်ဆီကိုခရီးဆက်ကြနိုင်အောင် သတိထားကြဘို့ လိုပါတယ် ၊ ခုအပျော်က လူထုခေါင်းဆောင်အတွက် (နေအိမ်အကျယ်ချုပ်ခံကနေလွတ်မြောက်လို့သာ) ပျော်နေကြတာပါ ၊ ကိုမင်းကိုနိုင်အပါအ၀င် မတရားဖမ်းဆီးထောင်ချခံထားရတဲ့ ကျွန်တော်တို့ရဲ့တိုက်ပွဲဝင်ညီအကိုမောင်နှမတွေအတွက် မပျော် နိုင်ကြသေးပါဘူး ၊ ဆင်းရဲမွဲတေမှုပုံစံအမျိုးမျိုးနဲ့ ဒုက္ခနွံထဲနစ်နေတဲ့ သန်းခြောက်ဆယ်သောပြည်သူလူထုက စစ်အာဏာရှင် တွေရဲ့ဖိနှိပ်အနိုင်ကျင့်မှုတွေအောက်က မလွတ်မြောက်သေးပါဘူး ။

ကျွန်တော်တို့နှလုံးသားထဲကို ၊ ကျွန်တော်တို့ရဲ့အသိတရားထဲကို လေးစားစရာကောင်းတဲ့ခေါင်းဆောင်ကောင်းအဖြစ် အန်တီ ရောက်ရှိခဲ့တဲ့ ၂၂နှစ်တာကာလကိုလေ့လာကြည့်ရင် ၊ စစ်အုပ်စုက နှစ်ပိုင်းလေးလွှတ်ပေးတာသာရှိခဲ့ပြီး အနှစ်၂၀စာလောက် နေအိမ်အကျယ်ချုပ်နဲ့ပဲထားခဲ့တာကို တွေ့ရမှာပါ ၊ ဒီလောက်တောင်ခါးခါးသီးသီးကြောက်လန့်ပြီး ကာလအကြာကြီးချုပ်နှောင် ခဲ့ပြီးကာမှ ခုပြန်လွှတ်လိုက်ပါပြီဆိုတာက သတ်မှတ်ပြစ်ဒါဏ်ကာလပြည့်လို့ဆိုတဲ့အကြောင်းပြချက်တခုထဲဟုတ်ရဲ့လား ၊ စစ်အုပ်စုရဲ့ရည်မှန်းချက်ကြီးကြီးကစားကွက်တခုရော မဖြစ်နိုင်ဘူးလား ။

သေချာတာက အန်တီ့လွတ်မြောက်မှုဟာ ကျွန်တော်တို့ဒီမိုကရေစီအင်အားစုတွေရဲ့တိုက်ပွဲဝင်နိုင်မှုကြောင့်မဟုတ်သေးဘူးဆို တာပါပဲ ၊ စစ်အုပ်စုချင်းအကြိတ်နယ်ခေါင်းချင်းရိုက်ပြီး ဖမ်းချင်တဲ့အချိန်ပြန်ဖမ်းလို့ရတာပဲ ဆိုတဲ့အခြေအနေနဲ့ လွှတ်ပေးလိုက် တာသာဖြစ်ပါတယ် ၊ လူငယ်စကားနဲ့ပြောရရင် တစ်ကောင်ကြွေးပြီးသုံးကောင်စားကင်းဝင်နည်းကို သုံးလိုက်ပြန်ပြီလို့ တွက်ဆမိ ပါတယ် ။

စစ်အုပ်စုအဘို့က အန်တီ့ကို (ယာယီ)လွှတ်ပေးလိုက်ရတဲ့ဆုံးရှုံးမှုသာရှိပြီး နိုင်ငံတကာနဲ့သံတမန်ရေးမျက်နှာပြန်ပွင့်တဲ့အခြေ အနေကိုရရှိသလို ပူပူနွေးနွေးကလိမ်ကျမှုများစွာနဲ့လုပ်ထားတဲ့ရွေးကောက်ပွဲအပေါ် အမျိုးမျိုးဝိုင်းဝေဘန်နေကြတဲ့အသံတွေကို လဲ အနေထားတခုထိမ်းလိုက်ပြီးသားဖြစ်သွားပါတယ် ၊ ဗိုလ်နှုပ်ခန်းမွှေးနဲ့DKBAတွေ မြ၀တီမြို့နဲ့ဘုရားသုံးဆူမြို့တွေကို စီးနင်း ပြီး စစ်အုပ်စုကိုပြန်ခံချကြရာက တိုင်းရင်းသားအင်အားစုအားလုံးကိုတပ်လှန့်လိုက်သလိုဖြစ်ပြီး ပြည်သူတွေအပါအ၀င် လက် နက်ကိုင်တော်လှန်ရေးကိုအာရုံစိုက်ကြချိန် အာရုံလွှဲယူလိုက်တဲ့ အခြေနေတခုလိုလဲဖြစ်သွားပါတယ် ၊ အထွေထွေသပိတ်ဆင်နွှဲ ရေးလူထုတိုက်ပွဲကြိုးစားနေသူတွေကိုလဲ အန်တီဘာလုပ်မလဲ ပြန်စောင့်ကြည့်ပြီး တိုက်ပွဲဖေါ်ရေးအလုပ်တွေရပ်တန့်နေအောင် လုပ်လိုက်သလိုဖြစ်ပါတယ် ။

ဒီ့အပြင်ရော ၊ အများကြီးရှိနိုင်ပါသေးတယ် ၊ ကျွန်တော့ဦးနှောက်လေးလောက်နဲ့စဉ်းစားမမှီနိုင်သေးတဲ့ စစ်အုပ်စုရဲ့ကလိမ်ကျ ကစားကွက်တွေ ရှိနိုင်ပါသေးတယ် ၊ အန်တီ့ကို သူတို့ရဲ့ကြံ့ဖွတ်အစိုးရမှာ တစ်နေရာရာပါဝင်ဘို့ ညှိနှိုင်းလာနိုင်တာမျိုးတွေအပါ အ၀င်ပေါ့ ၊ အဓိကရည်မှန်းချက်က သူတို့အာဏာသက်ဆက်ရေးခိုင်မာဘို့ကြံ့ဖွတ်အစိုးရသစ်ကို နိုင်ငံတကာကအသိမှတ်ပြုရေး ခေါင်းစဉ်ဖြစ်နိုင်ပါတယ် ။ ဖြစ်စဉ်တခုခုကိုအကြောင်းပြ ထောင်ချတဲ့အထိပြန်ဖမ်းနိုင်သလို ဒီပဲရင်းလို လုပ်ကြံသတ်ဖြတ်မှုမျိုး တွေလဲလုပ်နိုင်ပါတယ် ၊ ဘာပဲဖြစ်ဖြစ် စစ်အုပ်စုရဲ့အကြံဆိုးအားလုံးကို ၀ိုင်းဝန်းစဉ်းစား တားဆီးတိုက်ပွဲဝင်နိုင်ကြဘို့လိုပါတယ်။

အန်တီဘာလုပ်လိမ့်လဲလို့ မျှော်လင့်ချက်တွေနဲ့ ၀မ်းသာအားရဖြစ်နေယုံမပြီးဘူးဆိုတာ အထူးသတိပြုကြဘို့လိုပါတယ် ၊ အန်တီ့ လွတ်မြောက်မှုဟာ အခြေအနေကောင်းတခုမျှသာဖြစ်ပြီး အောင်ပွဲ(လုံးဝ)မဟုတ်သေးလို့ပါပဲ ၊ စစ်အုပ်စုကိုအာဃာတမထားပါ ဘူးဆိုတဲ့အန်တီ့ကို စစ်အုပ်စုရဲ့ရိုင်းစိုင်းဆိုးယုတ်မှုတွေအကြောင်းနဲ့ ဖြတ်သန်းပြီးတဲ့၂၂နှစ်လို နောက်ထပ် ခံစစ်သက်တမ်းထပ် မကြာရအောင်နည်းလမ်းတွေ ၀ိုင်းဝန်းအကြံပြုပြောပေးကြဘို့လဲလိုပါတယ် ။ အမျိုးသားပြန်လည်သင့်မြတ်ရေး ၊ တွေ့ဆုံဆွေး နွေးရေးကိုစောင့်နေတဲ့အချိန်မှာတင် ပြည်သူတွေက ဘ၀တွေအများကြီးပျက်ခဲ့ ၊ အသက်တွေအများကြီးဆုံးရှုံးခဲ့ပြီးပါပြီ ၊ စစ်အုပ်စုရဲ့ဇရိုက်လက္ခဏာဟာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးနည်းနာတွေနဲ့ထိုက်တန်ပါရဲ့လားဆိုတာ အန်တီစဉ်းစားဘို့ နိုင်ငံနေရာအနှံ့အပြားက ဖြစ်စဉ်တွေပြောပြပြီး ၀ိုင်းဝန်းသတိပေးကြဘို့လဲလိုပါတယ် ။

အန်တီပြောတာလုပ်တာကိုပဲစောင့်နေပြီး မျှောလိုက်နေကြဦးမယ်ဆိုရင်တော့ အောင်ပွဲနဲ့အလှမ်းဝေးနေကြဦးမှာပါပဲ ၊ အောင်ပွဲ ကတိုက်ရဲမှရမှာဖြစ်သလို တိုက်နည်းမှန်ဘို့လဲလိုပါတယ် ၊ အန်တီ့အနေနဲ့ ကိုယ်ကျိုးစွန့်ပေးဆပ်ပြီး ပြည်သူလူထုနဲ့ဒီမိုကရေစီ အင်အားစုတွေရှေ့ကနေ ရဲရဲဝံ့ဝံ့ရပ်ခံဦးဆောင်မယ်ဆိုတာယုံကြည်ပေမဲ့ စစ်အုပ်စုကိုရင်ဆိုင်ရေးနည်းလမ်းတွေမှာ ကွဲပြားနေမှာ ဖြစ်တဲ့အလျောက် ကိုယ့်အမြင်နဲ့ကိုယ် ၊ ကိုယ်ယုံကြည်ရာနည်းနာတွေနဲ့ တိုက်ပွဲဝင်ရေးလုပ်ငန်းစဉ်တွေကို အရှိန်အဟုန်မြှင့်ကြ ဘို့လဲ အကြံပြုနှိုးစော်ချင်ပါတယ် ။

အပ်ကြောင်းထပ်နေပြီဖြစ်တဲ့ နှိုးစော်မှုတခုကိုထပ်ပြောပါရစေ ၊ စစ်အုပ်စုက ကျွန်တော်တို့ဒီမိုက်ရေစီအင်အားစုတွေ ၊ ပြည်သူ တွေရဲ့ ရန်သူပါ ၊ အတိုက်အခံမဟုတ်ပါဘူး ၊ ဇရိုက်ဆိုးလုပ်ရပ်ဆိုးတွေနဲ့စစ်အုပ်စုကို ဂန္ဒီကြီးလမ်းစဉ်နဲ့တော့မရတော့ပါဘူးလို့ ရန်သူလို့ပြတ်ပြတ်သားသားသဘောထားပြီး “ရရာလက်နက်ဆွဲကိုင်တိုက်ပွဲဝင်ကြ ၊ လက်နက်ကိုင်တော်လှန်ရေးကိုဝန်းရံကြ” လို့ ကြွေးကြော်ကြရမဲ့အချိန်မှာ အန်တီစုကိုလွှတ်ပေးပြီး လမ်းကြောင်းပြောင်းအာရုံလွှဲလုပ်တဲ့ စစ်အုပ်စုရဲ့ကစားကွက်ကို သိမြင် ပြီး လူထုအုံကြွမှုနဲ့ လက်နက်ကိုင်တိုက်ပွဲပေါင်းစည်းရေးနည်းလမ်းတွေနဲ့ စစ်အာဏာရှင်စနစ်ပျက်စီးတဲ့အထိ တိုက်ပွဲဝင်ကြပါစို့။

လူမှုရေးလုပ်ငန်းတွေနဲ့ NLDပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေမှာတင်ရပ်မနေပဲ

မတရားတဲ့အမိန့်အာဏာမှန်သမျှ တာဝန်အရဖီဆန်ကြဆိုတဲ့ဆောင်ပုဒ်ကိုကိုင်ဆွဲတိုက်ပွဲဝင်နေမဲ့

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယုံကြည်လျက်

တော်လှန်ရေးသစ္စာခိုင်မာမှုဖြင့်

**မောင်ချင့်ချိန်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)