ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, November 16, 2010

ရနောင်းယာယီပတ်စပို့ လုပ်ငန်းခွင်တွင်စိတ်ညစ်ရကြောင်းမြန်မာအလုပ်သမားများပြောဆို

> နိုဝင်ဘာ ၁၆
ထိုင်းမြန်မာနယ်စပ် ရနောင်းတွင်ဖွှုင့်လှစ်ထားသော ယာယီပတ်စပို့ လုပ်ငန်းခွင်အတွင်း အထူး စိတ်ညစ် စရာများရှိကြောင်း မြန်မာအလုပ်သမားများကပြောသည်။ ရနောင်စခန်းတွင်၊ ယခင်မြ၀တီ၊ မဲဆောက် တံတားဖွင့်စဉ်တုန်းက တစ်နေ့ ကို လူပေါင်း၁၅၀၀ ၀န်းကျင်ခန့် သာလုပ်ကိုင်ပြီးစီးခဲ့သော်လည်း၊ ယခု နိုဝင်ဘာလဆန်း၆ ရက်နေ့ တစ်နေ့ တည်းတွင်ရနောင်စခန်း၌ လူပေါင်း ၃၀၄၄ဦးလုပ်ကိုင်ပြီးစီးခဲ့သည်။ ယာယီပတ်စပို့ လုပ်ငန်းခွင်အတွေ့ အကြုံအား အဆိုပါနေ့ ရက်ကသွားရောက်လုပ်ကိုင်ခဲ့သူ ထိုင်းနိုင်ငံတောင်ပိုင်းဖန်င အခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖေါင်ဒေးရှင်းမှ ပညာရေးတာဝန်ခံ ဦးမင်းသိန်း ကျော်ကပြောပြသည်။“ရနောင်စခန်းမှာမြန်မာဘက်က၊အထူးရဲSPနှင့်လူဝင်မှုကြီးကြပ်ရေး၊စါရေးအားလုံး
၁၈ဦးလောက်ပဲရှိတယ်။လာလုပ်တဲ့အလုပ်သမားနဲ့ ရုံးဝန်ထမ်းက ဘယ်လိုမှ မမျှဘူး။တစ်ယောက်ချင်းစီးကို စစ်ဆေးပြီးမှလုပ်ရတာဖြစ်လေတော့ တစ်နေကုန်တစ်နေခန်း မတ်တပ်ရပ်ပြီးတန်းစီစောင့်ရတာ၊စိတ်ညစ်ဖို့ုအကောင်းဆုံးကတော့၊အစိုးရ၀န်ထမ်းတော့ဟုတ်ဟန်မတူဘူး၊ နေ့ စားတွေနဲ့ တူပါတယ်။ အော်တာတွေ၊ ငေါက်တာတွေ တူအရွယ်၊သားအရွယ် လောက်ပါပဲ၊တော်တော်ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတာကို တော့ခံ ရခက်တယ်ဗျ” ဟုပြောသည်။မှတ်ပုံတင်ပျောက်ဆုံးသူများရော၊မှတ်ပုံတင်မရှိသူများအပါအ၀င် မြန်မာ နိုင်ငံတွင်နိုင်ငံသားအဖြစ်အသိမှတ်ပြုခြင်းမခံရသော ကုလား လူမျိုးများကိုပင်လျှင်လုပ်ပေးနေသဖြင့် ၀မ်းသာဖွယ်ရာရှိကြောင်းပြောပြသည်။အလားတူ ရွေ့ပြောင်းအလုပ်သမားများဖွံ့ဖြိုး ရေးဌာနမှ၊ မမိစိန်း ကလည်း ယာယီပတ်စပို့ လုပ်ငန်းနှင့်ပါတ် သက်ပြီးသူ့ ခံစားချက်ကိုပြောပြသည်။“ဒီယာယီပတ်စပို့ အ
လုပ်က ငွေကုန်ကြေးကျများလွန်းတယ်။ပြီးတော့ ကျမတို့ ရဲ့ ပြည်တွင်း/ပြည်ပနေရပ်တွေကိုသိရှိ သွားပြီးဖြစ်တဲ့အတွက် အာဏာပိုင်တွေအချိန်မရွေးဖမ်းဆီးပြန်ပို့နိုင်တယ်လို့ ခံစားမိတယ်။နောက်တစ်ခု
က ဘတ်တစ်သောင်းကျော်အနည်းဆုံးကုန်ကျတာကြောင့် နေရပ်ရင်းမှာရှိတဲ့ သားသမီးနဲ့ မိဘ
တွေကို ပိတ်ဆံပြန်မပို့ နိုင်တော့ဘူ၊ပြီးတော့ Workparmit လုပ်ခအတွက်လည်းကုန်အုံးမယ်၊ဆိုတော့ ကျမတို့ တစ်နှစ်စာလုပ်အားခတွေကုန်သွားပြီ၊၃လတစ်ကြိမ် လ၀က ရုံးကိုသွားပြီးတော့တုံးထုရအုံးမယ် ဆိုတော့ အလုပ်သမားတွေနဲ့ မတန်မရာအလုပ်လို့ ကျမမြင်တယ်ရှုင့်”ဟုပြောသည်။
ရနောင် ယာယီပတ်စပို့ လုပ်ငန်းခွင်အတွင်း လူထောင်ချီ လုပ်ကိုင်နေသော်လည်း လူအများအား တန်းစီခိုင်း
သည့်အခါဖြစ်စေ၊ ဓါတ်ပုံရိုက်ရန် ခေါ်သည့်အခါတွင်ဖြစ်စေမကြားမိပါက အော်ဟစ်ဆဲဆိုခြင်းခံရကြောင်း၊
လူ့ အခွင့်အရေးသင်တန်းများနှင့် ထိစပ်လုပ်ကိုင်နေရသော မိမိတို့ အနေဖြင့် အထူးခံရခက်ကြောင်း မမိစိန်က
ပြောပြသည်။ထို့ အပြင် အချို့ မှာ ညဥ့် ၁၂နာရီမှ စတင်၍ တန်းစီထားသော်လည်း နောက်ကျမှ ရောက်လာ သည့် ကုမ္ပဏီအချို့ တို့ ကို မျက်စိမှိန်လျှာထုတ်ဖြင့် စီနီယာ ကျော်တက်ခြင်းများလည်းရှိသည်။အချို့ ပွဲစားများ မှာရောကလျှင်ရောက်ခြင်း အထက်ပါ နေ့ စားရုံးအလုပ်သမားများနှင့်နှစ်ကိုယ်ကြား လုပ်သွားလေ့ရှိကြသည်။ လူအရေးအတွက်အမြောက်အများတို့ အား အော်ဟစ်ရန်စပီကာငယ်များ ဆောင်ထား သင့်ကြောင်း အလုပ် သမားများကပြောသည်။တူသားအရွယ်၊တပည့်အရွယ်များက ယခုကဲ့ သို့ အော်ဟစ်ကြိမ်း မောင်းခံရခြင်း ကိုလည်းပတ်စပို့ မျက်နှာဖြင့် သည်းညည်းခံရခြင်းဖြစ်ကြောင်းအလုပ်သမားများကပြောသည်။
ထိုင်းနှင့်မြန်မာအစိုးရတို့ နှစ်နိုင်ငံချစ်ကြည်ရေးသဘောတူညီချက်အရလုပ်ကိုင်အကောင်အထည်
ဖေါ်နေသော ယာယီစပို့ လုပ်ငန်းမှာ တစ်နှစ်တာကာလအတွင် မြန်မာအလုပ်သမား နှစ်သိန်းဝန်းကျင်သာ
လုပ်ကိုင်ပြီးစီးသေးသည်။ ထိုင်းနိုင်ငံအတွင်းရွေ့ ပြောင်းအလုပ်သမား၃သန်းဝန်းကျင်ခန့် ရှိကြောင်း နိုင်ငံ တကာအဖွဲ့ အစည်းများကခန့် မှန်းထားကြသည်။နှစ်နိုင်ငံအစိုးရတို့ ချမှတ်ချက်အရ မြန်မာအလုပ်သမား များမှာ မဖြစ်မနေလုပ်ကိုင်နေကြရသဖြင့် ဘတ်ငွေသောင်းချီကုန်ကျနေသည်။ သို့ ရာတွင် ထိုင်းရဲများ၊ ထိုင်းလုပ်ငန်းရှင်များက ယခင်ဥပဒေများအတိုင်း /ယခင်အမူအကျင့်များအတိုင်း တရားဝင်ယာယီပတ်စပို့ ကိုင်ဆောင်ထားသောအလုပ်သမားများကိုအနိုင်ကျင့်မြဲဖြစ်သည်။ယာယီပတ်စပို့ ကိုင်ဆောင်ထားသော အလုပ်သမားဖြစ်သော်လည်း၊အလုပ်သမားများထံတွင်ပါလာသော ဖုန်း နှုင့်ငွေများကိုလုယက် ယူငင် ဆဲဖြစ်သည်။ ယခုအခါ ထိုင်းအစိုးရက လာမည့်ဒီဇင်ဘာလမှစတင်၍ ယာယီပတ်စပို့ လုပ်ထားသော အလုပ်သမာများထံမှ တိုင်းပြည်ပြန်ပို့ စရိတ်ဟု အကြောင်းပြလျှက် တစ်လကို ဘတ်ငွေ ၄၀၀နုန်းဖြင့် ၆လတိုင်တိုင် ဖြတ်တောက်မည်ဖြစ်ကြောင်း ကြေညာ ထားပြီးဖြစ်သည်။
အလုပ်သမားအခွင့်အရေးဆိုင်ရာများကို လုပ်ကိုင်ကြသောအဖွဲ့ အစည်းပေါင်းစုံတို့ က ကန့် ကွက်ခဲ့ကြသော်
လည်း ထိုင်းအစိုးရက အဆိုပါ ၄၀၀ ဘတ်စီ ၆လ ဖြတ်တောက်မည့် ပြန်လည်ပို့ ဆောင်ရေးစရိတ် ဥပဒေကို
ပြီးခဲ့သည့်လက၊တရားဝင်ပြဌာန်းကြေညာခဲ့သည်။
ယာယီပတ်စပို့ သည် မြန်မာအလုပ်သမားများအတွက် လောလောဆယ်တွင်အကျိုးကျေးဇူးခံစားရခြင်းမရှိပဲ
တစ်ခုပြီးတစ်ခု အကြပ်ရိုက်လာသည်။ ယာယီပတ်စပို့ လုပ်ငန်းစဉ်ကြောင့် ထိုင်းအစိုးနှင့် ထိုင်းပွဲစားကုမ္ပဏီတို့ အကြီးအကျယ်အမြတ်အစွန်းရရှိကြသော်လည်း ယာယီပတ်စပို့ လုပ်ထားသော အလုပ်သမားများအတွက်
ဥပဒေဘောင်အတွင်းမှာ အကာအကွယ်၊အခွင့်အလမ်းများလုံးဝကင်းမဲ့နေသဖြင့် ယာယီပတ်စပို့ လုပ်ငန်းအပေါ်ရွေ့ ပြောင်းမြန်မာအလုပ်သမားများပို၍သံသယရှိလာကြကြောင်းသိရှိရသည်။

သတင်း .. ဦးကျော်သောင်း (ဘန်ကောက်)
Rest of your post

နိုဝင်ဘာ ၁၆

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)