(လန်ဒန်၊ ဒီဇင်ဘာလ ၈-ရက်)
ဝီကီလိခ်အင်တာနက် ၀က်ဘ်ဆိုက်တည်ထောင်သူ ဂျူလီယန်အက်ဆန်အား အာမခံဖြင့် လွှတ်ပေးရန်လျှောက်လဲချက်ကို လန်ဒန်မြို့တရားရုံးက ဒီဇင်ဘာလ ၈ ရက်နေ့တွင် ပယ်ချလိုက်သည်။ ၀ီကီလ်ခ်အင်တာနက်ဝက်ဘ်ဆိုက်မှ ထောင်ပေါင်းများစွာသော သံတမန်ရေးရာကိစ္စများကို ဖွင့်ချခဲ့မှုအပေါ် ၀ီကီလိခ်အင်တာနက်ဝက်ဘ်ဆိုက်တည်ထောင်သူ ဂျူလီယန်အက်ဆန်တွင် အပြစ်မရှိကြောင်း အမေရိကန်နိုင်ငံ၏ အပြစ်သာဖြစ်ကြောင်း သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ကီဗင်ရုဒ်က ပြောကြားလိုက်သည်။ (အင်တာနက်)
** လုံခြုံရေးကုမ္ပဏီပိတ်မည့် အစီအစဉ် အာဖဂန် အစိုးရဖျက်သိမ်း **
(ကဘူးလ်၊ ဒီဇင်ဘာလ ၈ ရက်)
အာဖဂန်နစ္စတန်နိုင်ငံ၌ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများပိတ်ပင်ရန် ဆုံးဖြတ်ချက်အပေါ် အနောက်အုပ်စုသံတမန်များနှင့် စစ်ဘက်ကစိုးရိမ်သည့်အတွက် အာဖဂန်နစ္စတန်အစိုးရက အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း ဒီဇင်ဘာလ ၇ ရက်နေ့က ပြောကြားသည်။ (အင်တာနက်)
** ချီလီမြို့တော် ၌ ထောင်မီးလောင် အကျဉ်းသား ၈၁ ဦးသေဆုံး **
(ဆန်တီယာဂို၊ ဒီဇင်ဘာလ ၈ ရက်)
ချီလီနိုင်ငံမြို့တော် ဆန်တီယာဂိုရှိ အကျဉ်းထောင်၌ ဒီဇင်ဘာလ ၈ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး အကျဉ်းသား ၈၁ ဦးသေဆုံးသွားကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ (အင်တာနက်)
** ပီရူးကမ်းလွန်၌ တရုတ်ငါးဖမ်းသင်္ဘော နစ်မြုပ် **
(လီမာ၊ ဒီဇင်ဘာလ ၈ ရက်)
ပီရူးနိုင်ငံအနောက်ပိုင်း ကာလာအိုကမ်းလွန်တွင် ဒီဇင်ဘာလ ၈ ရက်နေ့က တရုတ်ငါးဖမ်းသင်္ဘောတစ်စင်း နစ်မြုပ်ခဲ့ရာ ငါးဖမ်းလုပ်သားလေးဦး ပျောက်ဆုံးလျက်ရှိကြောင်း သတင်းထုတ်ပြန်သည်။ တရုတ်ငါးဖမ်းသင်္ဘောမှ ငါးဖမ်းလုပ်သား ၁၉ ဦးအား ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။ ပီရူးသားတစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ပီရူးကမ်းခြေစောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရေယာဉ်များဖြင့် ပျောက်ဆုံးနေသူများကို ရှာဖွေလျက်ရှိသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- ဇော်ဦးခိုင် **
** ၀ီကီလိခ် ထူထောင်သူ လွှတ်ပေးရေး လန်ဒန်တရားရုံးက ပယ်ချ **

No comments:
Post a Comment