**တစ်ခါသုံးပလတ်စတစ်အကြည်ဘူးများကို အကြိမ်ကြိမ် အသုံးမပြုသင့်**
“တစ်ခါသုံးဆိုတော့ တစ်ခါသုံးပြီးလွင့်ပစ်ရမယ်။ ပုလင်းတွေထပ်ခါထပ်ခါ မသုံးရဘူး။ အဲဒီပုလင်းတွေမှာ ကင်ဆာင်ဖြစ်စေတဲ့ ဓာတ်တွေနဲ့ သုံးထားတယ်။ နောက်ပြီး နေရောင်ခြည်အောက် ပူတဲ့နေရာတွေမှာ မထားသင့်ဘူး။ အပူချိန် ၂၀၀ ဒီဂရီကျော်ရင် ကင်ဆာဖြစ်စေတဲ့ ကာဆီနိုဂျင်တွေ ထွက်လာတယ်”
ပိုလီအီဘလင်း တာရီသဲလိတ်ခေါ် PET ဓာတုပစ္စည်းနှင့် ပြုလုပ်ထားသော တစ်ခါသုံး ပလတ်စတစ် အကြည်ဘူးများတွင် ကင်ဆာရောဂါ ဖြစ်စေသော ဒြပ်စင် (DEHA) (Diethy-Hydroxy-Lamine) ပါဝင်သောကြောင့် ထပ်ခါထပ်ခါ ပြန်လည် အသုံးမပြုသင့်ကြောင်း လုပ်ငန်းခွင် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ပြောသည်။ “တစ်ခါသုံးဆိုတော့ တစ်ခါသုံးပြီးလွင့်ပစ်ရမယ်။ ပုလင်းတွေထပ်ခါထပ်ခါ မသုံးရဘူး။ အဲဒီပုလင်းတွေမှာ ကင်ဆာင်ဖြစ်စေတဲ့ ဓာတ်တွေနဲ့ သုံးထားတယ်။ နောက်ပြီး နေရောင်ခြည်အောက် ပူတဲ့နေရာတွေမှာ မထားသင့်ဘူး။ အပူချိန် ၂၀၀ ဒီဂရီကျော်ရင် ကင်ဆာဖြစ်စေတဲ့ ကာဆီနိုဂျင်တွေ ထွက်လာတယ်”ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။
ယခုလက်ရှိတွင် မြန်မာနိုင်ငံ၌ ယင်းပလတ်စတစ် အကြည်ဘူးများဖြင့် ရေသိုလှောင်ထားခြင်းများနှင့် သယ်ဆောင်ရ လွယ်ကူသောကြောင့် ရေနေွးသယ်ယူခြင်းများ စသည်တို့ဖြင့် အသုံးပြုနေကြသည်ကို တွေ့ရသည်။ အဆိုပါ ပလတ်စတစ်ဘူးများကို ထပ်ခါထပ်ခါ ဆေးကြော၍ အသုံးပြုသော်လည်း တစ်ခါသုံး ပလတ်စတစ်ဘူးများ၏ အဝပေါက်မှတဆင့် ပလတ်စတစ်ပြိုကွဲပြီး ကင်ဆာရောဂါဖြစ်စေသော ကာဆီနိုဂျင်ဓာတ်များ ရေအတွင်းသို့ စိမ့်ဝင်လာနိုင်သည်။ ယင်း ပလတ်စတစ် အကြည်ဘူးများကို ပြုလုပ်ရာတွင် ကင်ဆာဖြစ်စေသော ဓာတ်တစ်မျိုး ပါဝင်သော်လည်း ယင်းအဆိပ်သင့်၍ ကင်ဆာရောဂါဖြစ်ပွားသော လူတစ်ဦးတစ်ယောက်မျှ မြန်မာနိုင်ငံတွင် မတွေ့ရှိရသေးကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။ ယင်းပလတ်စတစ် အကြည်ဘူးများကို ကုမ္ပဏီများသည် အဟောင်းဆိုင်များမှ ပြန်လည်ဝယ်ယူပြီး အဟောင်းဈေးကွက်တွင် ပလတ်စတစ် အကြည်တစ်ဘူးလျှင် ၁၅ ကျပ်ပေါက်ဈေးရှိသည်။
Credit: အိဖြူမွန် (7Day News Journal)
**Public Health**

No comments:
Post a Comment