(ဂွါတီမာလာ၊ ဒီဇင်ဘာလ ၁၀ ရက်)
မက္ကဆီကိုနယ်စပ်အနီးရှိ ဂွါတီမာလာအကျဉ်းထောင်တစ်ခုကို လက်နက်ကိုင်များ ၀င်ရောက်တိုက်ခိုက်ပြီး လူသတ်မှုဖြင့် အကျဉ်းကျတရားခံတစ်ဦးအား ထုတ်ယူသွားခဲ့ကြောင်း အင်တာနက်သတင်းတွင် ဒီဇင်ဘာလ ၈ ရက်နေ့က ဖော်ပြသည်။ မဲလ်လာကာတန်မြို့အတွင်းရှိ အကျဉ်းထောင်ကို အင်အား ၂၀ ခန့်ရှိသည့် တိုက်ခိုက်ရေးသမားများက ပြောင်းရှည်ရိုင်ဖယ်များ၊ လောင်ချာဒုံးလက်နက်များ သုံးကာ တိုက်ခိုက်ခဲ့သည်။ ဂွါတီမာလာစစ်တပ်နှင့် ရဲတပ်ဖွဲ့ယာဉ်တန်းများ လိုက်လံဖမ်းဆီးသည့်ကြားမှ လွတ်မြောက်သွားခဲ့ကြောင်း တိုက်ပွဲဖြစ်ပြီးနောက် ရဲအရာရှိတစ်ဦးနှင့် လမ်းသွားလမ်းလာတစ်ဦး သေဆုံးခဲ့ကြောင်း ရဲဝန်ထမ်းတစ်ဦးက ပြောကြားသည်။ (အင်တာနက်)
** မက္ကဆီကို၌ သေနတ်သမားများပစ်ခတ်၊ ငါးဦးသေဆုံး မူးယစ်မှောင်ခိုဂိုဏ်းများအား ရဲတပ်ဖွဲ့ဝင်များ လိုက်လံချေမှုန်း **
(မက္ကဆီကိုစီးတီး၊ ဒီဇင်ဘာလ ၁၀-ရက်)
မက္ကဆီကိုနိုင်ငံ မီချိုကန်ပြည်နယ် အပက်ဇီဂန်မြို့၌ သေနတ်သမားများက ရဲတပ်ဖွဲ့ဝင်များကို စတင်ပစ်ခတ်ပြီးနောက် ဒီဇင်ဘာလ ၉ ရက်နေ့ညက တိုက်ပွဲဖြစ်ပွားရာ အနည်းဆုံး ငါးဦးသေဆုံးခဲ့သည်။ သေနတ်သမားများသည် အရပ်သားများစီးနင်းလိုက်ပါသည့် ကားများကိုလည်း သေနတ်ဖြင့် ပစ်သည့်အပြင် လမ်းပိတ်ဆို့ရန်မော်တော်ကားများကို မီးရှို့ကြသည်။ မက္ကဆီကိုနိုင်ငံတွင် လမ်းပိတ်ဆို့မှုကို မူးယစ်ဆေးဝါးမှောင်ခိုသမားများ လုပ်လေ့လုပ်ထရှိကြောင်း သိရသည်။ (အင်တာနက်)
** ကမ္ဘာ့တတိယအမြင့်ဆုံး မိုးပျံအဆောက်အအုံ တရုတ်နိုင်ငံ ၀ူဟန်မြို့၌ တည်ဆောက် **
(၀ူဟန်၊ ဒီဇင်ဘာလ ၁၀ ရက်)
တရုတ်နိုင်ငံ ဟူဘေးပြည်နယ် ၀ူဟန်မြို့တွင် ကမ္ဘာ့တတိယမြောက် အမြင့်ဆုံး အဆောက်အအုံတစ်ခုကို စတင်တည်ဆောက်နေပြီဖြစ်ကြောင်း တရုတ်အရာရှိများက ဒီဇင်ဘာလ ၉ ရက်နေ့၌ ပြောကြားသည်။ ၄င်းမိုးပျံအဆောက်အအုံမှာ အမြင့်ပေ ၆၀၆ မီတာရှိပြီး ရှုန်ဟိုင်း ဂရင်းလန်းအုပ်စုက တည်ဆောက်ခြင်းဖြစ်ရာ ကုန်ကျငွေ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံ ခန့် ရင်းနှီးမြှုပ်နှံတည်ဆောက်သွားမည်ဖြစ်သည်။ (အင်တာနက်)
** မက္ကဆီကိုရဲတပ်ဖွဲ့ ရဟတ်ယာဉ် ပျက်ကျ **
(မက္ကဆီကိုစီးတီး၊ ဒီဇင်ဘာလ ၁၀ ရက်)
မက္ကဆီကိုနိုင်ငံ ဗီရာခရုဇ်ပြည်နယ်အရှေ့ပိုင်းတွင် ဒီဇင်ဘာလ ၉ ရက်နေ့က ရဲတပ်ဖွဲ့ရဟတ်ယာဉ် တစ်စင်းပျက်ကျခဲ့ရာ ရဟတ်ယာဉ်ပေါ်လိုက်ပါလာသူ ခုနစ်ဦးသေဆုံးပြီး အခြားသူများလည်း ဒဏ်ရာရရှိခဲ့ကြောင်း မက္ကဆီကိုရဲတပ်ဖွဲ့က ပြောကြားသည်။ (အင်တာနက်)
** အမေရိကငှက်များ အမည်ရှိ စာအုပ် ကမ္ဘာ့ဈေးအမြင့်ဆုံး ဈေးနှုန်းဖြင့် ၀ယ်ယူ **
(လန်ဒန်၊ ဒီဇင်ဘာလ ၁၀ ရက်)
ဂျွန်ဂျိမ်းစ် အော်ဒူဘွန်ရေးသားသည့် အမေရိကငှက်များအမည်ရှိ ရှားပါးစာအုပ်ကို ဒီဇင်ဘာလ ၈ ရက်နေ့က လန်ဒန်မြို့ ဆိုသည့်ဘိုင် လေလံတင်ရောင်းချရေးရုံး၌ ပေါင်ခုနစ်သန်းကျော်ဖြင့် ရောင်းချခဲ့ရသဖြင့် ကမ္ဘာ့အမြင့်ဆုံးဈေးနှုန်းဖြင့် ရောင်းချခဲ့ရခြင်းအဖြစ် စံချိန်တင်ခဲ့ကြောင်း လေလံရောင်းချရေးအဖွဲ့က ပြောကြားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- အာကာကျော် **
** ဂွါတီမာလာအကျဉ်းထောင် စီးနင်းခံရ၊ လူသတ်တရားခံအား ခေါ်ထုတ် **

No comments:
Post a Comment