.........................................................................
သြော်…. မပြောချင်ပေမယ့် ပြောရအုံးမှာက ကျနော်တို့ ထိုင်း-မြန်မာနယ်စပ်၊ ဖုတ်ဖရမြို့နယ် ၁-ကီလိုမီတာနဲ့ ၂-ကီလိုမီတာကျေးရွာတွေဘက်မှာ အိမ်ရှင်မုံ(ခေါ်)မျှော့လူမျိုးတွေပိုင်တဲ့ ကြက် တွေကို ခိုးယူနေတဲ့ မြန်မာပြည်သားသူခိုးတွေအကြောင်းပါ။ အဲဒီလို ကြက်ခိုးတာတွေဟာ အဲဒီကျေးရွာတွေမှာ များများလာလာတော့ကာ ဖုတ်ဖရမြို့နယ် စအိုတိုက်နယ်က နယ်မြေခံရဲတပ်ဖွဲ့က တာဝန်ရှိသူတွေကရော၊ ရွာလူကြီးတွေကပါ ဦးအောင်ခိုင် ကို ခေါ်ကြတော့တာပေါ့။ ကြက်မခိုးကြနဲ့၊ ကြက်ခိုးတာ မိလို့ရှိရင် အသက်ရှင်ပြီး မနေရဘူး ဘာဘာညာညာနဲ့ ခြောက်ရ၊ လှန့်ရတော့တာပေါ့။
ဟော…. တကယ်မိတော့လည်း နယ်မြေခံရဲကရော၊ ရွာလူကြီးကရော သတ်မပစ်ကြပါဘူး။ ရိုက်နှက်ဆုံးမပြီး ပြန်လွှတ်ပေးလိုက်တာပါဘဲ။
ဒီလိုနဲ့ ရက်စ်နိုး၊ ရက်စ်နိုး နဲ့ ကြက်သူခိုးဖြစ်တာထက် ဆိုးရွားစွာ ကြက်ခိုးကြသူတွေဟာ အဲဒီကျေးရွာတွေဆီကနေ အခြား၊ အခြားကျေးရွာတွေဘက်ကို တောမီးပမာ ပျံ့နှံ့သွားပါရောလား။ (အောင်းမြတ်လေးဗျာ) ကြက်ခိုးရင် အရိုက်အနှက်ခံရပြီး၊ မိမိမျက်နှာ တစ်ခုလုံး ကွမ်းစားသွားမှာ မကြောက်ဘူးလား မသိ။
သူများပစ္စည်းခိုးတာကို ကြောက်ကြပါ။ ရှက်ကြပါ၊ အမျိုးသားဂုဏ်သိက္ခာ တစ်ခုလုံးကို စော်ကားပြီး ပတ်တုပ်ခံရမယ်။ ဖားမား သူခိုး ဆိုတဲ့ စွပ်စွဲချက်၊ ဆဲဆိုချက်တွေကနေ ကျနော်လည်း လွတ်မြောက်ချင်လှပါပြီခင်ဗျာ။ ။
** လင်းရောင်ခြည်- အောင်ခိုင် **

No comments:
Post a Comment