ရင်နာစရာ ဘ၀င်နာစရာတွေရော
ရောပြွမ်းနေတဲ့ မနုဿစခန်းမှာ
ဒုက္ခတွေထမ်းပြီး
တလှမ်းပြီး တလှမ်း
မမြင်မကန်းနဲ့ ပင်ပန်းကြီးစွာ
လျှောက်လာခဲ့။
ကျောခွနေတဲ့
သောက၀န်ထုပ်ကလဲ လေးလှချည့်။
**သံသရာ ဘ၀စက်ဝန်းထဲမှာ
နာမ်ခန္ဓာ နှစ်ဝလက်တွန်းလှည်းနဲ့
ဒရွက်ဆွဲ သွားလာ
သနားစရာ အများသတ္တ၀ါပါ။
**ထန်းရွက်ယပ်နဲ့ တဖျတ်ဖျတ်
ခပ်ပေးလိုက်ချင်ပါသေးရဲ့။
**ဒီ ချင်ခြင်းတွေကလဲ
ရင်တွင်းမှာ ဖိတ်လျှံ
စိတ်သန်တဲ့နှလုံးနဲ့
တောင်ကုန်းအတက် ရောက်တော့မယ်။
**တောင်ကုန်းအကျော်
မောင်ဖုန်း တမျှော်မျှော်နဲ့
ပြည်တော်ကို ရောက်လုနိုးနဲ့
တမိုး သစ်ခဲ့ရပြီကောကွယ်။
**သောကအထုပ်က တဖက်
မောဟအရှုပ်က တဖက်နဲ့
မျှောင်လင့်ချက် အထုပ်သစ်နဲ့
အလုပ်ဖြစ်အောင်
ခရီးဆက်ပြီး
ကိုယ့်အသက်ကိုရှည်အောင်မွေးရင်း
အရေးတော်ပုံ နွှဲဦးမယ်။ ။
** တင်မိုး **
(ကဗျာပေါင်းချုပ်၊ ၂ ဒီဇင်ဘာလ ၁၉၉၉၊ ကြာသပတေးနေ့ နံနက်ခင်း)
**အကြင်နာတွေရော
ရင်နာစရာ ဘ၀င်နာစရာတွေရော
ရောပြွမ်းနေတဲ့ မနုဿစခန်းမှာ
ဒုက္ခတွေထမ်းပြီး
တလှမ်းပြီး တလှမ်း
မမြင်မကန်းနဲ့ ပင်ပန်းကြီးစွာ
လျှောက်လာခဲ့။
ကျောခွနေတဲ့
သောက၀န်ထုပ်ကလဲ လေးလှချည့်။
**သံသရာ ဘ၀စက်ဝန်းထဲမှာ
နာမ်ခန္ဓာ နှစ်ဝလက်တွန်းလှည်းနဲ့
ဒရွက်ဆွဲ သွားလာ
သနားစရာ အများသတ္တ၀ါပါ။
**ထန်းရွက်ယပ်နဲ့ တဖျတ်ဖျတ်
ခပ်ပေးလိုက်ချင်ပါသေးရဲ့။
**ဒီ ချင်ခြင်းတွေကလဲ
ရင်တွင်းမှာ ဖိတ်လျှံ
စိတ်သန်တဲ့နှလုံးနဲ့
တောင်ကုန်းအတက် ရောက်တော့မယ်။
**တောင်ကုန်းအကျော်
မောင်ဖုန်း တမျှော်မျှော်နဲ့
ပြည်တော်ကို ရောက်လုနိုးနဲ့
တမိုး သစ်ခဲ့ရပြီကောကွယ်။
**သောကအထုပ်က တဖက်
မောဟအရှုပ်က တဖက်နဲ့
မျှောင်လင့်ချက် အထုပ်သစ်နဲ့
အလုပ်ဖြစ်အောင်
ခရီးဆက်ပြီး
ကိုယ့်အသက်ကိုရှည်အောင်မွေးရင်း
အရေးတော်ပုံ နွှဲဦးမယ်။ ။
** တင်မိုး **
(ကဗျာပေါင်းချုပ်၊ ၂ ဒီဇင်ဘာလ ၁၉၉၉၊ ကြာသပတေးနေ့ နံနက်ခင်း)
No comments:
Post a Comment