သေခါနီး သူဌေးတစ်ဦးသည်သေတမ်းစာများ ရေးသားရာတွင် ၀ိဇ္ဇာဟု နာမည်ရထားသော ရှေ့နေတစ်ယောက်ကို ခေါ်လိုက်သည်။ သို့သော် ရှေ့နေက အချက်အလက်အကုန်အစုံ မရေးချနိုင်ခင်တွင် သူဌေးကြီးသေဆုံးသွားသည်။ တရားပြိုင်များပေါ်ခဲ့လျှင် ဘုရားမှတ်မှတ် တရားမှတ်မှတ် အိမ်ဖော် အမျိုးသမီးက သူမ သူဌေးသည် သေတမ်းစာကို လက်မှတ်မထိုးနိုင်ခင် သေဆုံးသွားခဲ့သည်ဟု ထွက်ဆိုကောင်း ထွက်ဆိုမည်ဖြစ်သောကြောင့် ရှေ့နေသည် အခက်တွေ့သွားသည်။ အိမ်ဖော်မကြီး စိတ်ဖြောင့်စေရန်အတွက် ရှေ့နေသည် ယင်ကောင်အရှင်တစ်ကောင်ကို ဖမ်းယူ၍ သေဆုံးသူ၏ ပါးစပ်ထဲသို့ လျက်မြန်စွာ ထည့်လိုက်သည်။
ထို့နောက် အိမ်ဖော်မကြီးကို ကြည့်လျက် ရှေ့နေက ပြောလိုက်သည်။ `ခင်ဗျားကို သက်သေခုံပေါ်တင်ခဲ့ရင် သူ့ ခန္ဓာကိုယ်ထဲမှာ အသက်ရှိနေတုန်းမှာ သူ သေတမ်းစာကို လက်မှတ်ထိုးခဲ့တယ်ဆိုတာ မမေ့နဲ့´
** စိန်ငှက်ရိုး **
(ကြုံသမျှ ဘုံဘ၀ ဟာသများမှ)
**(ဟာဒယနှလုံး- တခဏပြုံး)**

No comments:
Post a Comment