ဟန်ရေးဝါရေး
ချိုထောင်ကာ သွေးနေသော်လဲ
အရေးကျရင် ရှာမရ။
**စာအုပ်ကြီးထဲက အသည်းအူနုတ်ပြီး
အမဲအူပြုတ်လို ပြုတ်သုတ်စားပေမယ့်
အ၀ါးကမညက်တော့ အစာမကြေ
လေနာထပြီး
သေရွာတောင် ကြွနိုင်သတဲ့။
**ကိုယ့်ကို ကျောသပ်တော့
အတောမသတ် ပီတိ။
**ကိုယ့်ကို ကျောချတော့
ဒေါသ လောင်မီး ကလိကလိ။
**ကိုယ်တည်းဟူသော ပေတံနဲ့
အခြေအနေ မှန်မမှန်တိုင်းတော့
အများအပေါ်မှာ ရိုင်းပေမယ့်
ရိုင်းမှန်း ကိုယ်မသိ။
**အများအပေါ် မသူတော်
ကိုယ့်ကိုတော့ ပူဇော်လို့
သြော်… တော်ပေစွလို့
မှ တ်ချက်ချလေ၏။
**ငါဂုဏ်မောက်သူတွေကို
ယုံလောက်အောင် ငါအစာကျွေးတော့
အတွေးလွဲ အရေးလွဲ
ခွေးဆွဲခံရတတ်ချေ၏။
**အများပေါ်မှာ ဘယ်လိုပြု
လူထုအပေါ်မှာ ဘယ်လိုဆက်ဆံဆိုတဲ့
လူထုပေတံနဲ့တိုင်း
နှိုင်းနှိုင်းချိန်ချိန် ပြန်လှန်ညှိမှ
အမှန်ကိုသိ
ဒါမှ လူထုပညာရှိ။ ။
** တင်မိုး **
(ကဗျာပေါင်းချုပ်မှ၊ ၅ ဒီဇင်ဘာလ ၁၉၉၉၊ တနင်္ဂနွေနေ့ နံနက်ခင်း)
**စာသံပေသံ ကျမ်းကိုးတွေအတန်တန်နဲ့
ဟန်ရေးဝါရေး
ချိုထောင်ကာ သွေးနေသော်လဲ
အရေးကျရင် ရှာမရ။
**စာအုပ်ကြီးထဲက အသည်းအူနုတ်ပြီး
အမဲအူပြုတ်လို ပြုတ်သုတ်စားပေမယ့်
အ၀ါးကမညက်တော့ အစာမကြေ
လေနာထပြီး
သေရွာတောင် ကြွနိုင်သတဲ့။
**ကိုယ့်ကို ကျောသပ်တော့
အတောမသတ် ပီတိ။
**ကိုယ့်ကို ကျောချတော့
ဒေါသ လောင်မီး ကလိကလိ။
**ကိုယ်တည်းဟူသော ပေတံနဲ့
အခြေအနေ မှန်မမှန်တိုင်းတော့
အများအပေါ်မှာ ရိုင်းပေမယ့်
ရိုင်းမှန်း ကိုယ်မသိ။
**အများအပေါ် မသူတော်
ကိုယ့်ကိုတော့ ပူဇော်လို့
သြော်… တော်ပေစွလို့
မှ တ်ချက်ချလေ၏။
**ငါဂုဏ်မောက်သူတွေကို
ယုံလောက်အောင် ငါအစာကျွေးတော့
အတွေးလွဲ အရေးလွဲ
ခွေးဆွဲခံရတတ်ချေ၏။
**အများပေါ်မှာ ဘယ်လိုပြု
လူထုအပေါ်မှာ ဘယ်လိုဆက်ဆံဆိုတဲ့
လူထုပေတံနဲ့တိုင်း
နှိုင်းနှိုင်းချိန်ချိန် ပြန်လှန်ညှိမှ
အမှန်ကိုသိ
ဒါမှ လူထုပညာရှိ။ ။
** တင်မိုး **
(ကဗျာပေါင်းချုပ်မှ၊ ၅ ဒီဇင်ဘာလ ၁၉၉၉၊ တနင်္ဂနွေနေ့ နံနက်ခင်း)
No comments:
Post a Comment