တချိန်က ဂန္တ၀င်ဘောလုံးသမားကြီးများဖြစ်ခဲ့ကြသော ဂျာမနီမှ အကျော်အမော် ဘက်ကင်ဘောင်ဝါနှင့် အင်္ဂလန်မှ အကျော်အမော် ဘော်ဘီချာလ်တန်တို့လမ်းတွင်တွေ့ဆုံကြလေရာ လတ်တလောအတွင်း လုပ်ဆောင်နေသည်များကို အပြန်အလှန်ပြောဆိုကြသည်။
ဘက်ကင်ဘောင်ဝါ။ ။ ဒါနဲ့ ဘောလုံးအသင်းကလည်း အနားယူလိုက်ပြီဆိုတော့ ခင်ဗျားဘာတွေလုပ်နေသလဲ။
ဘော်ဘီချာလ်တန်။ ။ ကျုပ်ကတော့ ကျုပ်တို့လိုအဘိုးကြီးတွေ စုပြီးသံပြိုင်ဆိုတဲ့အဖွဲ့တစ်ဖွဲ့ဖွဲ့ထားတယ်။ အရက်သောက်ကြတယ်။ ပျော်စရာကြီး။ ခင်ဗျားလည်း ကျုပ်တို့အဖွဲ့ထဲ ၀င်ပါလား။
ဘက်ကင်ဘောင်ဝါ။ ။ ကောင်းပါပြီ။ ဒါနဲ့ ခင်ဗျားတို့ ဘယ်အချိန်သံပြိုင်သီချင်းဆိုကြတာလဲ။
ဘော်ဘီချာလ်တန်။ ။ ဒါလား… အိမ်ပြန်ရောက်မှပေါ့။
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
**(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)**

No comments:
Post a Comment