.........................................................................
(ဒီဇင်ဘာ ၁၅၊၂၀၁၀)
ထိုင်းနိုင်ငံတောင်ပိုင်း ပညာရေးနှင့်ဖွံ့ ဖြိုးတိုးတက်ရေးဖေါင်ဒေးရှင်းမှ ကျမ္မာရေးတာဝန်ခံဦးအောင်ကြည်က
ယနေ့ ပိုလီယိုဆေးတိုက်ကျွေးမှုလုပ်ငန်းအစဉ်အတွင်း ရွေ့ပြောင်းနေထိုင်လုပ်ကိုင်နေရသည့်မြန်မာအလုပ်
သမားများ၏ ကလေးငယ်များဆေးတိုက်ကျွေးမှုအကြိမ်အရေအတွက် တိကျဖို့ အထူးခက်ခဲကြောင်း ပြောဆို လိုက် သည်။
ယနေ့ထိုင်းအစိုးရ ကျန်းမာရေးဝန်ကြီးဌာန၏ကျမ္မာရေးဆိုင်ရာလှုပ်ရှားမှုဖြစ်သော ၁၅နှစ်အောက်ကလေး
သူငယ်များကို ပိုလီယို (ခေါ်)အရိုးပျော့ရောဂါ ကာကွယ်ဆေး တိုက်ကျွေးရေး ပထမနေ့ ကို ထိုင်းနိုင်ငံအနှံ့အ
ပြားမှာကျင်းပကြသည်။လာမည့် ၁၉ရက် တနင်္ဂနွေနေ့ တွင် ဒုတိယအကြိမ်တိုက်ကျွေးမည်ဖြစ်သည်။
ဦးအောင်ကြည်က“ ကျနော်တို့ ထိုင်းတောင်ပိုင်းမှာ ကလေးတွေ ဒီနှစ်ဆေးတိုက်နေရင်း ရှာမရလိုက်တော့ဘူး
အခြားမြို့ ကိုဖြစ်ဖြစ် မြန်မာနိုင်ငံကိုပဲဖြစ်ဖြစ် ပြန်သွားတယ်၊ပြောင်းရွေ့ သွားကြတယ်။ နောက်တစ်နှစ်ကျတော့
နောက်တစ်နေရာမှာတွေ့ ပြန်တယ် ဒီကလေးတွေ ဘယ်တုန်းက ဘယ်ဆေးတိုက်ကျွေးထားတယ်ဆိုတဲ့ ဆေး
မှတ်တမ်း ကျနော်တို့ မရရှိနိုင်ဘူး၊ဒီကာကွယ်ဆေးဆိုတာလည်း အသက် ၅နှစ်အောက် မှ လေးကြိမ်ထက်မပို
တဲ့ဆေးတိုက်ကျွေးမှုရှိဖို့ လိုပါတယ်။ခုဟာက အတော့်ကို စဉ်းစားရခက်တဲ့ကိစ္စဖြစ်နေတယ်ဗျ” ဟုပြောသည်။
စာသင်ကျောင်း၅ကျောင်းမှ ကလေး၁၄၀ခန့် အားကာကွယ်ဆေးတိုက်ကျွေးနိုင်ခဲ့ကြောင်းဦးအောင်ကြည်က
ပြောပြသည်။
မြန်မာအလုပ်သမားပေါင်းလေးငါးထောင်ခန့်၊တစ်စုတစ်ဝေးတည်းနေထိုင်အလုပ်လုပ်ကိုင်ကြသည့်၊ဘန်ကောက်
မြို့ ၊ဘန်ဘော်နယ်မြေ၊ဘန်ခေါ်ထီယန်၁၄လမ်း၊ငါးသေတ္တာအလုပ်ရုံအနီး၌ဖွင့်လှစ်ထားသော USAID ကျမ္မာရေးစောင့်ေ၇ှာက်မှုပေးသောဆေးခန်းနှင့်ဖလန်ဆောင်နယ်မြေ ထင်ထလေရပ်ကွက်တွင် ပိုလီယို
ကာကွယ်ဆေးတိုက်ကျွေးခဲ့ကြ သည်။ကလေးမိခင်တစ်ဦးက အရိုးပျော့ရောဂါကို ကာကွယ်ပေးတယ်
လို့ သိရှိထားတယ်လို့ ပြောသလို ၁၉ ရက်သားကလေးမိခင်တစ်ဦးကတော့ မြန်မာနိုင်ငံ မှာရှိတဲ့
ကလေး ၄ယောက် ကို ဒီကာကွယ်ဆေးတွေတိုက်ကျွေးခဲ့တာကြောင့် ကျမ္မာသန်စွမ်းတယ်လို့ ဆိုသည်။
ဆေးခန်းက မြန်မာစေတနာ့ဝန်ထမ်းကတော့ ကလေးသူငယ်တွေ ကျမ္မာသန်းစွန်းပြီး အရိုးကိုခိုင်မာစေတယ်
၊ကလေးတွေအနာဂါတ်ကျမ္မာရေးအတွက်စိတ်ချရတယ် လို့ ပြောပြသည်။
အလားတူကာကွယ်ဆေးတိုက်ကျွေးမှုကို မဲဆောက်မြို့ တွင်လည်းပြုလုပ်သွားကြောင်းသိရှိရသည်။
သတင်း .. ဦးကျော်သောင်း (ဘန်ကောက်)

No comments:
Post a Comment