ချဲလ်ဆီးအသင်းမှ တယ်ရီနှင့်လမ်းပတ်တို့ မိန်းမမကောင်းကြောင်းပြောနေကြသည်။
လမ်းပတ်။ ။ မိန်းမတွေက အပြောင်းအလဲသိပ်မြန်တာကွ။ ငါ့မှာ အီလန်ရိဗ်ကိုချစ်လိုက်ရတာ။ တကယ်တော့ သူကငါ့ကို ကွာရှင်းချင်နေတာကွ။ ငါ့ဘက်ကကွာရှင်းချင်တာမဟုတ်ဘူး။
တယ်ရီ။ ။ အေး… ငါလည်း ဒီလိုပါပဲ။ လက်မထပ်ခင်တုန်းက ငါ့မိန်းမကို ဘယ်လောက်အထိချစ်သလဲဆိုရင် တစ်ခါတစ်လေ သူ့ကိုကိုက်စားချင်တဲ့ စိတ်တွေတောင်ပေါ်မိတယ်။
လမ်းပတ်။ ။ ဒါဆိုအခုရော။
တယ်ရီ။ ။ အခုလား… အခုတော့ အဲဒီတုန်းက မကိုက်စားမိလိုက်တာမှားလေခြင်းလို့ နောင်တအကြီးကြီးရမိတယ်လေ။
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
**(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)**

No comments:
Post a Comment