( သူငယ်ချင်းအားလုံး ဒါကို ဖတ်ပေးစေချင်ပါတယ်)
သူငယ်ချင်းရေ …
Online မှာ မင်းနဲ့ငါနဲ့ သူငယ်ချင်းဖြစ်ဖို့အတွက် …
မင်းဟာ Website တွေထဲမှာ လျှမ်းလျှမ်းတောက် ကျော်ကြားသူ ဖြစ်နေစရာ မလိုပါဘူးကွာ …
ငါခင်နေတာက … မင်းရဲ့ကျော်ကြားမှုမှ မဟုတ်တာ …

မင်းရဲ့ ရုပ်ရည်အသွင်အပြင်က … ဘာပဲဖြစ်ဖြစ် အရေးမကြီးပါဘူးကွာ …
မင်း ဓာတ်ပုံကို မမြင်ခင်ကတည်းက … ငါမင်းကို ခင်ခဲ့တာပါ …
အကယ်၍ မင်းရုပ်ကို မြင်ခဲ့ရရင်လဲ … ခင်တဲ့စိတ်က ပြောင်းလဲသွားမှာ မဟုတ်ပါဘူး …
ဘာကြောင့်လဲဆိုတော့ … ငါ နှစ်သက်နေတာက … မင်းရဲ့ အပေါ်ယံအလှမှ မဟုတ်တာကွာ …

မင်းဟာ … ဘယ်သူဘယ်ဝါ ဆိုတာ အရေးမကြီးပါဘူးကွာ …
ငါရဲ့ ခင်မင်ရင်းနှီးမှုဆိုတာ … ဒီအပေါ်လိုက်ပြီး … ကွဲပြားနေတာမှ မဟုတ်တာ …
---------------------------------------------------------------------------------------
သူငယ်ချင်းရေ …
ကုန်ကုန်ပြောရရင် … ငါမင်းကို ခင်နေရတာ … အကြောင်းရင်းတခုပဲရှိပါတယ်ကွာ …
အဲဒါက မင်းရဲ့ ဖြူစင်တဲ့ နှလုံးသားလေးကို မြတ်နိုးမိလို့ပါ …
မင်းဟာ … ငါ့အပေါ် နွေးထွေးတယ် … ဂရုစိုက်တယ် …
ငါ ကမ်းလှင့်လာတဲ့ … ငါ့ရဲ့ ခင်မင်ရင်းနှီးမှုတွေကို … မင်း ဥပေက္ခာ မပြုခဲ့ဘူး …
မင်းဟာ ငါ့ရဲ့ တိုင်ပင်ဖော် တိုင်ပင်ဖက် …
ပျော်ရွင်မှုတွေရော … ၀မ်းနည်းမှုတွေကိုပါ … တတန်းတည်း … ဝေမျှခံစားပေးတဲ့ သူ …
ပျော်စရာတွေဆိုရင် … အတူတူ လိုက်ပျော်ပေးတယ် …
ငါတို့ဘ၀ တိုးတက်ရေးအတွက် … ဆောင်ရွက်တဲ့အခါလဲ … မင်းဟာ မရှောင်ပြေးခဲ့ဘူး …
ဒီလို စိတ်ဓာတ်နဲ့ ဖြူစင်တဲ့ နှလုံးသားလေးကိုသာ … ငါကတန်ဖိုးထားမြတ်နိုးခဲ့တာပါ …
ရုပ်ရည်တွေ … အဆင့်အတန်းတွေ … ကိုးကွယ်ယုံကြည်မှုတွေ … ကျော်ကြားမှုတွေဟာ …
မင်းကို ခင်ရဖို့အတွက် သိပ်မလိုဘူးထင်ပါတယ် …
ငါလက်ခံထားတာကတော့ … ဒါကို စစ်မှန်တဲ့ သူငယ်ချင်း ခင်မင်ရင်းနှီးမှု လို့ ခေါ်တယ် ဆိုတာပါပဲ …
အဲလိုမျိုးလေး … မင်းကို ခင်သွားချင်တယ် …
လက်ခံရဲ့လား … သူငယ်ချင်းရာ …
◄sOelAy►

No comments:
Post a Comment