ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, January 14, 2011

14Jan,11// ဇန်န၀ါရီလအတွင်း နိုင်ငံတကာထူးခြားသတင်းများ…

>
** နိုင်ငံတော်သစ်ကို ကုလသမဂ္ဂ အသိအမှတ်ပြုရေး ပါလက်စတိုင်းတို့ ကြိုးပမ်းနေ **
(ရာမာလာ၊ ဇန်န၀ါရီလ ၁၀ ရက်)
လာမည့် စက်တင်ဘာလအတွင်း ပါလက်စတိုင်းနိုင်ငံတော်ကို ကုလသမဂ္ဂက အသိအမှတ်ပြုရေးအတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပါလက်စတိုင်းနိုင်ငံခြားရေးဝန်ကြီး ရီအက်ဒ်မယ်လ်ကီက ဇန်န၀ါရီလ ၉ ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)

** ဂျေ-၁၂ ကိုယ်ပျောက်တိုက်လေယာဉ် စမ်းသပ်ပျံသန်းမှုအား တရုတ်သမ္မတ အတည်ပြု **
(ပေကျင်း၊ ဇန်န၀ါရီလ ၁၁ ရက်)
တရုတ်နိုင်ငံက ရေဒါဖြင့် ဖမ်းယူထောက်လှမ်းနိုင်စွမ်းမရှိသည့် ကိုယ်ပျောက်တိုက်လေယာဉ်အား ပထမဆုံးအကြိမ်အဖြစ် စမ်းသပ်ပျံသန်းခဲ့သည်ကို တရုတ်သမ္မတ ဟူကျင်ထောင်းက အတည်ပြုခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်စ်က အင်္ဂါနေ့တွင် ပြောကြားသည်။ (ရိုက်တာ)

** အရပ်ဘက်သုံး ညူစွမ်းအင်ဆိုင်ရာ သဘောတူညီချက် ရုရှားနှင့် အမေရိကန်အတည်ပြု **
(မော်စကို၊ ဇန်န၀ါရီလ ၁၁ ရက်)
စစ်အေးတိုက်ပွဲကာလ ရန်သူဟောင်းများဖြစ်သော အမေရိကန်နှင့် ရုရှားနိုင်ငံအကြား ဆက်ဆံရေးပြန်လည် တည်ဆောက်ရာတွင် အဓိက ခြေလှမ်းတစ်ရပ်အဖြစ် ကာလရှည်ဆိုင်းငံ့ခဲ့ရသော အရပ်ဘက်သုံး ညူကလီးယားစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို ယနေ့အတည်ပြုလိုက်နိုင်ပြီဖြစ်သည်။ (အင်တာနက်)

** အိန္ဒိယမြောက်ပိုင်း၌ အအေးလှိုင်းကြောင့် လူကိုးဦးသေဆုံး **
(လက်ခ်နောင်း၊ ဇန်န၀ါရီလ ၁၁ ရ
Boldက်)
အိန္ဒိယနိုင်ငံ၌ အေးမြသော ရာသီဥတုဒဏ်ကြောင့် အိမ်ခြေရာခြေမဲ့ကိုးဦး အင်္ဂါနေ့က သေဆုံးခဲ့ရာ ရက်သတ္တသုံးပတ်အတွင်း လေအေးတိုက်ခတ်မှုနှင့် အပူချိန်ကျဆင်းမှုတို့ကြောင့် သေဆုံးခဲ့ရသူပေါင်း ၁၁၆ ဦးရှိခဲ့ပြီဖြစ်သည်။ အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတာပရာဒေ့ရှ်ပြည်နယ်သည် ပိုမိုအေးမြလာသော ရာသီဥတုဒဏ်ကို အခံစားရဆုံးပြည်နယ်ဖြစ်ပြီး အိုးအိမ်မဲ့နှင့် ဆင်းရဲနွမ်းပါးသူအများစုပါဝင်သော လူပေါင်း ၉၀ ခန့် သေဆုံးခဲ့ရသည်။ (အင်တာနက်)

** ပထမဆုံးသော စတော့ရှယ်ယာဈေးကွက် လာအိုနိုင်ငံ ဗီယန်ကျင်း၌ ဖွင့်လှစ် **
(ဗီယန်ကျင်း၊ ဇန်န၀ါရီလ ၁၁ ရက်)
လာအိုနိုင်ငံ၏ ပထမဆုံးသော စတော့ရှယ်ယာရောင်းဝယ်ရေးဒိုင်ကို မြို့တော်ဗီယန်ကျင်း၌ ဇန်န၀ါရီလ ၁၁ ရက်နေ့တွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ စတော့ရှယ်ယာများ ရောင်းဝယ်ခြင်းနှင့် အစိုးရငွေချေးစာချုပ်များ ရောင်းဝယ်ခြင်းဖြင့် လာအိုနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေများ ဒေါ်လာ ရှစ်ဘီလီယံအထိ ရရှိလာရန် အထောက်အကူရရှိမည်ဟု အစိုးရက မျှော်လင့်သည်။ (အင်တာနက်)

** ဗြိတိန်လွှတ်တော်အမတ် ကိုယ်ကျိုးရှာခဲ့ကြောင်းဝန်ခံ **
(လန်ဒန်၊ ဇန်န၀ါရီလ ၁၁ ရက်)
ဗြိတိန်နိုင်ငံတွင် လွှတ်တော်အမတ်များ၏ အသုံးစရိတ်အရှုပ်တော်ပုံနှင့် ဆက်နွှယ်၍ စွပ်စွဲချက်များ ပေါ်ထွက်ခဲ့ရာ လွှတ်တော်အမတ်တစ်ဦးက ၄င်းတွင် အပြစ်ရှိကြောင်း အင်္ဂါနေ့က ၀န်ခံလိုက်သည်။ (အင်တာနက်)

** သြစတြေးလျရေဘေး အရေးပေါ်သဘာဝဘေးအန္တရာယ်အဖြစ် ကြေညာ **
(ဘရစ္စဘိန်း၊ ဇန်န၀ါရီလ ၁၁ ရက်)
သြစတြေးလျနိုင်ငံ၏ တတိယအကြီးဆုံးမြို့တော်ဖြစ်သော ကွင်းစလန်းပြည်နယ်ရှိ ဘရစ္စဘိန်းမြို့တော် ဆင်ခြေဖုံးနေ မြို့သူ၊ မြို့သားများအား ရေဘေးအန္တရာယ်မှ ရှောင်ရှားရန် အာဏာပိုင်များက အင်္ဂါနေ့တွင် တိုက်တွန်းခဲ့ကြောင်း သိရသည်။ (အင်တာနက်)

** စုစည်းဘာသာပြန်- ၀င်းတင် **

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)