ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, January 14, 2011

စစ်မှုမထမ်း မနေရ ဥပဒေ နှင့် ကျွန်ူပ်၏ ထင်မြင်ယူဆချက်များ

> စစ်မှု မထမ်းမနေရ စနစ် ကို ယနေ့အချိန်ထိ အတည်ပြု မကြေငြာသေးသော်လည်း နောက်ဆုံးရရှိသော ယခု စာ အရဆိုလျှင် သေချာ သလောက် ရှိနေပါပြီ ။ တရားမျှတစွာ ကျောသားရင်သား ခွဲခြားခြင်း မရှိဘဲ ဒီမိုကရေစီ နိုင်ငံတို့ကျင့်သုံးလိုနာနေတဲ့ စနစ် အတိုင်း ဆိုလျှင် ကျွန်ူပ်တို့ အနေဖြင့် ငြင်းဆန်စရာ အကြောင်းမရှိပါ ။ သို့သော အတိတ်ကလည်း ရိုးသားဖြောင့်မတ်ခြင်း လုံးဝ မရှိခဲ့သလို ပစ္စပ္ပုန်တွင်လည်း ကောက်ကျစ်ယုတ်မာသော စိတ်ထားများဖြင့် လက်တွေ့ကျကျ တိုင်းပြည်ကို ဒုက္ခပေး နေသာ အာဏာရှင်တို့ အကြားတွင် တရားမျှတခြင်း ဆိုသည့် စကား ပျောက်ဆုံးနေသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့သည်ကို ထောက်ရှုခြင်းအားဖြင့် ယခု စစ်မှု မထမ်းမနေရ စနစ်သည် ပြည်သူလူထုအား စစ်ကျွန်အဖြစ် သွတ်သွင်းလိုသော ဆန္ဒဖြင့် ပြဌာန်းသည် ဆိုသည်မှာ အသေအချာပင် ဖြစ်လေသည် ။

လက်နက်ကိုင်ခွင့်ပေးကာ စစ်ပညာ သင်ပေးကြားရလျှင် ပြန်လည် တော်လှန်၍ ရသည်ဟု ယူဆချင်လျှင် ယူဆ၍ ရနိုင်စရာ အချက်များဟု သံသယပွားစရာ လေးများ ရှိနေအုံးမည် ထင်ပါသည် ။ စစ်အာဏာရှင်တို့ ထိုသို့သော လက်နက်ကိုင်ခွင့်နှင့်စစ်ပညာသင်ကြားခွင့်တို့ကို ပြည်သူလူထုအား သင်ကြားပေးရလောက်အောင် ညံ့ဖျင်းသူများ မဟုတ်ကြပါ ။ တချိန်က ကျနော်တို့ တိုင်းပြည်တွင် ခေတ်စားခဲ့သော ပေါ်တာဆွဲသည့် လုပ်ငန်းများကို နိုင်ငံတကာမှ ဖိအားကြောင့် ရပ်တန့်လိုက်ရခြင်းကို ယခု ဥပဒေက တရားဝင် ပြန်လည် အသက်သွင်း
ပါလိမ့်မည်။ သူတို့ပေးသမျှ ယူ ၊ ကျွေးတာစား ၊ ခိုင်းတာလုပ်ဆိုသော စစ်ကျွန် အဖြစ် သွတ်သွင်းလိုသည့် ဆန္ဒများဖြင် ပြဌာန်းတော့မည့် ဥပဒေကို ခေါင်းငုံသီးခံမနေကြဘဲ ဆန်ကျင့်သင့်လှပေသည် ။ အာဏာရှင် စနစ် တည်မြဲရေး အတွက် အဘက်ဘက်က စီမံချက်ချကာ ဆောင်ရွက်နေသည် အချိန်တွင် ကျွန်ူပ်တို့ ပြည်သူလူထုမှ အလိုက်သင့်ခေါင်းငုံ့ခံနေလိုက်လျှက် နောင်အချိန်တွင် ယခုထက် ပိုမိုဆိုးဝါးသည့် ဒုက္ခများကို ဆက်တိုက် ခံစားရပေမည် ။

ယုတ်မာလှသော အကြံဥာဏ်များဖြင့် တမင်ဖြစ်ပွားအောင် ဖန်တီးထားသော ပြည်တွင်းစစ်များတွင် အကျဉ်သားများကို လူသား ဒိုင်းသဖွယ် အသုံးချလျှက် မိုင်းကွင်းများကို ဖြတ်ခိုင်းနေသည့် လုပ်ရပ်များသည် အခုဥပဒေပါ အချက် အလက်ကို လက်ခံလိုက်လျှင် စစ်မှုထမ်းရမည့် ပြည်သူလူထု များကို အစားထိုး ခိုင်းစေမှာ အမှန်ပါဘဲ ။ နောက်တချက် မိန်းကလေးများ အတွက် အန္တာရယ်များလွန်းပါတယ် ။ ဘာသာတရား အခြေခံ နည်းပါးလွန်းလို့ သံဃာကို သတ်တာတောင် မှန်ပါတယ်လို့ ယူဆနေကြတဲ့ စစ်တပ် အသိုင်းအ၀ိုင်းမှာ မိန်းကလေးငယ်များရဲ့ ဘ၀ဟာ ကြောက်စရာ အနေအထားဆိုတာ
မမေ့ထားကြပါနဲ့ ။ တိုင်းရင်း သားမိန်းမပျိုများကို အတင်းအဓမ္မ စော်ကားလေ့ရှိတာ သက်သေ အထောက်အထားများစွာနဲ့ ကုလသမ္မကို အစီရင်ခံစာ
တင်ပြထားကြတာ ကို ပုံပြင်ပမာ မှတ်နေကြ၇င်တော့ လူစိတ်ပျောက်နေတဲ့ စစ်သားတွေကတော့ ပျော်ရွှင်စရာ သဘောထားပြီး အားခဲလို့ စောင့်နေကြမှာ အမှန်ပါဘဲ ။

ပြောစရာတွေကတော့ ကုန်မယ်မထင်ဘူးဗျာ ။ သူတို့က ဒီမိုကရေစီ စနစ် ကျင့်သုံးလို့ စစ်မှု မထမ်းမနေရစနစ် ကို ပြဌာန်းပါတယ်လို့ ဆိုလာခဲ့ရင် ပြည်သူလူထုက လည်း ဒီမိုကရေစီ နည်းလမ်းကျစွာ တရားမျှတမှု မရှိတဲ့ ဥပဒေကို အားလုံးစည်းလုံး ညီညွတ်စွာ ဆန့်ကျင်ကြဖို့ အထူးလိုအပ်ပါတယ် ။
ပြည်သူလူထုက စည်းလုံးညီညွတ်မှု မရှိပါဘူးဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ကန့်ကွက် ငြင်းဆန်နေမယ့် အစား မိမိတို့ နဲ့ နီးစပ်ရာ အသိုင်းအ၀ိုင်းကို အသိပေးပြီး စည်းလုံးညီညွတ်ရေး အတွက် စတင် အကောင်အထည်ဖော်ထားကြပါ ။ ဒါကြောင့် ဒီဥပဒေကို အတည်ပြုတဲ့ နေ့မှာ တနိုင်ငံလုံးက ပြည်သူလူထု အနေနဲ့ ရရာ လက်နက် ကိုင်စွဲပြီး တိုက်ပွဲဝင် ဆန့်ကျင်နိုင်ဖို့ အတွက် အခုချိန်မှာ ပြင်ဆင်ထား၇ှိတဲ့ သဘောနဲ့ ဒါးသွေးပြီး အားမွေးထားကြပါလို့ လေးစားစွာ အသိပေး တိုက်တွန်းပြောကြားလိုပါတယ် ။ မြန်မာပြည် အာဏာရှင် စနစ်အောက် မချုပ်ပျောက်သရွေ့ ဒီလို စနစ်ဆိုးကြီးရဲ့ ဆိုးမွေတွေကို ဆက်တိုက်ခံစားရမှာ အသေအချာ ဖြစ်လို့ နောင်လာမည့် အနာဂတ်မျိုးဆက်အတွက် ကျွန်ူပ်တို့ အသက်တွေကို ပေးဆပ်ပြီး ဒီစနစ်ဆိုးအောက်က လွတ်မြောက်အောင် ရုန်းထွက်ပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်ကာ တရားမျှတသော အုပ်ချုပ်မှု စနစ်နှင့် ကျက်သရေ မင်္ဂလာ အပေါင်း ပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော်ကြီး ဆီသို့ နီးစပ်ရာ လက်ချင်းချိတ်လျှက် တူညီညာ ချီတက်ကြပါစို့.........။

ခင်မင်လေးစားလျှက်

**ဗမာ့သွေး **

စစ်မှု မထမ်းမနေရ စနစ် ကို ယနေ့အချိန်ထိ အတည်ပြု မကြေငြာသေးသော်လည်း နောက်ဆုံးရရှိသော ယခု စာ အရဆိုလျှင် သေချာ သလောက် ရှိနေပါပြီ ။ တရားမျှတစွာ ကျောသားရင်သား ခွဲခြားခြင်း မရှိဘဲ ဒီမိုကရေစီ နိုင်ငံတို့ကျင့်သုံးလိုနာနေတဲ့ စနစ် အတိုင်း ဆိုလျှင် ကျွန်ူပ်တို့ အနေဖြင့် ငြင်းဆန်စရာ အကြောင်းမရှိပါ ။ သို့သော အတိတ်ကလည်း ရိုးသားဖြောင့်မတ်ခြင်း လုံးဝ မရှိခဲ့သလို ပစ္စပ္ပုန်တွင်လည်း ကောက်ကျစ်ယုတ်မာသော စိတ်ထားများဖြင့် လက်တွေ့ကျကျ တိုင်းပြည်ကို ဒုက္ခပေး နေသာ အာဏာရှင်တို့ အကြားတွင် တရားမျှတခြင်း ဆိုသည့် စကား ပျောက်ဆုံးနေသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့သည်ကို ထောက်ရှုခြင်းအားဖြင့် ယခု စစ်မှု မထမ်းမနေရ စနစ်သည် ပြည်သူလူထုအား စစ်ကျွန်အဖြစ် သွတ်သွင်းလိုသော ဆန္ဒဖြင့် ပြဌာန်းသည် ဆိုသည်မှာ အသေအချာပင် ဖြစ်လေသည် ။

လက်နက်ကိုင်ခွင့်ပေးကာ စစ်ပညာ သင်ပေးကြားရလျှင် ပြန်လည် တော်လှန်၍ ရသည်ဟု ယူဆချင်လျှင် ယူဆ၍ ရနိုင်စရာ အချက်များဟု သံသယပွားစရာ လေးများ ရှိနေအုံးမည် ထင်ပါသည် ။ စစ်အာဏာရှင်တို့ ထိုသို့သော လက်နက်ကိုင်ခွင့်နှင့်စစ်ပညာသင်ကြားခွင့်တို့ကို ပြည်သူလူထုအား သင်ကြားပေးရလောက်အောင် ညံ့ဖျင်းသူများ မဟုတ်ကြပါ ။ တချိန်က ကျနော်တို့ တိုင်းပြည်တွင် ခေတ်စားခဲ့သော ပေါ်တာဆွဲသည့် လုပ်ငန်းများကို နိုင်ငံတကာမှ ဖိအားကြောင့် ရပ်တန့်လိုက်ရခြင်းကို ယခု ဥပဒေက တရားဝင် ပြန်လည် အသက်သွင်း
ပါလိမ့်မည်။ သူတို့ပေးသမျှ ယူ ၊ ကျွေးတာစား ၊ ခိုင်းတာလုပ်ဆိုသော စစ်ကျွန် အဖြစ် သွတ်သွင်းလိုသည့် ဆန္ဒများဖြင် ပြဌာန်းတော့မည့် ဥပဒေကို ခေါင်းငုံသီးခံမနေကြဘဲ ဆန်ကျင့်သင့်လှပေသည် ။ အာဏာရှင် စနစ် တည်မြဲရေး အတွက် အဘက်ဘက်က စီမံချက်ချကာ ဆောင်ရွက်နေသည် အချိန်တွင် ကျွန်ူပ်တို့ ပြည်သူလူထုမှ အလိုက်သင့်ခေါင်းငုံ့ခံနေလိုက်လျှက် နောင်အချိန်တွင် ယခုထက် ပိုမိုဆိုးဝါးသည့် ဒုက္ခများကို ဆက်တိုက် ခံစားရပေမည် ။

ယုတ်မာလှသော အကြံဥာဏ်များဖြင့် တမင်ဖြစ်ပွားအောင် ဖန်တီးထားသော ပြည်တွင်းစစ်များတွင် အကျဉ်သားများကို လူသား ဒိုင်းသဖွယ် အသုံးချလျှက် မိုင်းကွင်းများကို ဖြတ်ခိုင်းနေသည့် လုပ်ရပ်များသည် အခုဥပဒေပါ အချက် အလက်ကို လက်ခံလိုက်လျှင် စစ်မှုထမ်းရမည့် ပြည်သူလူထု များကို အစားထိုး ခိုင်းစေမှာ အမှန်ပါဘဲ ။ နောက်တချက် မိန်းကလေးများ အတွက် အန္တာရယ်များလွန်းပါတယ် ။ ဘာသာတရား အခြေခံ နည်းပါးလွန်းလို့ သံဃာကို သတ်တာတောင် မှန်ပါတယ်လို့ ယူဆနေကြတဲ့ စစ်တပ် အသိုင်းအ၀ိုင်းမှာ မိန်းကလေးငယ်များရဲ့ ဘ၀ဟာ ကြောက်စရာ အနေအထားဆိုတာ
မမေ့ထားကြပါနဲ့ ။ တိုင်းရင်း သားမိန်းမပျိုများကို အတင်းအဓမ္မ စော်ကားလေ့ရှိတာ သက်သေ အထောက်အထားများစွာနဲ့ ကုလသမ္မကို အစီရင်ခံစာ
တင်ပြထားကြတာ ကို ပုံပြင်ပမာ မှတ်နေကြ၇င်တော့ လူစိတ်ပျောက်နေတဲ့ စစ်သားတွေကတော့ ပျော်ရွှင်စရာ သဘောထားပြီး အားခဲလို့ စောင့်နေကြမှာ အမှန်ပါဘဲ ။

ပြောစရာတွေကတော့ ကုန်မယ်မထင်ဘူးဗျာ ။ သူတို့က ဒီမိုကရေစီ စနစ် ကျင့်သုံးလို့ စစ်မှု မထမ်းမနေရစနစ် ကို ပြဌာန်းပါတယ်လို့ ဆိုလာခဲ့ရင် ပြည်သူလူထုက လည်း ဒီမိုကရေစီ နည်းလမ်းကျစွာ တရားမျှတမှု မရှိတဲ့ ဥပဒေကို အားလုံးစည်းလုံး ညီညွတ်စွာ ဆန့်ကျင်ကြဖို့ အထူးလိုအပ်ပါတယ် ။
ပြည်သူလူထုက စည်းလုံးညီညွတ်မှု မရှိပါဘူးဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ကန့်ကွက် ငြင်းဆန်နေမယ့် အစား မိမိတို့ နဲ့ နီးစပ်ရာ အသိုင်းအ၀ိုင်းကို အသိပေးပြီး စည်းလုံးညီညွတ်ရေး အတွက် စတင် အကောင်အထည်ဖော်ထားကြပါ ။ ဒါကြောင့် ဒီဥပဒေကို အတည်ပြုတဲ့ နေ့မှာ တနိုင်ငံလုံးက ပြည်သူလူထု အနေနဲ့ ရရာ လက်နက် ကိုင်စွဲပြီး တိုက်ပွဲဝင် ဆန့်ကျင်နိုင်ဖို့ အတွက် အခုချိန်မှာ ပြင်ဆင်ထား၇ှိတဲ့ သဘောနဲ့ ဒါးသွေးပြီး အားမွေးထားကြပါလို့ လေးစားစွာ အသိပေး တိုက်တွန်းပြောကြားလိုပါတယ် ။ မြန်မာပြည် အာဏာရှင် စနစ်အောက် မချုပ်ပျောက်သရွေ့ ဒီလို စနစ်ဆိုးကြီးရဲ့ ဆိုးမွေတွေကို ဆက်တိုက်ခံစားရမှာ အသေအချာ ဖြစ်လို့ နောင်လာမည့် အနာဂတ်မျိုးဆက်အတွက် ကျွန်ူပ်တို့ အသက်တွေကို ပေးဆပ်ပြီး ဒီစနစ်ဆိုးအောက်က လွတ်မြောက်အောင် ရုန်းထွက်ပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်ကာ တရားမျှတသော အုပ်ချုပ်မှု စနစ်နှင့် ကျက်သရေ မင်္ဂလာ အပေါင်း ပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော်ကြီး ဆီသို့ နီးစပ်ရာ လက်ချင်းချိတ်လျှက် တူညီညာ ချီတက်ကြပါစို့.........။

ခင်မင်လေးစားလျှက်

**ဗမာ့သွေး **

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)