ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, January 16, 2011

ယခုလအတွင်းနိုင်ငံတကာ ထူးခြားသတင်းများ

>
** ဘရာဇီးရေဘေး သေဆုံးသူ ၅၀၀ ကျော်အထိ မြင့်တက်လာ **
(ထရက်ဆိုပိုလစ်၊ ဇန်န၀ါရီလ ၁၄ ရက်)
ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း၌ ဖြစ်ပွားနေသော ရေလွှမ်းမိုးမှုနှင့် မြေပြိုမှုများကြောင့် ဇန်န၀ါရီလ ၁၄ ရက်နေ့အထိ သေဆုံးသူ ၅၀၀ ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။ ယနေ့အထိ မိုးဆက်လက်ရွာသွန်းနေသောကြောင့် ဘရာဇီး ကယ်ဆယ်ရေး သမားများ သည် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်လျက်ရှိသော သဘာဝဘေးဒဏ် ကျရောက်ရာဒေသများသို့ သွားရောက်နိုင်ရန် ရုန်းကန်ကြိုးစားနေရကြရကြောင်း သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)

** နယ်စပ်ဒေသဆိုင်ရာ သဘောတူစာချုပ် တရုတ်နှင့် တာဂျီကစ္စတန် လက်မှတ်ရေးထိုး **
(ပေကျင်း၊ ဇန်န၀ါရီလ ၁၄ ရက်)
တရုတ်နှင့် တာဂျီကစ္စတန်နိုင်ငံတို့သည် နယ်စပ်ဒေသဆိုင်ရာ သဘောတူညီချက်စာချုပ်တစ်ရပ်ကို ဇန်န၀ါရီလ ၁၃ ရက်နေ့က လက်မှတ်ရေးထိုးလိုက်ကြကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အာရှအလယ်ပိုင်းရှိ တာဂျီကစ္စတန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ယခုကဲ့သို့ သဘောတူညီချက်ရရှိခြင်းဖြင့် ၁၈ ရာစုကတည်းက ပေါ်ပေါက်လာခဲ့သော နယ်စပ်ပိုင်နက်နယ်မြေအငြင်းပွားမှုတစ်ရပ် အဆုံးသတ်သွားပြီဖြစ်သည်။ ထိုစဉ်က တာဂျီကစ္စတန်သည် ရုရှားဇာဘုရင်၏ ပိုင်နက်နယ်မြေအဖြစ် တည်ရှိခဲ့သည်။ (အင်တာနက်)

** အစိုးရအဖွဲ့သစ် ဖွဲ့စည်းရေး လက်ဘနွန်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမည် နိုင်ငံရေးအာဏာကို ပိုမိုချဲ့ထွင်နိုင်ရေး ဟစ်ဇ်ဘိုလာအဖွဲ့ ကြိုးပမ်းနေ **
(ဘေရွတ်၊ ဇန်န၀ါရီလ ၁၄ ရက်)
ဝန်ကြီးချုပ် ဆာအက်ဒ်အယ်လ်ဟာရီရီ၏ ညွန့်ပေါင်းအစိုးရအဖွဲ့မှ ဟစ်ဇ်ဘိုလာအုပ်စု နုတ်ထွက်ခဲ့ပြီးနောက် လာမည့် ရက်သတ္တပတ်အတွင်း အစိုးရအဖွဲ့သစ် ဖွဲ့စည်းရေးအတွက် လက်ဘနွန်ခေါင်းဆောင်များက ဇန်န၀ါရီလ ၁၃ ရက်နေ့တွင် သဘောတူခဲ့ကြသည်။ လက်ဘနွန်ခေါင်းဆောင်များသည် ဇန်န၀ါရီလ ၁၇ ရက်တွင် ကနဦးတွေ့ဆုံဆွေးနွေးမှုတစ်ရပ် ပြုလုပ်ကာ အစိုးရအဖွဲ့သစ် ဖွဲ့စည်းရေးကို စတင်လုပ်ဆောင်မည်ဖြစ်သည်။ (အင်တာနက်)

** ဗီယက်နမ်၏ ယခုနှစ်ကာကွယ်ရေးအသုံးစရိတ် ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံ သတ်မှတ် **
(ဟနွိုင်း၊ ဇန်န၀ါရီလ ၁၄ ရက်)
ဗီယက်နမ်နိုင်ငံသည် ယခုနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်အဖြစ် ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံသုံးစွဲရန် သတ်မှတ်ထားကြောင်း ယင်းမှာ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး(ဂျီဒီပီ)၏ ၁ ဒသမ ၈ ရာခိုင်နှုန်းရှိကြောင်း ကာကွယ်ရေးဝန်ကြီးက ဇန်န၀ါရီလ ၁၃ ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)

** ဂျာမနီနိုင်ငံ ရိုင်းမြစ်အတွင်း ဆာလ်ဖျူရစ်အက်စစ်များ သယ်ဆောင်လာသည့် သင်္ဘောတစ်စင်းတိမ်းမှောက် **
(ဘာလင်၊ ဇန်န၀ါရီလ ၁၄ ရက်)
ဆာလ်ဖျူရစ်အက်စစ်များသယ်ဆောင်လာသည့် ကုန်တင်သင်္ဘောတစ်စင်း ဂျာမနီနိုင်ငံ ရိုင်းမြစ်အတွင်း၌ ကြာသပတေးနေ့က တိမ်းမှောက်ခဲ့ရာ အစိုးရအာဏာပိုင်များက ဥရောပ၏ အသုံးအများဆုံးရေကြောင်းလမ်းကို ပိတ်ထားခဲ့ရသည်။ သင်္ဘောပေါ်ပါ သင်္ဘောသားနှစ်ဦး ပျောက်ဆုံးဆဲဖြစ်ပြီး အက်စစ်များယိုဖိတ်မှု ရှိ၊ မရှိကို မသိရသေးကြောင်း ဂျာမနီနိုင်ငံရေကြောင်း လမ်းကွပ် ကဲမှုဌာန၏ ၀က်ဘ်ဆိုက်တွင် ယမန်နေ့က ဖော်ပြထားသည်။ (အင်တာနက်)

** စုစည်းဘာသာပြန်- သတင်းလုလင် **

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)