ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, January 17, 2011

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍

> မကြာမီကထုတ်ပြန်ကြေညာလိုက်သော ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ မှန်မှန်ကန်ကန်သုံးသပ်ပြီး ကျယ်ကျယ့်ပြန့်ပြန့် ဆွေးနွေးအမြင်ဖလှယ်ကြဖို့ အရေးကြီးပါသည်။ ယင်းအမိန့်ပြန်တမ်း၏ လက်ငင်းရလဒ်မှာ ဆန့်ကျင်ဖက်သဘောထားနှစ်ရပ်ကို သက်ရောက်မှုရှိနေပါသည်။
အဘယ်ကြောင့်ဆိုသော် အာဏာလက်ရှိ စစ်အစိုးရကဲ့သို့ပင် နောင်ဖြစ်ပေါ်လာမည့် စစ်တပ်ဦးစီး အရပ်သားအစိုးရသည်လည်း ပြည်သူလူထု၏ လှိုက်လှဲသောထောက်ခံမှုရရှိရန်မလွယ်ကူသေးပါ။ ထို့အပြင် တပ်မတော်သားများ၏ ထောက်ခံမှု အပြည့်အ၀ရရှိဖို့ပင် ခဲယဉ်းနေပါသည်။ စစ်ခေါင်းဆောင်များသည် တပ်မတော်သားများအား အမိန့်ဖြင့်တမျိုး နှစ်သိမ့်ချော့မြူခြင်းဖြင့်တသွယ် အမျိုးမျိုး စည်းရုံးချုပ် ကိုင်တတ် ပါသည်။
ယခုလိုအချိန်မျိုးတွင် စစ်တပ်ကို အပိတ်သဘောမျိုး ကိုင်တွယ်လျှင် တပ်တွင်းအုံကြွမှုဖြစ်ပေါ်လာနိုင်သည်။ သည်ထက်ပို၍ ပြည်သူလူထုနှင့် တပ်မတော်သားများ ပူးပေါင်းသွားလျှင် သူတို့အာဏာမြဲဖို့အတွက် အခက်ကြုံနိုင် သည်။ သည်အလားအလာကို စစ်ခေါင်းဆောင်ကြီးများက နောကျေပြီးသားဖြစ်သည်။ ယခုကိစ္စမှာ စစ်မှုထမ်းများကို ထွက်ပေါက်ပေးသလိုလိုနှင့် တပ်မတော်နှင့် ပြည်သူအကြား ဒင်္ဂါးပြား တစ်ခုကိုဒေါင်လိုက် ချပြလိုက်သည်။ တစ်ဖက်ကခေါင်း တစ်ဖက်ကပန်း အပြန်အလှန်ဇာတ်လမ်းတွေ ရှုပ်သွားအောင် တမင်ဖန်တီးလိုက်ဟန်ရှိသည်။
သို့ဖြင့် တပ်မတော်သားများနှင့် ပြည်သူလူထုအတွင်း ၀ိဝါဒ ကွဲလွဲနိုင်သော ဤအမိန့်ပြန်တမ်းကို အချိန်မီထုတ် ပြန်ထားပုံရသည်။ ဤအမိန့်ပြန်တမ်း၏ နောက်ကွယ်ပါ ရည်ရွယ်ချက်ကို ထိထိမိမိအဖြေရှာကြဖို့ လိုမည်ထင်ပါ သည်။ ဖြစ်နိုင်လျှင် တပ်မတော်သားများ၏ အသံများများထုတ်သင့်သည်။ ပြည်သူ့စစ်မှုထမ်းဆိုသည့် စကားရပ်မှာ ယေဘူယျဆန်လွန်းသောအဓိပ္ပါယ်ကိုဆောင်၍ ရုပ်ပြကောင်းသည်။ အပေါ်ယံကြောတွေးလျှင် ဤစကားရပ်နှင့်ပတ်သက်ပြီး တပ်မတော် နှင့်ပြည်သူအကြား အမြင်ကွဲလွဲမှု အလွယ်တကူဖြစ်ပေါ်စေနိုင်သည်။ ထိုအခြေအနေမှာ အာဏာလက်မလွှတ် ချင်သော စစ်ခေါင်းဆောင်ကြီးများ အကြိုက်ဖြစ်သည်။

စစ်မှုထမ်းများဖက်မှ ကြည့်လျှင် စစ်တပ်မှ နှုတ်ထွက်ခွင့်ရလိုသူအများစုရှိနေပြီး ၎င်းတို့အနေဖြင့် စစ်တပ်အင် အားတိုးတက်ရေးကို ဖြည့်ဆည်းပံ့ပိုးပေးနိုင်မည့် အဆိုပါဥပဒေအား လက်ခံကြိုဆိုစရာဖြစ်နေပါသည်။ အခြားတစ်ဖက်တွင်မူ ပြည်သူလူထုအနေဖြင့် စစ်အာဏာရှင်စနစ်ကို ရွံရှာမုန်းတီးနေရာမှ စစ်မှုထမ်းဘ၀ကိုပင် ခါးခါးသည်းသည်း စက်ဆုပ်နေပုံရသည်။ သို့ဖြစ်ပါ၍ ဤကိစ္စဆွေးနွေးရာတွင် နှစ်ဖက်အင်အားစုများ၏ သဘောဆန္ဒအသီးသီးကို အခြေခံနိုင်လျှင် အကောင်းဆုံးဖြစ်ပါလိမ့်မည်။
ဤနေရာတွင် ပြည်သူလူထုဖက်မှ လက်ရှိတပ်မတော်သားများ၏ဘ၀ကို ကိုယ်ချင်းစာနာသော်လည်း အာဏာ ဖြင့် ဖိနှိပ်မှုယန္တရားကြီးထွားသည်ထက် ကြီးထွားလာမှာကို မလိုလားကြောင်း ပေါ်လွင်အောင် ဖော်ပြဆွေးနွေး သင့်ပါသည်။ ထို့ပြင် တပ်မတော်ပြိုကွဲရေးကို ဦးမတည်သင့် (ပြိုကွဲမည်လည်းမဟုတ်၊ အကယ်၍ တပ်မတော်ပြို ကွဲခဲ့သည်ရှိသော် တိုင်းပြည်အခြေအနေမှာ ယခုထက် အဆများစွာ ဆိုးရွားသွားဖို့ရှိသည်)။ တပ်မတော်အတွင်း ခေါင်းဆောင်မှု ပြောင်းလဲရေးကိုသာ ရှေးရှုသင့်ပါသည်။ တိုင်းချစ်ပြည်ချစ်တပ်မတော်သားများ၏ အခန်းကဏ္ဍ ကို အသိအမှတ်ပြု မြှင့်တင်ပေးရန် လိုအပ်ပါသည်။ လက်ရှိမြန်မာပြည်၏ စစ်ဖက်အရပ်ဖက်ဆက်ဆံရေး အခြေ အနေမှာ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ် ဟုဆိုပြီး နှာခေါင်းရှုံ့နေရုံဖြင့် မပြီးပါ။ အားလုံးက တာဝန် သိသိဖြင့် ပုပ်နေသောငါးများကို ရွေးဖယ်ထုတ်လိုက်လျှင် ငါးကောင်းငါးသန့်များသာ ကျန်ရှိပါမည်။ ထိုသို့လုပ် ဆောင်ရန် ပြည်သူများနှင့် တပ်မတော်သားများ ညီညွှတ်ဖို့အရေးကြီးပါသည်။
တပ်မတော်သားများဖက်မှလည်း ပြည်သူလူထုကို အကာအကွယ်ပေးသောတပ်မတော်၊ ပြည်သူလူထုကို အလုပ်အကျွေးပြုသောတပ်မတော်၊ ပြည်သူချစ်သောတပ်မတော် တစ်ရပ်အဖြစ် ရပ်တည်နိုင်မှသာ ပြည်သူလူ ထုက တပ်မတော်ကို အားပေးဝန်းရံကူညီလာမည်ဖြစ်ကြောင်း သတိချပ်စေချင်ပါသည်။ အထက်အမိန့်ကို တသွေမတိမ်း လိုက်နာနေရုံမျှဖြင့် ပြည်သူချစ်သောတပ်မတော် ဖြစ်မလာပါ။ ပြည်သူလူထုနှင့် အေးအတူပူအမျှ အတူရှိနေမှသာလျှင် မလိုလားအပ်သော အထက်အရာရှိဆိုးများ၏ ဦးဆောင်မှုကို ပြောင်းလဲဖယ်ရှားပေးနိုင်ပါမည်။
ဒီနေ့မြန်မာပြည်တွင် စစ်အာဏာရှင်စနစ် ကြီးဆိုးနေမှုကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးကာ ပြည်သူ လူထုအများစု ဆင်းရဲဒုက္ခနှင့် ရင်ဆိုင်နေရပြီး ပြည်သူအကြားမှာတပ်မတော်၏ ဂုဏ်သိက္ခာညှိုးနွမ်းနေရသည် ကို ပြောစရာပင်လိုမည်မထင်ပါ။
တော်လှန်ရေးနေ့ စစ်ရေးပြအခမ်းအနားများတွင် ယခင်ကကဲ့သို့ ပြည်သူလူထုလှိုက်လှိုက်လှဲလှဲ ပါဝင်မှုမရှိတော့ ခြင်း၊ ရှေ့တန်းပြန်တပ်မတော်သားများအား ပြည်သူလူထုက သောင်းသောင်းဖြဖြ နွေးနွေးထွေးထွေး ကြိုဆိုဂုဏ်ပြုမှု မရှိတော့ခြင်း တို့က သက်သေခံနေပါသည်။ တပ်မတော်သားများကိုယ်တိုင် မိမိတို့၏ လုပ်ရပ် များသည် ပြည်သူလူထုအကျိုးအတွက် ဟုတ်ပါသလား၊ မိမိတို့အသက်အသေခံ တိုက်နေရသူများသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးနေသူများ ဟုတ်မှန်ပါသလား၊ တိုက်ပွဲဖြစ်ရာဒေသရှိ ပြည် သူလူထုက မိမိတို့အပေါ် အားကိုးယုံကြည်မှုဖြင့် ဆက်ဆံပါသလား၊ စိုးရိမ်ကြောက်လန့်မှုဖြင့် တုန့်ပြန်ပါသ လား၊ မိမိတို့စားသုံးသော ရိက္ခာကိုမည်သူတို့က စိုက်ပျိုးထောက်ပံ့ပေးပါသနည်း၊ မိမိတို့ရရှိသော လစာငွေကို ဘယ်ကရသနည်း။ မျက်စိတမှိတ် စဉ်းစားကြည့်လျှင်ပင် တိတိကျကျအဖြေပေါ်နိုင်ပါသည်။
အထက်ပါအခြေအနေများအောက်တွင် အဓိပ္ပါယ်ထွေပြားပြီး အကဲဆတ်လှသော ပြည်သူ့စစ်မှုထမ်းဥပဒေ အမိန့်ပြန်တမ်းနှင့် ပတ်သက်၍ ဆွေးနွေးကြရာ၌ ဘက်တဖက်စီ၏ အမြင်များကို အလေးကဲဆွေးနွေးနေပါလျှင် ကွဲလွဲမှုများသာ ရှေ့တန်းရောက်လာပြီး အာဏာရှင်ကြီးများအလိုကျအတိုင်း တပ်မတော်နှင့်ပြည်သူ ကြည်ဖြူ
လက်တွဲနိုင်မည့် အခွင့်အလမ်းများ အလှမ်းဝေးနေဦးမည် ဖြစ်ပါသည်။ ယခုချိန်ခါသည် အမျိုးသားရင်ကြားစေ့ရေးကို အလေးထားဆောင် ရွက်နေချိန်လည်း ဖြစ်ပါသည်။
ထို့ကြောင့် စစ်မှုထမ်းခြင်း၏ ကောင်းကျိုးဆိုးပြစ်များနှင့်ပတ်သက်၍ (တိုင်းပြည်၏ လိုအပ်ချက်လော၊ အာဏာ ချုပ်ကိုင်ထားသူများ၏ လိုအပ်ချက်လော) စသည်ဖြင့် သေချာဂနစွာ စဉ်းစားဝေဖန်သုံးသပ်၍ ဆွေးနွေးအဖြေ ရှာကြပါရန် တိုက်တွန်းအကြံပြု တင်ပြအပ်ပါသည်။

အာဏာရှင်၏ လှည့်စားမှုညွှတ်ကွင်းမှ ရုန်းထွက်လွတ်ကင်းနိုင်ကြပါစေ။

**တပ်ကြပ်ကြီး-နေမင်းသူ**

.........................................................................

**မြန်မာပြည်သူများသို့ တပ်မတော်သားတစ်ဦး ၏ အိတ်ဖွင့်ပေးစာ**
ကျွန်တော်ကတော့ တပ်မတော်(ေ၇)သို့  ၁၉၉၅ ခုနှစ်၊ အောက်တိုဘာလ မှာ စတင်ဝင်ေ၇ာက်စစ်မှု ထမ်းနေတဲ့  တပ်ကြပ်ကြီး တစ်ဦးဖြစ်ပါတယ်..
ဒီနေ၇ာမှာ ကျွန်တော့် မိသားစုဘေးကင်းလုံခြုံေ၇းအတွက် ကိုယ်ပိုင်အမှတ်၊ နာမည်တွေကို တိတိကျကျဖော်ပြနိုင်ခြင်း မရှိတာကို နားလည်နိုင်ပေးမယ် ထင်ပါတယ်.....................
ယခု အချိန်အခါဟာ စစ်အာဏာရှင် စနစ်ဆိုးအောက်မှာမြန်မာပြည်သူများ ဒုက္ခ ဆင်း၇ဲ တွေ နဲ့ ပြား ပြားဝပ်နေ၇တာ ကို အထူးတလည်ပြောဖို့မလိုအပ်ပါဘူး.....အလားတူ ဒုက္ခ ဆင်း၇ဲ တွေ ကို မြန်မာပြည်သူတွေ နဲ့  တကွ ကျွန်တော်တို့ (ကြည်း၊ေ၇၊လေ) တပ်မတော်သားတွေ ပါ ခံစားနေ၇တာ
နားလည်စေချင်ပါတယ်..............
ကျွန်တော်တို့ တပ်မတော်သားတွေ ထဲ မှာလည်း အာဏာရှင်စနစ်ကို ရွှံ မုန်းသူ၊မထောက်ခံသူ ၊လွပ်လပ်မှုကို လိုလားသူတွေ အများအပြားရှိနေပါတယ်ဆိုတာ..ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ မြန်မာပြည်သူလူထုကြီး
သိရှိစေချင်ပါတယ်....... အာဏာရှင်စနစ်ကြောင့် တပ်မတော်သားဆို လျှင် မုဒိန်းကောင်၊အတင်းအဓမ္မ လုပ်အားပေးစေခိုင်းသူ၊ လက်နက်အားကိုး အနိုင်ကျင့်သူ စတာတွေနဲ့ တွဲပြီး ကြည့် မြင်သူတွေ များနေပါတယ်.....ဒီလို ဖြစ်၇ပ်တွေဟာလည်းတစ်ကယ်ကိုရှိခဲ့တာပါ......ဒါပေမဲ့ဒီလို ဖြစ်၇ပ်တွေနဲ့ တပ်မတော်သားအားလုံးကိုမေ၇ာထွေးစေချင်ပါဘူး......မည်သည့် လူ့ အဖွဲ့ အစည်း မှာ မဆို အကောင်းနဲ့ အဆိုး ဆို တာ ဒွန်တွဲ ပြီး ရှိနေကြတာ ပါ...အမည်းရှိသလိုအဖြူလည်းရှိနိုင်တာကို သတိ ချပ်စေချင်ပါတယ်.....
ကျွန်တော်တို့ တပ်မတော်သားတွေ ဟာ အာ ဏာရှင်စနစ်အတွက် လက်ကိုင်တုတ်အဖြစ်အသုံးပြု ခံနေ၇တာ ၊အထောက်အပံ့ ဖြစ်နေစေတာ ကို ကိုယ်တိုင်ကိုယ်ကျ နားလည်ခံစားသိရှိပါတယ်.......
ကျွန်တော်တို့တပ်မတော်သားတွေကိုယ်တိုင်လည်း ၇ည်မှန်းချက်၊ မျှော်လင့်ချက်တွေ ပျောက်ဆုံးနေပြီး ထား၇ာမှာ နေ ..စေ၇ာကို သွားလို့ တင်ပြတောင်းဆိုခွင့် ဆို တာလုံးဝ မရှိဘဲ အာဏာရှင်စနစ်အတွက်အသက်ပေးဆောင်ရွက်နေကြ၇တာ ပါ.........(ကိုကိုးကျွန်း ကျွန်းပတ်လမ်း၊ေ၇း-ထားဝယ်၇ထားလမ်း .. စတာတွေ ဟာ တပ်မတော်သားတွေ ၇ဲ့ သွေးချွေး တွေ နဲ့ ပြု လုပ်ထားတဲ့ သာဓက အနည်းငယ်ပါ)
ဟိုး...............တစ်ချိန်က လူ ဖြူ ၊လူမည်း၊လူ မျိုးေ၇း ၊ဘာသာေ၇း စသဖြင့် ခွဲခြားမှု တွေ ဖြစ်ပွားခဲ့သလို မျိုး ..ယနေ့  စစ်တပ်တွင်း မှာလည်းအ၇ာရှိ နဲ့  အခြားအဆင့် တစ်ဖက်သတ် ခွဲခြားခံနေ၇ပြီး အောက်ဆုံးမှာ ရှိနေတဲ့ အခြားအဆင့် ကျွန်တော်တို့  တပ်မတော်သားတွေဟာ ပြားပြားဝပ်နေအောင် ခွဲခြားနှိပ်ကွပ် ဆက်ဆံ ခံ နေ၇တာ ပါ...
အာဏာရှင် စနစ်ချုပ်ငြိမ်းသွားစေ ဖို့ အတွက် အခြေ အနေ ၊ အချိန်အခါ၊ အခွင့်အေ၇း တွေ များ ပေါ် ခဲ့ မယ်ဆို၇င် မြန်မာပြည်သူတွေ နဲ့ အတူ တပ်မတော်သားတွေ အများအပြား အာဏာ ရှင်စနစ်တိုက်ဖျက်ဖို့ အတွက် စောင့်ဆိုင်းနေကြတယ်ဆိုတာ ကို မြန်မာပြည်သူများသိရှိနိုင်ကြပါစေ။
နောက်ဆုံးအနေနဲ့ ပန်ကြားလိုတာကတော့ အာဏာ ရှင်စနစ် တွန်းလှန်တဲ့တော်လှန်ေ၇းမှာ ပြည်တွင်းပြည်ပ အတိုက်အခံအင်အားစုတွေတိုင်း၇င်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ မြန်မာမျိုးဆက်သစ်လူငယ်တွေ တက်ကြွ စွာ ပါဝင်ပြီး တစည်းတလုံးတည်း ညီညွှတ်စွာ ပါဝင်နိုင်ကြပါစေ ခင်ဗျား………။

** စိုးသူရ**
တပ်ကြပ်ကြီး စာေ၇း တစ်ဦး(တပ်မတော်ေ၇) *

မကြာမီကထုတ်ပြန်ကြေညာလိုက်သော ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ မှန်မှန်ကန်ကန်သုံးသပ်ပြီး ကျယ်ကျယ့်ပြန့်ပြန့် ဆွေးနွေးအမြင်ဖလှယ်ကြဖို့ အရေးကြီးပါသည်။ ယင်းအမိန့်ပြန်တမ်း၏ လက်ငင်းရလဒ်မှာ ဆန့်ကျင်ဖက်သဘောထားနှစ်ရပ်ကို သက်ရောက်မှုရှိနေပါသည်။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)