(ဇန်န၀ါရီလ ၅ ရက်၊ ၂၀၁၁)
ယနေ့ကျရောက်သော ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားများကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၏ နေရာအနှံ့အပြားရှိ ကရင်လူမှုအဖွဲ့အစည်းများက ဦးဆောင်ကာ ကျင်းပကြသည်ကို တွေ့ရသည်။ မဲဆောက်မြို့ တောရကျောင်း၊ စီဒီစီ အထက ကျောင်း၊ ၀မ်စကင်းရွာ ကျောက်ခွဲစက်လုပ်ငန်းခွင်၊ နောင်ဘွားရွာ သွေးသစ်အလက၊ ဟွေးကလာ ရွာ ဘုန်းကြီးကျောင်း စသည် ဖြင့်လည်းကောင်း၊ ဖုတ်ဖရမြို့နယ်၊ တာ့ခ်မြို့နယ်၊ အုန်းဖန်မြို့နယ်၊ ထဆောင်ယန်းမြို့နယ်၊ မယ်လမတ်မြို့နယ်များတွင် လည်းကောင်း၊ ကရင်လူမှုအဖွဲ့အစည်းများက ဦးဆောင်ကျင်းပကြကြောင်း သိရသည်။ (မြန်မာပြည်သားသတင်းစဉ်)
(ဇန်န၀ါရီလ ၄ ရက်၊ ၂၀၁၁)
မြန်မာပြည်စစ်အစိုးရကို ဆန့်ကျင်ကန့်ကွက်သော နိုင်ငံရေးတောင်းဆိုချက် (၄)ရပ်ပါဝင်သည့် လက်ပစ်ဗုံး ၂ လုံးနှင့် ဆန္ဒပြမှုတစ်ခုကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၌ `စောသံမဏိ´အမည်ရှိ DKBA (၉၉၉)တပ်ဖွဲ့ဝင်တစ်ဦးက ပြုလုပ်ခဲ့သည်။ (မြန်မာပြည်သား သတင်းစဉ်)
(ဇန်န၀ါရီလ-၃ရက်၊၂၀၁၁)
ဖြစ်ရပ်- ၁။ ။ မလေးရှားနိုင်ငံအလယ်တန်းပညာရေး ကျောင်းသုံးစာအုပ်တွင် အိန္ဒိယနွယ်ဖွား မလေးရှားနိုင်ငံသားများ အကြောင်းပါရှိခြင်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အိန္ဒိယနွယ်ဖွားများက ကန့်ကွက်ကြကြောင်း၊ မလေးရှားပညာရေးဝန်ကြီးဌာက ပြောဆိုသည်။ (VOA)
ဖြစ်ရပ် -၂။ ။ ဒီနှစ်သစ်မှာ ကားလမ်းပေါ်မတော်တဆဖြစ်ပွားမှုရဲ့အဓိက အကြောင်းရင်းက အရက်မူးပြီးကားမောင်းတာပဲ ဖြစ်နေတုန်းပါ။ အန္တရာယ်ရှိတဲ့ ၇ ရက်တာလို့ သတ်မှတ်ထားတဲ့ကာလရဲ့ ပထမ ၂ ရက်အတွင်း ထိုင်းတနိုင်ငံလုံးမှာ ကားလမ်းပေါ် မတော်တဆဖြစ်ပွားမှုပေါင်း ၁၀၁၂ မှုဖြစ်ပွားခဲ့ပြီး ၇၉ ယောက်သေ၊ ၁၀၅ ၉ယောက် ဒဏ်ရာရခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်၊ ဒီအန္တရာယ်ကာလ၊ ပထမ၂ ရက်အတွင်းက ဖြစ်ခဲ့တဲ့ ၁၁၁၅ မှု၊ ၉၁ ယောက်သေ၊ ၁၂၂၅ ယောက်ဒဏ်ရာရတာနဲ့ စာ ရင် အရေအတွက် လျော့သွားတာ တွေ့ရပါတယ်လို့ ကပ်ဘေးတားဆီးကာကွယ်ရေးနဲ့ လျော့ပါးရေးဌာနတာဝန်ခံ ၀ီဘူး ဆောင်ကွယ်ဖုန် က ပြောပါတယ်။ချင်းရိုင်က ကားလမ်းတွေက အန္တရာယ်အများဆုံးဖြစ်ပြီး မတော်တဆဖြစ်ပွားမှု ၃၇ မှုနဲ့ လူ ၄၀ ဒဏ်ရာရခဲ့ပါတယ်။ ဖဲချ ဘူရီ၊ ရွိုင်အစ်၊ ဆာခွန်းနဲ့ဖန်ငပြည်နယ်တွေမှာ အသေအပျောက်အများဆုံးဖြစ်တယ်လို့ ၀ီဘူးက ထပ်ပြောပါတယ်။ ကြာ သာပတေးနေ့က တနိုင်ငံလုံးမှာ ကားလမ်းပေါ်မတော်တဆဖြစ်ပွားမှု ၆၁၉ မှု ရှိပြီး ၅၅ ယောက်သေ၊ ၆၇၀ ဒဏ်ရာရပါ တယ်။ ဖြစ်ပွားမှုတွေမှာ မူးပြီးမောင်းလို့ဖြစ်တာက ၃၉.၄၂% ဖြစ်ပြီး အမြန် မောင်းလို့ဖြစ်တာက ၂၂.၁၃% ဖြစ်တယ်လို့ သူကပြောပါတယ်။ ဒါ့ပြင် ၈၂.၂၀% က မော်တော်ဆိုင်ကယ်တွေဖြစ်ပြီး ၆.၇၇% က နောက်ဖွင့်ထရပ်ကားတွေဖြစ်တယ်။ လို့ သူကပြောပါတယ်။ယာဉ်တိုက်မှုတွေရဲ့ ၃၄.၁၁% က ညနေ ၄နာရီကနေ ည ၈ နာရီအတွင်းမှာ ဖြစ်ပွားတာတွေဖြစ်တယ်လို့ ထပ်ပြောပြပါ တယ်။ အခုထိ မတော်တဆဖြစ်ပွားမှု မရှိသေးဘူးလို့မှတ်တမ်းတင်ထားတဲ့ ပြည်နယ်တွေကတော့ ချိုင်ယာဖွန်း၊ အမ်နာ့ ကျရွမ်း၊ နခုန်နရုတ်နဲ့ဆမွတ်ဆုံခရမ် ပြည်နယ်တို့ ဖြစ်တယ်လို့ ၀ီဘူးက ပြောပါတယ်။( နေ့သစ်.)
ဖြစ်ရပ် -၃။ ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ SYK Auto Part Import Company Ltd. နဲ့ Tiger အပိုပစ္စည်း ကုမ္ပဏီ လီမိတက်ဖြစ်တဲ့ ဆိုင်ကယ်ဦးထုပ်နဲ့ ဆိုင်ကယ် ဘရိတ်တုံးတွေ ထုတ်လုပ်တဲ့ စက်ရုံက မြန်မာအလုပ်သမား ၃၀၀ ကျော်ဟာ သူတို့ရဲ့ နစ်နာကြေးတွေအတွက် ဒီနေ့မှာပဲ ဆန္ဒပြခဲ့ကြပါတယ်။ မနက် ၈ နာရီကျော်ကနေ ဆန္ဒပြခဲ့ပြီး ထပ်ခမ်းမြို့နယ် ရဲမှူးကြီးနဲ့ ထိုင်းအာဏာပိုင်တွေ ကိုယ်တိုင် လာပြီး ဖြေရှင်းပေးတဲ့အတွက် ညနေ ၂ နာရီခွဲကျော်လောက်မှာ အလုပ်သမားတွေ တောင်းဆိုချက်တွေကို အလုပ်ရှင်တွေဘက်က လိုက်လျောမယ်လို့ ကတိပြုတာကို ရရှိခဲ့ပါတယ်။(VOA)
(ဇန်န၀ါရီလ ၁ ရက်၊ ၂၀၁၁)
ထိုင်းဝန်ကြီးချုပ် အဘိဆစ်သည် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့သို့ ယနေ့တွင် ရှောင်တခင်ရောက်ရှိလာပြီး မဲဆောက်မြို့ တော်ဝန်အပါအ၀င် ဒေသခံထိုင်းလူထုအချို့နှင့် တွေ့ဆုံကြောင်း၊ ပိတ်ထားသော ထိုင်း-မြန်မာချစ်ကြည်ရေးတံတားကိုလည်း သွားရောက်ကြည့်ရှုခဲ့ပြီး အမြန်ဆုံးပြန်ဖွင့်စေလိုသည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။ (BBC)

No comments:
Post a Comment