**(ကြုံသမျှ ဘုံဘ၀ဟာသများ)**
လူစည်ကားရာ နေရာတစ်နေရာတွင်ဖြစ်သည်။ လူတစ်ယောက် စင်မြင့်တစ်ခုထက်သို့တက်၍ လူအုပ်ကြီးကို မေးမြန်းလိုက်သည်။
`ခင်ဗျားတို့ထဲက ဘယ်နှစ်ယောက် မကြိုးစားဘဲ ပညာကို မကြံဆဘဲ ချမ်းသာခြင်း၊ လုံ့လမစိုက်ဘဲ အောင်မြင် ၀ီရိယမထုတ်ဘဲ အမှန်ကို သိချင်လဲ´
လူအုပ်ထဲမှ တစ်ယောက်မကျန် လက်ထောင်လိုက်ကြသည်။
`ဟုတ်ကဲ့… ဟုတ်ကဲ့… ကျနော်တို့ သိချင်တယ်။ ဘယ်လိုလုပ်မယ်ဆိုတာ ကျနော်တို့ကို ပြောပြပါ´ ထိုအခါ ထိုသူက ဖြေလိုက်သည်။
`ကျနော်လည်း မပြောပြတတ်၊ ဒီလူအုပ်ထဲမှာ လူပျင်းဘယ်နှစ်ယောက်ရှိတယ်ဆိုတာသိချင်လို့ သက်သက်မေးတာပါ။´
** စိန်ငှက်ရိုး **
(ကြုံသမျှ ဘုံဘ၀ဟာသများမှ)

No comments:
Post a Comment