ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, January 15, 2011

ရောင်နီလာ နံနက်ခင်းဆီသို့”-အပိုင်း (၃)-

>
"Freedom is not free."
"လွတ်မြောက်မှု့ဆိုတာ အလကား မရဘူး။”

လူငယ်တွေ ခဏခဏ မေးတတ်တဲ့ မေးခွန်းတွေက ခေါင်းထဲကို အစီအရီ ၀င်လာတယ်။နိုင်ငံရေးဆိုတာ ဘာလဲ။၊ဒီမိုကရေစီဆိုတာ ဘာလဲ။ မြန်မာနိုင်ငံ လူထုလှုပ်ရှားမှု့တွေက ဘာလို့ပေါ်ပေါက်လာရတာလဲ။အနာဂတ်မြန်မာနိုင်ငံအတွက် မျှော်လင့်ချက်တွေက ဘာတွေများလဲ။….စတဲ့..စတဲ့ မေးခွန်းတွေ………….။

“အကို..နိုင်ငံရေးဆိုတာ ဘာလဲ” စန်းမောင်ရဲ့အနှစ်သာရ ပြည့်ဝလှတဲ့ မေးခွန်းလေးက ကျနော့်ရင်ကို လှုပ်ခတ်သွားစေခဲ့တယ်။ ဒီမေးခွန်းဟာ..ကျနော် သိပ်ပြောချင်နေတဲ့ အကြောင်းအရာပေါ့……..တော်တော် များများသော လူထုကြီးဟာ နိုင်ငံရေးလို့  ဆိုလိုက်တာနဲ့ သီးခြားလုပ်ငန်းစဉ်တခုလို ယုံကြည်နေကြတာကိုး၊။

“ နိုင်ငံရေးဆိုတာ လူသားတွေရဲ့အရေးပဲကွ..ပညာရှင် အသီးသီးက ရှုထောင့်အသီးသီးကနေ အဓိပ္ပါယ်တွေ..ဖွင့်ဆိုထားတာတော့ ရှိတာပေါ့ကွာ..ဒါပေမယ့် ခြုံလိုက်ရင်..ဒီအဖြေပဲ ထွက်ပါတယ်…လူသားတွေရဲ့အရေးမှန်သမျှ နိုင်ငံရေးပဲ…နိုင်ငံရေးကို...မျက်ကွယ်ပြုခြင်းဟာ..လူသားတွေရဲ့အရေးကို မျက်ကွယ်ပြုခြင်းပဲ..ငါ ဒီလိုပဲ ယုံကြည်တယ်…တ ကယ်မှာက နိုင်ငံရေးဆိုတာ မွန်မြတ်သန့်စင်တဲ့ အလုပ်ပါ..နိုင်ငံရေးဆိုတာကို စက်ဆုတ်သွားအောင် ခေတ်အဆက်ဆက် နာမည်ဆိုး နိုင်ငံရေးသမားတွေနဲ့ စစ်အာဏာရှင်တွေရဲ့တဘက်သတ် လှုံ့ဆော်မှု့တွေကြောင့် တို့(ဒို့)နိုင်ငံမှာ..နိုင်ငံရေးဆိုတဲ့ အသံလေးကြားလိုက်တာနဲ့ လူတော်တော်များများက တုန်လှုပ်သွားတတ်ကြတယ် မဟုတ်လား….”

“ သိပ်မှန်တာပေါ့ အကိုရာ..လူတော်တော်များများက..နိုင်ငံရေးဆိုတာနဲ့ ဝေးဝေးက ရှောင်ပြေးတော့တာပဲ”
ကိုသွေးရဲ့ခံစားမှု့ စကားလုံးတွေက တချက်တချက် ဝေ့တိုက်ခတ်လာတဲ့ အညာလေနုအေးလေးနဲ့ အတူ ထွက်ပေါ်လာတော့...

“ငါတခါက..အခု ကြံ့ဖွတ်အဖွဲ့က မြို့နယ် အတွင်းရေးမှုး အောင်နိုင်နဲ့ မင်္ဂလာဆောင်တခုမှာ သွားဆုံဖြစ်တယ်ကွ...မလွှဲသာလို့ ဆုံလိုက်ရတဲ့ သဘောပါ..။သူက ငါနဲ့စကားပြောရမှာကို အတော်စိုးရိမ်နေတဲ့အကောင်ကွ..။ဆုံကြတော့လည်း..ဟိုဟိုသည်သည် ရောက်သွားတော့တာပေါ့….သူက ဘာပြောသလဲ ဆိုတော့…..”

“ သူငယ်ချင်း..ငါနိုင်ငံရေး မလုပ်တော့ဘူး..ငါ့ကိုနားလည်ပါ ” တဲ့………။ကောင်းရောကွာ..။

ငါကလည်း စိတ်ပေါက်ပေါက်ရှိတာနဲ့…”မင်းတို့ အဖွဲ့က လုပ်နေတာတွေက နိုင်ငံရေးမဟုတ်လို့..နတ် ပြည်ရေးတွေ လုပ်နေတာလား” ဆိုတော့…သူ ဘာမှပြန်မဖြေနိုင်တော့ဘူး…။ထပြီး လစ်ပြေးတော့တာပဲ…အထူးသဖြင့် တို့(ဒို့)နိုင်ငံမှာ နိုင်ငံရေးဆိုတဲ့ ဝေါဟာရကို စက်ဆုတ်ဖွယ်ဖြစ်အောင် လုပ်တဲ့နေရာမှာ..စစ်အာဏာရှင် အဆက်ဆက်ဟာ အဓိက တရားခံပဲ…အင်္ဂလိပ်ဝေါဟာရ ( politics )ကို နိုင်ငံရေးလို့ အဓိပ္ပါယ် မဖွင့်တော့ဘဲ..တခြားစကားလုံးနဲ့ပြောင်းလဲသုံးရင်း ကောင်းမလားလို့တောင် စဉ်းစားမိတယ်..”

ဘေးနားမှာ ဘာမှ ၀င်မပြောသေးဘဲ ထိုင်နေတဲ့ ချမ်းမြေ့က ၀င်လာပြီး…..

“ ဟုတ်တယ်..ကျနော့်အိမ်မှာဆို … ကျနော်က တခါတလေ မြန်မာ့အကြောင်း..ကမ္ဘာ့အကြောင်းလေး နည်းနည်းပါးပါး ဟလိုက်တာနဲ့ အမေက ဇွတ်တားတော့တာပဲ….။ ”ဟဲ့..နိုင်ငံရေးအကြောင်းတွေ လာမပြောနဲ့..နင်ထောင်ထဲသွားရလိမ့်မယ်..” ဒီလိုလာတာဗျ…”

“အေးပေါ့ ...လူတော်တော်များများ သိနေတာက..နိုင်ငံရေးလို့ ပြောလိုက်တာနဲ့ အစိုးရဆန့်ကျင်ရေးလို့ပဲ ပြေးမြင်ကြတာ မဟုတ်လား..နိုင်ငံရေးသမားဆို..အစိုးရ ဆန့်ကျင်ရေးသမားပေါ့..ထောင်ထဲ ၀င်လိုက်ထွက်လိုက်လုပ်နေရတဲ့သူ…မကြာခဏ အာဏာပိုင်တွေရဲ့အထုအထောင်း အနှိပ်အစက်ကို ခံနေရတဲ့သူ..သူတို့နဲ့ငါ ဆက်ဆံလိုက်ရင်..ငါတို့ပါ ဒုက္ခရောက်နိုင်တယ်ဆိုပြီး ဝေးဝေးက.အရှောင်ခံရတဲ့သူ..ဒီလိုတွေပဲ မြင်နေကြတယ်..ဒီအမြင်တွေကို ဒီနေ့လူငယ်ထုကြီးက ဖယ်ရှားပစ်ဖို့ လိုတယ်ကွ..”
ကျနော့်ရဲ့စကားအဆုံး…..

“ဒီ အယူအဆမျိုးကို..ဒီနေ့လူငယ်ထုက..သိပ်လက်မခံတော့ပါဘူး…ဒါကလည်း..စစ်အာဏာရှင်တွေရဲ့ အမျိုးမျိုးသော..သွေးထိုးလှုံ့ဆော်မှု့တွေကြောင့်…နိုင်ငံရေးအပေါ် ထားရှိတဲ့သဘောထား..လွဲမှားနေတာလို့ပဲ ကျနော်ထင်တယ်….”
စန်းမောင်က စကားပြောနေရင်းက..မျက်လုံးကို တခြားနေရာဆီ ပြောင်းကြည့်ရင်းက…၊
အားလုံးကလည်း ဦးတည်ကြည့်လိုက်ကြတယ်…..။
ထက်အောင်….ပင်နီတိုက်ပုံ နဲ့ ကချင်လုံချည်နဲ့ကို စမတ်ကျကျ ၀တ်ဆင်ပြီး ရောက်လာတယ်။
ကျနော်သူ့ကိုကြည့်ြ့ပီးတချက်ပြုံးမိလိုက်တယ်…..။ ထက်အောင်က မလုံမလဲ အမူအရာနဲ့...

“ အကိုက ..ကျနော့်ကိုကြည့်ပြီး…ဘာပြုံးနေတာလဲ”

“မဟုတ်ပါဘူးကွာ..မင်းကို..သဘောကျလို့ပါ..။ တချိန်က ထက်အောင်နဲ့ လုံးလုံးခြားနားသွားလို့ပါ..။တချိန်က ငါမြင်ဖူးတဲ့ ထက်အောင်က ..ဆံပင်က..ဘာရောင်တွေ ဆိုးထားမှန်းမသိဘူး။ ဖွာလန်ကျဲလို့...။ နားမှာကလည်း အပေါက်ပေါင်းစုံ ..နားကွင်းပေါင်းစုံ..။အကျီအ၀တ်အစားက..ကြောင်ကြောင်ကျားကျား ၀တ်ဆင်တတ်တဲ့..မင်းကို..အခုမြင်ကွင်းနဲ့ကြည့်ပြီး လေးစားသွားလို့ပါ”

ထက်အောင်က သဘောကျသွားပုံရတယ်….။
“ ဒီတခါတော့..ကျနော်လဘက်ရည်ဖိုး ရှင်းပါ့မယ်ဗျာ”
အားလုံးက လှုပ်လှုပ်ရွရွနဲ့..”စားကြ..မှာကြ..” ဆိုတဲ့ ဟန်တွေ လုပ်ပြကြရင်း အားလုံး ၀ိုင်းရီလိုက်ကြတယ်။

“အကို ..ဟိုနေ့က ရှင်းပြခဲ့တဲ့..ဒီမိုကရေစီဆိုတာ ပေါင်းစပ်တန်ဘိုးဖြစ်တဲ့ နိုင်ငံရေးအယူအဆနဲ့တွဲသုံးကြတယ်ဆိုတဲ့ဟာကို ဆက်ရှင်းပေးပါဦး ”
ကိုသွေးက စကားလမ်းကြောင်းပေးလာတော့….

“ဒီလိုကွ…မျက်မှောက် ကမ္ဘာကြီးမှာ..ဒီမိုကရေစီကို နိုင်ငံရေးပုံစံ ၃ မျိုးနဲ့တွဲသုံးလာတာကို တွေ့ရတယ်..။ဒါတွေကတော့..(တစ်)..လွတ်လပ်တဲ့ဒီမိုကရေစီ ( liberal Democracy )…(နှစ်)..မလွတ်လပ်တဲ့ ဒီမိုကရေစီ ( illiberal Democracy )..။(သုံး)..အစ္စလမ်မစ် ဒီမိုကရေစီဆို ယေဘုယျအားဖြင့် ခွဲခြားနိုင်ပါတယ်…။
ငါ စရှင်းပေးမှာက မလွတ်လပ်တဲ့..ဒီမိုကရေစီ အမျိုးအစား။ အခု စစ်အစိုးရကပြောနေတဲ့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဆိုတာ..မလွတ်လပ်တဲ့..ဒီမိုကရေစီအမျိုးစားပဲ..။ကွန်မြူနစ်နိုင်ငံတွေမှာ ကျင့်သုံးခဲ့တဲ့ ဒီမိုကရေစီ…။ နောက်..အင်ဒိုနီးရှားနိုင်ငံမှာ ကျင့်သုံးခဲ့တဲ့..ဒီမိုကရေစီပုံစံတွေဟာ..မလွတ်လပ်တဲ့ ဒီမိုကရေစီအမျိုးစားတွေပဲ..”

“ လက်ဝဲ ဆိုရှယ်လစ်၊ကွန်မြူနစ်နိုင်ငံတွေမှာ..ဒီမိုကရေစီစနစ်ကို ..ကျင့်သုံးခဲ့တယ်ဆိုတာ..ဟုတ်ပါ့မလားအကို”

“လူထုက ရွေးချယ်တင်မြှောက်ခဲ့တယ်ဆိုတဲ့..လမ်းကြောင်းကိုတော့ ရွေးချယ်ခဲ့တယ်…ဒါကို ဒီမိုကရေစီ ကျင့်သုံးခဲ့တယ်လို့..ပြောကြတာပဲ….။ ဒါပေမယ့် လူထုဆန္ဒ..စစ်စစ်မှန်မှန်နဲ့ ဘာကိုမှ ရွေးချယ်လို့ မရတာတော့ သေချာတယ်…။ တို့(ဒို့)နိုင်ငံမှာ နှစ်ပေါင်း ၂၆နှစ် အုပ်စိုးသွားခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကိုပဲပြန်ကြည့်ကွာ..။မင်းတို့ကငယ်သေးတော့..ဘယ်သိပါ့မလဲ…။ လေးနှစ်တကြိမ် ရွေး ကောက်ပွဲကျင်းပတော့..အတိုက်အခံပါတီဆိုတာ မရှိဘူး..သူတို့ပါတီက တိုက်ရိုက်ချပေးတဲ့ ကိုယ်စားလှယ်တွေကို..ပြိုင်ဘက်မရှိ..လူထုက မဲပေးရတာ…လူထုမှာ ရွေးချယ်ခွင့် မရှိဘူး..။သဘောကတော့…လူထု စိတ်ကြိုက်ရွေးချယ်ပေးနိုင်တဲ့..ရွေးကောက်ပွဲ မဟုတ်ဘဲ..ဒီမိုကရေစီကို လက်တလုံးခြား လှည့်ပြီး..ကိုယ်စားလှယ်တွေကို..လူထုက သွားအသိမှတ်ပြုရတဲ့သဘောလောက်ပဲ ဖြစ်ခဲ့တယ်…။ဒါကြောင့်လည်း ၂၆နှစ်အကြာ ၁၉၈၈ လူထုအရေးတော်ပုံကြီးနဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဟာ..ကျဆုံးသွားခဲ့ရတယ်…”

“ အဲဒီပါတီဟာ..ဒီမိုကရေစီကျင့်သုံးခဲ့တယ်လို့ ပြောလို့ရသလား ”

ချမ်းမြေ့က ရေနွေးခရားထဲက ရေနွေးကိုထည့်ရင်း မေးလိုက်တယ်….။

“ငါ ရှေ့မှာပြောခဲ့သလိုပဲ..။လူထုက ရွေးချယ်ပေးရတယ်ဆိုကတည်းက..ဒီမိုကရေစီပုံစံလို့ ပြောမယ်ဆိုပြောနိုင်တာပေါ့.. ဒါပေမယ့် တကယ့်…ဒီမိုကရေစီ အနှစ်သာရမှာ..လွတ်လပ်တဲ့ သဘောဆန္ဒဆိုတာ ပါတယ်…။အာဏာရှင်နိုင်ငံတွေ..တပါတီစနစ်ကြီးစိုးတဲ့နိုင်ငံတချို့မှာ..လူထုဆန္ဒခံယူပွဲတော့လုပ်ပါရဲ့..တကယ်ရော..လူထုဆန္ဒပါရဲ့လား..။လွတ်လပ်စွာရွေးချယ်နိုင်တဲ့ ဆန္ဒတွေ ရှိရဲ့လား..သေသေ ချာချာ လေ့လာကြည့်တော့ မရှိဘူး..လုံးဝ မရှိဘူး..လူထုကို အကြောက်တရားတွေနဲ့လွှမ်းမိုးပြီး..သူတို့ဖြစ်ချင်တာတွေကို စေခိုင်းတဲ့ အနေအထားတွေပဲရှိတယ်..ဒါကို ဒီမိုကရေစီ ရှိသယောင် အသံကောင်း ဟစ်ထားတယ်..။ ဒါကိုပဲ..သူတို့က..ဒီမိုကရေစီလို့ သတ်မှတ်ခဲ့တယ်..။အကို ပြောခဲ့သလိုပဲ..။ ဒီပုံသဏ္ဍာန်ကို..ဒီမိုကရေစီလို့ သတ်မှတ်ရင်တောင်မှ မလွတ်လပ်တဲ့ ဒီမိုကရေစီ အမျိုးစားသာ..ဖြစ်တယ်”

“ အဲဒီ..မလွတ်လပ်တဲ့ ဒီမိုကရေစီပုံစံ အမျိုးစားကို..ဘယ်နိုင်ငံတွေမှာ ကျင့်သုံးလဲ အကို ”
စန်းမောင်က လက်ထဲမှာ ဘော့ပင်ကို ကိုင်ထားရင်း သူ့နုတ်စာအုပ်ထဲကို ရေးမှတ်မလို့ လုပ်ရင်းက လှမ်းမေးတယ်။….

“ အင်ဒိုနီးရှား၊တရုတ်၊ကျူးဘား၊ဗီယက်နမ်၊..ဒါ မင်းတို့မြင်သာတဲ့ နိုင်ငံတွေကို ပြောပြတာပါ..နောက်ထပ်လည်း ရှိသေးတယ်..ထပ်တိုးမယ်ဆိုရင်တော့..အခုမြန်မာနိုင်ငံပေါ့ကွာ”

“သူရဲ့ပုံသဏ္ဍာန်တွေက ဘယ်လိုလဲ”

“လူထုက ရွေးချယ်တင်မြှောက်ပေးရတဲ့ ( ဒီမိုကရေစီ)ပုံစံကို အရောင်ပြ ကျင့်သုံးတယ်ကွာ.. ။ ပြီးရင်..လူတဦးတယောက်..ဒါမှမဟုတ်..တပါတီ..အဖွဲ့စည်းတခုကနေ တိုင်းပြည်ရဲ့အချုပ်အခြာအာဏာကို ထင်သလိုကျင့်သုံးတော့တာပဲ…။လူထုဟာ ဒီမိုကရေစီနဲ့လူအခွင့်ရေး အပြည့်အ၀ပေးဖို့ မရင့်ကျက်သေးဘူးဆိုတာ သူတို့အမြဲသုံးနေကျ လက်သုံးစကားပဲ….။လွတ်လပ်တဲ့ဒီမိုကရေစီနိုင်ငံတွေက ..အားနည်းချက်တွေကို လက်ညှိုးထိုးပြပြီး အပြစ်တွေပဲပြော..လူထုကို ထင်ရောင်မှားတွေဖြစ်အောင် အမြဲကြိုးစားလေ့ရှိတယ်”…

ကျနော့်စကားအဆုံးမှာ စန်းမောင်က...

“ အဲဒါပြောတာပေါ့အကိုရာ..ဒီမိုကရေစီ မရင့်ကျက်သေးလို့ ဆိုပြီး လွတ်လပ်မှု့ မပေး..။ မလွတ်လပ်လို့..ဒီမိုကရေစီက ရင့်ကျက် မလာ..။ဘာ သွားယုံရတော့မလဲ..”

စန်းမောင်ရဲ့ထိမိလှတဲ့အတွေးအခေါ်၊။

လူငယ်တွေကို လျှော့တွက်လို့ မရဘူးဆိုတာ ယနေ့စစ်အာဏာရှင်များနဲ့ နိုင်ငံရေးသမားဆိုသော ပုဂ္ဂိုလ်ကြီးများကို သိစေချင်တယ်။ ဒီနေ့ခေတ်ဟာ IT နည်းပညာခေတ်၊ အကြောင်းအရာတခုပေါက်ထွက်လာပြီဆို..ချက်ကနဲ ကမ္ဘာပတ်သွားတတ်တဲ့ခေတ်မှာ..ဟောင်းနွမ်းဆွေး မြေ့နေတဲ့ အတွေးအခေါ် အယူအဆတွေနဲ့ လူထုကို ချုပ်ကိုင်ဖို့ ကြိုးစားမယ်ဆိုရင်..အမှားကြီးမှားသွားပါလိမ့်မယ်….။

“ နောက်တခုက လွတ်လပ်တဲ့ ဒီမိုကရေစီပုံစံ ….liberal ( လစ်ဘရယ် ) အယူအဆနဲ့ ဒီမိုကရေစီကို ပေါင်းစပ်ကျင့်သုံးထားတာ..လစ်ဘရယ်နဲ့ကွန်မြူနစ် အယူအဆတွေအကြောင်း နောက်ပိုင်းမှာ ဆက်ဆွေးနွေးတာပေါ့…။

လက်ဝဲ ဆိုရှယ်လစ်နဲ့ကွန်မြူနစ်တွေ သမုတ်တာကတော့ အရင်းရှင်စနစ်အခြေပြု ဒီမိုကရေစီပုံစံပေါ့ကွာ..။ ဒီစနစ်ကိုကျင့်သုံးတဲ့ နိုင်ငံတွေထဲက တချို့ကိုပြောရရင်..အမေရိကန်အပါဝင် ဥရောပ၊တောင်ကိုရီးယား၊ဂျပန်၊ထိုင်း စတဲ့နိုင်ငံတွေမှာ လစ်ဘရယ်ဒီမိုကရေစီ ..တနည်းအားဖြင့် လွတ်လပ်တဲ့ဒီမိုကရေစီစနစ်ကို ကျင့်သုံးတယ်..။လူထုဟာ မိမိစိတ်ကြိုက် အစိုးရကို ရွေးချယ်ခွင့်ရှိတယ်၊ဖြုတ်ချခွင့်ရှိတယ်..တရားဥပဒေဘောင်အတွင်းမှာ လူ့အခွင့်အရေးအပြည့်ဝရှိတယ်..အခုကမ္ဘာကြီးမှာ အောင်မြင်နေတဲ့ ဈေးကွက်စီးပွားရေးဆိုတာ လစ်ဘရယ်က ဆင်းသက်လာတဲ့ စီးပွားရေးပုံသဏ္ဍာန်ပါ….နှိုင်းယှဉ်ကြည့်မယ်ဆိုရင်..အာဏာရှင်စနစ်နဲ့ပဲဖြစ်ဖြစ်၊ တပါတီကြိုးကိုင်စနစ်နဲ့ပဲဖြစ်ဖြစ်...သွားနေကြတဲ့ တရုတ်လို၊ဗီယက်နမ်လို ကွန်မြူနစ်နိုင်ငံတွေမှာတောင်မှ သူတို့အယူအဆနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့..ဈေးကွက်စီးပွားေးရးပုံစံကို လက်ခံကျင့်သုံးလာတာကတော့..ထူးခြားချက် တခုပဲကွ၊”

“ အကို ကျနော်သိပ်မရှင်းလို့ မေးချင်တယ်….ဈေးကွက်စီးပွားရေးဆိုတာ ဘာလဲဗျ..”

ဒီတခါတော့ ထက်အောင်ရဲ့စူးရှလှတဲ့မေးခွန်းလေးက ကျနော့်ရင်ထဲကို ထိုးဖောက်သွားစေခဲ့တယ်…..ကျန်လက်စ လဘက်ရည်ကို တကျိုက်မော့သောက်လိုက်ရင်း…

“လွတ်လပ်စွာ ယှဉ်ပြိုင်ရောင်းဝယ်တဲ့ စီးပွားရေးပုံစံပေါ့ကွာ….အထူးသဖြင့် ပုဂ္ဂိုလ်အခန်းကဏ္ဍကို ဦးစားပေးပြီး..လူတိုင်းဟာ..လွတ်လွတ်လပ်လပ် ယှဉ်ပြိုင်ရောင်းဝယ်နိုင်ရမယ်..စီးပွားရေးပုံသဏ္ဍာန်တွေကို တရားဥပဒေဘောင်အတွင်းက..စိတ်ကြိုက်စီမံနိုင်ရမယ်...လို့ဆိုတယ်….။အခု နအဖက ပြဌာန်းထားတဲ့ စီးပွားရေးဦးတည်ချက်ဆိုတာမှာ..နိုင်ငံတော်ရဲ့စီးပွားရေးလုပ်ငန်းဟာ..နိုင်ငံတော်ရဲ့လက်ဝယ်မှာရှိရမယ်လို့လည်းဆိုတယ်…ပြီးတော့ ဈေးကွက်စီးပွားရေးကိုလည်း အကောင်ထည်ဖော်ဦးမယ်ဆိုတော့..ဆန့်ကျင်ဘက်ကြီးကွ..။တကယ်တော့ အစိုးရဆိုတာ အခွန်ပဲ ကောက်စားရတဲ့အမျိုးကွ..။သူက စီးပွားရေးလုပ်ငန်းမှန်သမျှကို လက်ဝါးကြီးအုပ်ပြီး..နိုင်ငံတော်စီးပွားရေးဆိုတဲ့ နောက်မှတော့..ဘယ်ကလာ ဈေးကွက်စီးပွားရေးပုံသဏ္ဍာန်ဖြစ်လာတော့မှာလဲကွာ…ပုဂ္ဂိုလ်တွေက ဘယ်လိုလုပ်လွတ်လွတ်လပ်လပ် ယှဉ်ပြိုင်လို့ရတော့မလဲကွာ…နောက်တခါ တော်တော်ကြောင်တဲ့ လုပ်ရပ်တခုရှိသေးတယ်..ကုန်ဈေးနှုန်းကို အာဏာနဲ့ထိန်းချုပ်တာလေ….အဲဒါ ဘယ်တော့မှ မရဘူး။မှတ်ထား..။ကုန်ဈေးနှုန်းဆိုတဲ့ အမျိုးက ဈေးကွက်အပေါ်မှာပဲ တည်မှီနေတာ…အခြေအနေ၊အကြောင်းအမျိုးမျိုးတိုက်ဆိုင်ပြီးဖြစ်နေတာ..ဒါကို အာဏာနဲ့ထိန်းချုပ်လို့ရပါ့မလားကွာ..ရလည်းခဏပေါ့..။တကယ်ခေတ်မှီတဲ့ နိုင်ငံတွေမှာ လူထုရဲ့အခြေခံလိုအပ်ချက်တွေအတွက် အစိုးရကိုယ်တိုင်က နှစ်နဲ့ချီပြီး စီမံထားရတာ..။ ဥပမာ..အမေရိကန်မှာ လောင်စာဆီဈေးတွေ တက်တယ်ကွာ…အဲဒါကိုလူထုက မကျေနပ်လို့ လူထုက ဆန္ဒလည်းပြရော..အစိုးရကဘာလုပ်သလဲဆိုတော့..သူတို့ သိုလှောင်ထားတဲ့ လောင်စာဆီတွေကို ဈေးအရမ်းချပြီး ရောင်းပစ်လိုက်တာ….နောက်တော့ လောင်စာတင်ပို့တဲ့နိုင်ငံတွေကပါ..ဈေးကို အစိုးရနှုန်းနဲ့အတူတူ လိုက်ချပေးလိုက်ရတော့..ဈေးတွေ ကျကုန်တော့တာပေါ့…လောင်စာဆီဈေးတက်လို့ဆို…..လောင်စာဆီရောင်းတဲ့သူတွေကို ဖမ်းလားဆီးလား လုပ်တယ်ကြားဖူးလား….ဒါ့ကြောင့် ကမ္ဘာကြီးကို လေ့လာလိုက်မယ်ဆိုရင် ဈေးကွက်ကို ထိန်းချုပ်ထားတဲ့ နိုင်ငံတွေထက် ဈေးကွက်ကို ပြိုင်ဆိုင်ခွင့်ပေးတဲ့ နိုင်ငံတွေက ပိုချမ်းသာ အောင်မြင်ကြတာ လေ့လာတွေ့ရှိရတယ်…..”

“ ဟုတ်တယ် အကိုရ... မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတခု လုပ်တော့မယ်ဆိုရင်တောင်မှ..ဟိုကပိတ်..ဒီက ကာနဲ့ လုပ်လို့ရတဲ့အလုပ်က..ခပ်ရှားရှားပါ..။သူတို့နဲ့ ပနံသင့်တဲ့လူတွေလောက်ပဲ..စီးပွားရေးကို ကောင်းကောင်း ထူထူထောင်ထောင် လုပ်နိုင်ကြတာ…။ကိုယ့်အရည်သွေး..အရည်အချင်းပေါ် တည်မှီပြီး..လွတ်လွတ်လပ်လပ် လုပ်နိုင်ဖို့..ဘယ်လောက်ကြာကြာ စောင့်ရဦးမလဲ မသိဘူးနော်…”

စိတ်ပျက်လက်ပျက်အသံနဲ့ညည်းညူလိုက်တဲ့ စန်းမောင်ကို ကြည့်ပြီး ကျနော့်ရင်ထဲတမျိုးဖြစ်သွားမိတယ်။

“ စီးပွားရေး လွတ်လပ်ခွင့်တွေမပေးဘဲနဲ့ ဘယ်လိုလုပ် ဈေးကွက်စီးပွားရေးပုံစံကို အကောင်ထည်ဖော်မလဲ မသိဘူး..ငါတော့ လိုက်မမှီတော့ဘူး..။အခုမြန်မာနိုင်ငံမှာ တွက်ခြေ အကိုက်ဆုံးစီးပွားရေးက..အာဏာပိုင်နဲ့ပင်းလုပ်တဲ့ အလုပ်ကလွဲလို့ ဘယ်လုပ်ငန်းတွေများထူထူ ထောင်ထောင်ရှိလို့လဲကွာ…”

အားလုံးဟာ မှင်သက်ပြီးနားထောင်နေကြတယ်..။

“ နောက်တခုက အစ္စလာမ်ဘာသာရေးအယူအဆကို ဒီမိုကရေစီနဲ့တွဲဘက်ကျင့်သုံးတယ်..ဥပမာ တူရကီလိုနိုင်ငံမျိုးပေါ့..ဒါကတော့ တို့နိုင်ငံနဲ့ အလှမ်းဝေးပါတယ်….ဒါ့ကြောင့် ဒီမိုကရေစီသဘောတရားနဲ့ပတ်သက်ပြီး ...ငါ အဓိကပြောချင်တာက ဒီမိုကရေစီဆိုတိုင်းလည်း မပြီးသေးဘူးဗျ…သူ့ရဲ့ပေါင်းစပ်တန်ဘိုး..ဘာနဲ့သွားမှာလဲ ဆိုတဲ့..မဟာဗျူဟာပုံစံက လိုသေးတယ်…ဆိုပါစို့…ခုနေ..” ကျနော်တို့လိုချင်တာ ဒီမိုကရေစီပါ ” ဆို ပြီး ထတောင်းဆိုမယ်ဆို..နအဖက ”ကျုပ်တို့ ခင်ဗျားတို့ကို ဒီမိုကရေစီပေးပါမယ်”လို့ပြောပြီးပြီ..ဖွဲ့စည်းပုံအခြေခံဥပဒေတောင်မှပြဌာန်းပေးပြီးပြီ..ဘာလာကြောင်တာလဲဆို..ဘာ ပြန်ဖြေကြမလဲ ..။ တကယ်တော့ အားလုံးပြောနေကြတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီဆိုတာ လွတ်လပ်တဲ့ဒီမိုကရေစီပုံစံကို ပြောတာပါ..။ ဒါကို သဲကွဲဖို့လိုတယ်…လွတ်လပ်မှု့ဆိုတဲ့နေရာမှာလည်း သူ့မှာဘောင်ရှိပါတယ်..။ငါမင်းတို့ကို တခုမေးချင်တယ်..လွတ်လပ်မှု့ကြောင့်ရရှိလာတဲ့ ဘေးထွက်ဆိုးကျိုးနဲ့ မလွတ်လပ်မှု့ကြောင့် ရလာမယ့် ဘေးထွက်ဆိုးကျိုး ဘယ်ဟာက ပိုဆိုးမယ် ထင်လဲ။…ဘေးထွက်ဆိုးကျိုးကို ကြောက်လို့ဆိုတဲ့ ..အကြောင်းပြချက်နဲ့ လွတ်လပ်မှု့တွေကို ဟန့်တားပြီး..အာဏာရှင်စနစ်အုပ်ချုပ်ရေးကိုတော့ ငါမကြိုက်တာအမှန်ပဲကွ ”

“ ဒါပေါ့ အကိုရာ..နိုင်ငံရေးစနစ်ပုံစံတွေမှာ ဘေးထွက်ဆိုးကျိုးဆိုတာ အနည်းနဲ့အများရှိနေကြမှာပါပဲ…ဒါကို ရိုးမယ်ဖွဲ့ပြီးနေမယ်ဆို..မလုပ်လို့မဖြစ်..မဖြစ်လို့မလုပ်ဆိုတဲ့ အဆိုးသံသရာထဲမှာပဲ လည်နေဦးမှာပဲ ”

ကိုသွေးရဲ့စကားအဆုံး..သတိထားကြည့်လိုက်တော့ စန်းမောင်ပုံစံက တခုခုကို သိပ်မရှင်းတဲ့ပုံ..မျက်မှောင်ကို ကုတ်ရင်း စဉ်းစားနေဟန် ရှိနေရာကနေ….

“ အကို ကျနော်တို့အတွက် သိပ်သိချင်တဲ့ အရာကိုလည်း ပြောဦးလေ…အကို မေ့နေပုံရတယ်..ခုန အကိုရှင်းပြသွားတဲ့အထဲက လွတ်လပ်တဲ့ဒီမိုကရေစီ (တနည်းအားဖြင့်) လစ်ဘရယ်ဒီမိုကရေစီဆိုတာ ဘာလဲ ”

“ ငါရှင်းပြမလို့ပါ..ဒီလိုကွ… လစ်ဘရယ်ဆိုတဲ့ဝေါဟာရက လက်တင်ဘာသာစကား( Liber ) ဆိုတာကနေ ဆင်းသက်လာတာ အင်္ဂလိပ်လိုတော့ လွတ်လပ်ခြင်း ( Free ) လို့အဓိပါယ်ရတယ်။ လစ်ဘရယ်ရဲ့ ဂုဏ်အင်္ဂါရပ်တွေကတော့..( ၁ ) လွတ်လပ်မှု့၏ဂုဏ်သိက္ခာကိုတန်ဘိုးထားခြင်း၊ ( ၂ ) လူပုဂ္ဂို တဦးချင်းအပေါ်အခြေခံသည့်ဝါဒ၊ ( ၃ ) အခြေခံဥပဒေနဲ့အညီအုပ်ချုပ်သောအစိုးရများအားဖော်ဆောင်ခြင်း၊( ၄ ) စီးပွားရေးစနစ်ကို လူအဖွဲ့အစည်းကလိုအပ်သလို ပြဌာန်းနိုင်ခွင့်ကိုလမ်းဖွင့်ပေးရေး နှင့် အစိုးရကထိန်းချုပ်မှု့ကင်းဝေးရေးဆိုတာတွေပဲ…လစ်ဘရယ်ဒီမိုကရေစီဆိုတာ..လစ်ဘရယ်ဝါဒနဲ့ ဒီမိုကရေစီအယူအဆကိုပေါင်းစပ်ထားတာပေါ့…နောက်တချက်က ..လစ်ဘရယ်ဒီမိုကရေစီရဲ့အခြေခံသဘောတရားတွေကတော့….လွတ်လပ်မှု့၊ညီမျှမှု့၊ ချစ်ကြည်မှု့၊ လူမှု့ရိုင်းပင်းမျှဝေခြင်းဆိုတာတွေပဲ…..ဒါ့အပြင်…..”

“ ဟိုး..ဟိုး..အကို့ ...ခဏလေး..ကျနော်လိုက်မှတ်နေလို့..”

စန်းမောင်က ပျာယိပျာရာနဲ့ လှမ်းတားလိုက်တော့မှ..

“ ဆောရီးကွာ စန်းမောင် ။ငါကလည်း ပြောချင်ဇောနဲ့ လောကြီးသွားတယ်…….”

စန်းမောင်က လက်ကာပြပြီး..

“ ရပြီ အကို ....ဆက်ပြောပါဦး”

“ အရေးကြီးဆုံးတချက်ကတော့…ဒီမိုကရေစီ၊ လူ့အခွင့်ရေး၊ဈေးကွက်စီးပွားရေးလွတ်လပ်ခွင့်ဆိုတာတွေဟာ…လွတ်လပ်တဲ့ဒီမိုကရေစီ တနည်းအားဖြင့် လစ်ဘရယ်ဒီမိုကရေစီမှာပဲရှိတဲ့ တန်ဘိုးပဲကွ..ဘယ်စနစ်၊ ဘယ်အယူအဆမှာမှမရှိဘူး…”

“ တန်ဘိုးရှိလိုက်တဲ့..အရာတွေအကိုရာ.. အကိုပြောသွားတဲ့အထဲမှာ လစ်ဘရယ်ဒီမိုကရေစီကျင့်သုံးတာ..အမေရိကန်၊ဥရောပ၊အပါအ၀င် အာရှမှာဆို..တောင်ကိုရီးယား၊ဂျပန်၊အိန္ဒိယ၊ စတဲ့နိုင်ငံတွေပေါ့နော်…”

စန်းမောင်က ..မေးမေးမှတ်မှတ် လုပ်ရင်းက ၀င်ထောက်လိုက်တော့……

“ ဟုတ်တယ်..နောက် လစ်ဘရယ်ဒီမိုကရေစီကို အကောင်ထည်ဖော်နေတဲ့အထဲမှာ..ထိုင်း၊ဖိလစ်ပိုင်၊မလေးရှား၊ကမ္ဘောဒီးရား တို့အပြင်အများကြီးရှိသေးတယ်….ဒီမိုကရေစီလို့ပြောလိုက်တာနဲ့အားလုံးနီးပါးသောနိုင်ငံတွေဟာ..လွတ်လပ်တဲ့ဒီမိုကရေစီ ( လစ်ဘရယ်ဒီမိုကရေစီ ) တခါ မင်းတို့ငါတို့အများသူငါပြောနေကြတဲ့ စစ်မှန်သောဒီမိုကရေစီ အားလုံးအတူတူပါပဲ..အဲဒီ့ကိုဦးတည်သွားနေကြတာပါကွာ…တခြားဟာမဟုတ်ပါဘူး……” ပြောပြောဆိုဆို ကျနော် နာရီကိုကြည့်လိုက်တော့ အလုပ်ကိစ္စတခုဆောင်ရွက်ဖို့ အချိန်နီးနေတာ အခုမှသတိထားမိတော့တယ်….။

“ ကဲ..ဒီနေ့တော့..ဒီလောက်ပဲ..ရပ်ထားလိုက်ရအောင်..နောက်နေ့မှ ဆက်ကြတာပေါ့….”

အညာမြေရဲ့လှပတဲ့ ညနေခင်းလေး တခုကို ကျနော်တို့ အကျိုးရှိစွာကျော်ဖြတ် လိုက်ခဲ့ပြီလား………ကျနော့်ရဲ့စိတ်တွေကတော့..ပေါ့ပါးလန်းဆန်းလျှက်ရှိသည်။ လူငယ်တွေသိချင်သော အကြောင်းအရာများကို ကျေကျေနပ်နပ် ပြောပြခွင့်ရခဲ့သောကြောင့်…..ဒီလိုအချိန်၊အခြေနေမျိုးတွေ များများရှိပါစေ...လို့တောင့်တရင်း…။…….

အပိုင်း ( ၄ ) ဆက်ပါဦးမည်။

အားလုံးကို လေးစားစွာဖြင့်-

( မောင်မောင်ဝမ်း )

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)