** Nike အမျိုးသမီးတင်းနစ်ဝတ်စုံသစ်နှင့် ရှာရာပိုဗာ **မာရီယာ ရှာရာပိုဗာသည် Nike အားကစား အသုံးအဆောင် ကုမ္ပဏီ၏ (၂၀၁၁)ခုနှစ်အတွက် အမျိုးသမီး တင်းနစ်ဝတ်စုံသစ်အတွက် ကြော်ငြာဓာတ်ပုံ အရိုက်ခံခဲ့ကြောင်း သိရသည်။ ဩစတြေးလျ အိုးပင်းတွင် အဆိုပါ ၀တ်စုံသစ်ကို ရှာရာပိုဗာအနေနှင့် ၀တ်ဆင်သွားဖွယ် ရှိနေသည်။ အသက်(၂၃)နှစ်ရှိ ရုရှားတင်းနစ်မယ်သည် ပြီးခဲ့သည့်နှစ် ဇန်န၀ါရီလက Nikeနှင့် ပေါင်စတာလင် (၄၃)သန်းတန် (၈)နှစ်စာချုပ်ကို ချုပ်ဆိုခဲ့ပြီး ယင်းစာချုပ်ပါ အချက်အရ ယခုကဲ့သို့ ကြော်ငြာဓာတ်ပုံ အရိုက်ခံခဲ့ခြင်းဖြစ်သည်။ အဆိုပါ စာချုပ်ကြောင့် သူမသည် တင်းနစ်မယ် တစ်ဦးအနေနှင့် ၀င်ငွေအမြင့်မားဆုံး စံချိန်ကို ရရှိလာခဲ့သည်။ မီးခိုးနှင့် လိမ္မော်ရောင် ရောစပ်ထားသည့် ဖက်ရှင်ဒီဇိုင်းသစ်နှင့် ပနံရ လှပနေသော ရှာရာပိုဗာသည် သူမ၏ ပေါင်စတာလင် (၂၅၀၀၀)တန် စေ့စပ်လက်စွပ်ကိုလည်း ပြသခဲ့သည်။ သူမသည် ဆာဘီးယားနိုင်ငံသား နယူးဂျာစီ နက်စ်အသင်း ကစားသမား ဆာရှာဗူဂျာဆစ်နှင့် ပြီးခဲ့သည့်နှစ်၊ အောက်တိုဘာလက စေ့စပ်ခဲ့သည်။ ရှာရာပိုဗာသည် ကမ္ဘာ့အဆင့် (၁) တင်းနစ်မယ်အဖြစ် ရပ်တည်ခဲ့ဖူးသော်လည်း လက်ရှိတွင်မူ အားကစား ကဏ္ဍတွင် အောင်မြင်မှုများ ဝေးကွာလျက်ရှိသည်။ မည်သို့ပင်ဖြစ်စေ သူမ၏ အလှအပနှင့် ဆွဲဆောင်မှုရှိသော ပုံရိပ်ကြောင့် ကမ္ဘာပေါ်တွင် ဓာတ်ပုံအရိုက်ခံရဆုံး အားကစားမယ်အဖြစ် ရပ်တည်လျက်ရှိသည်။ Forbesမဂ္ဂဇင်းက ယမန်နှစ်အတွင်း ရှာရာပိုဗာ၏ စုစုပေါင်း ကြွယ်ဝမှု ပမာဏသည် ပေါင်စတာလင် (၂၄)သန်းဝန်းကျင်ထိ ရှိခဲ့ကြောင်း ခန့်မှန်းဖော်ပြခဲ့သည်။ သို့သော် ရှာရာပိုဗာသည် ယမန်နှစ်အတွင်း ပြိုင်ပွဲများမှ ဆုကြေး ပေါင်စတာလင် (၇)သိန်းမျှသာ ရရှိခဲ့ကြောင်း သိရသည်။
** ချယ်လ်ဆီးကစားသမားများ ယုံကြည်မှု လျော့နည်းလာနေဟုဆို **
ချယ်လ်ဆီးအသင်း ကွင်းလယ်ကစားသမား ဖရန့်ခ်လမ်းပတ်က ၎င်းတို့အသင်း ကစားသမားများ ယုံကြည်မှု တစထက်တစ လျော့နည်းကျဆင်းလာနေကြောင်း ၀န်ခံပြောကြားလိုက်သည်။ အသက်(၃၂)နှစ် ရှိပြီဖြစ်ပြီး လက်ရှိချန်ပီယံ ကလပ်အသင်း၏ အဓိက ကစားသမားတစ်ဦးအဖြစ် ရပ်တည်နေသော လမ်းပတ်က ချယ်လ်ဆီးနည်းပြဟောင်း ဖီးလ်စကိုလာရီ လက်ထက်ကကဲ့သို့ အသင်းတွင် နိုင်လိုစိတ် လျော့နည်းကျဆင်းလာကြောင်း သုံးသပ်ခဲ့သည်။ ချယ်လ်ဆီးနည်းပြ ကာလိုအန်ဆလော့တီသည် နောက်ဆုံး(၉)ပွဲတွင် (၁)ပွဲသာ အနိုင်ရရှိသည့် ရလဒ်ကြောင့် ဖိအားများနှင့် အကြီးအကျယ် ကြုံတွေ့နေရသည်။ ချယ်လ်ဆီးသည် အမှတ်ပေးဇယားတွင် ဦးဆောင်သူ မန်ချက်စတာ ယူနိုက်တက်ထက် (၁)ပွဲပိုကစား (၉)မှတ်လျော့ဖြင့် အမှတ်ပေးဇယား ပဉ္စမနေရာတွင်သာ ရပ်တည်နိုင်ခဲ့သည်။ “စကိုလာရီလက်ထက်က ကျဆုံးခန်းတွေနဲ့ အခုအခြေအနေဟာ တော်တော်လေး ဆင်တူနေပါတယ်။ အပါတ်တိုင်း ရှုံးပွဲတွေ ကြုံနေရရင် ရှေ့ဆက်ဖို့ ခက်ခဲလာတာ အမှန်ပါပဲ”ဟု လမ်းပတ်ကဆိုသည်။
** ဒေါ့တ်မန်ခံစစ်မှူး နီဗန်ဆူဘိုတစ်အား ခေါ်ယူရန် ချယ်လ်ဆီးပြင်ဆင် **
ချယ်လ်ဆီးအသင်းသည် ဂျာမန်ကလပ် ဘိုရပ်ရှားဒေါ့တ်မန် ခံစစ်မှူး နီဗန်ဆူဘိုတစ်အား ခေါ်ယူရန် ပြင်ဆင်နေကြောင်း သိရသည်။ အသက်(၂၂)နှစ်အရွယ် ဗဟိုခံစစ်မှူးကို မန်ချက်စတာယူနိုက်တက်နှင့် ရီးယဲလ်မက်ဒရစ်တို့ကလည်း စိတ်ဝင်စားလျက်ရှိသည်။ ကာလိုအန်ဆလော့တီသည် အသင်းမှ ဦးစားပေး ခံစစ်မှူးများဖြစ်သော ဂျွန်တယ်ရီနှင့် အဲလက်စ်တို့ အသက်အရွယ် ကြီးရင့်လာမှုကြောင့် ရေရှည်အစားထိုးရန် ငယ်ရွယ်ပြီး ကစားအားကောင်းသော ဆူဘိုတစ်ကို စိတ်ဝင်စားလာခြင်းဖြစ်သည်။ ဆာဘီးယား လက်ရွေးစင် ဆူဘိုတစ်ကို အသက်(၃၂)နှစ်အရွယ် ရှိနေပြီဖြစ်သော ပေါ်တူဂီ လက်ရွေးစင် ရီကာဒို ကာဗယ်လ်ဟို နေရာအတွက် ရီးယဲလ်နည်းပြ ဂျို့စ်မော်ရင်ဟိုက စိတ်ဝင်စားလျက်ရှိသည်။ ထို့အပြင် ယူနိုက်တက် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ကလည်း ဆာဘီးယား လက်ရွေးစင်အသင်းတွင် ယူနိုက်တက် ခံစစ်မှူး နီမန်ဂျာဗီဒစ်နှင့် အတွဲညီညီ ခြေစွမ်းပြနိုင်သည့် ဆူဘိုတစ်အား အလိုရှိနေကြောင်း သတင်းများကဆိုသည်။ သို့သော် ချယ်လ်ဆီးသည် လက်ဦးမှု ရယူကာ ဆူဘိုတစ်အတွက် ပေါင်(၁၇.၅)သန်းဖြင့် ကမ်းလှမ်းရန် ပြင်ဆင်လျက်ရှိသည်။ ချယ်လ်ဆီးတွင် တယ်ရီနှင့် အဲလက်စ်တို့အပြင် ဘရာနီဆလက်ဗ် အိုင်ဗန်နိုဗစ်မှာလည်း ပင်ကိုယ်ခြေစွမ်း ပျောက်ဆုံးနေပြီး လူငယ်ကစားသမားလေးများ ဖြစ်ကြသည့် ဂျယ်ဖရီ ဘရူးမားနှင့် ပက်ထရစ်ဗန် အန်နာဟော့တ်တို့မှာလည်း အပြည့်အ၀ အားကိုးရခြင်း မရှိသေးသောကြောင့် နည်းပြ အန်ဆလော့တီအနေနှင့် ခံစစ်ကို အားဖြည့်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။ ဒေါ့တ်မန်ကမူ ၎င်းတို့သည် ဆူဘိုတစ်ကို ရောင်းချရန် စိတ်ကူးမရှိကြောင်း ကြေညာထားသည်။ ဒေါ့တ်မန်၏ ပြောရေးဆိုခွင့်ရ အရာရှိ စတိဗ်ကယ်လီက “သူဟာ ဒေါ့တ်မန်က ထွက်ခွာမှာ မဟုတ်ပါဘူး။ ဆူဘိုတစ်ဟာ ဂျာမနီမှာ အခြေကျ ပျော်ရွှင်နေပါပြီ”ဟု ပြောကြားသွားသည်။
** ကီရာနိုက်တလေတို့စုံတွဲ အချစ်ဇာတ်လမ်း အဆုံးသတ် **
ကီရာနိုက်တလေတစ်ယောက် ချစ်သူနှင့် လမ်းခွဲလိုက်ပြီဟု သိရသည်။ Atonementစတား ဗြိတိသျှ ရုပ်ရှင်မင်းသမီးသည် ရူးပတ်ဖရင့်နှင့် (၅)နှစ်ကြာ ချစ်သက်တမ်းကို ခရစ္စမတ် ကာလကတည်းက အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း The Sun သတင်းစာက ဖော်ပြခဲ့သည်။ ကီရာ၏ဖခင်ဖြစ်သူ ၀ီလ်နိုက်တလေက “သူတို့နှစ်ယောက် လမ်းခွဲလိုက်တယ်ဆိုတာ ဟုတ်ပါတယ်။ ကံအကြောင်းမလှတဲ့ ကိစ္စတွေကြောင့် သူတို့တွေ ရှေ့ဆက်ဖို့ မဖြစ်နိုင်ပါဘူး။ သူတို့နှစ်ယောက် အကြာကြီး အတူနေခဲ့သလို လမ်းခွဲဖို့ အခြေအနေကလည်း ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့တာပါ။ လောလောဆယ် ကီရာဟာ သူ့အလုပ်အတွက်ပဲသူ အာရုံစိုက် နေပါတယ်”ဟု The Sunသို့ ပြောကြားခဲ့သည်။ အသက်(၂၅)နှစ် ရှိပြီဖြစ်သော ကီရာသည် သူမထက် (၄)နှစ်ကြီးသည့် ရူးပတ်နှင့် (၂၀၀၅)ခုနှစ်၊ Pride and Prejudice ရိုက်ကွင်းတွင် စတင်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
** 7 Day သတင်းဂျာနယ်မှ ကူးယူဖော်ပြသည်။ **

** Nike အမျိုးသမီးတင်းနစ်ဝတ်စုံသစ်နှင့် ရှာရာပိုဗာ **
မာရီယာ ရှာရာပိုဗာသည် Nike အားကစား အသုံးအဆောင် ကုမ္ပဏီ၏ (၂၀၁၁)ခုနှစ်အတွက် အမျိုးသမီး တင်းနစ်ဝတ်စုံသစ်အတွက် ကြော်ငြာဓာတ်ပုံ အရိုက်ခံခဲ့ကြောင်း သိရသည်။ ဩစတြေးလျ အိုးပင်းတွင် အဆိုပါ ၀တ်စုံသစ်ကို ရှာရာပိုဗာအနေနှင့် ၀တ်ဆင်သွားဖွယ် ရှိနေသည်။ အသက်(၂၃)နှစ်ရှိ ရုရှားတင်းနစ်မယ်သည် ပြီးခဲ့သည့်နှစ် ဇန်န၀ါရီလက Nikeနှင့် ပေါင်စတာလင် (၄၃)သန်းတန် (၈)နှစ်စာချုပ်ကို ချုပ်ဆိုခဲ့ပြီး ယင်းစာချုပ်ပါ အချက်အရ ယခုကဲ့သို့ ကြော်ငြာဓာတ်ပုံ အရိုက်ခံခဲ့ခြင်းဖြစ်သည်။ အဆိုပါ စာချုပ်ကြောင့် သူမသည် တင်းနစ်မယ် တစ်ဦးအနေနှင့် ၀င်ငွေအမြင့်မားဆုံး စံချိန်ကို ရရှိလာခဲ့သည်။ မီးခိုးနှင့် လိမ္မော်ရောင် ရောစပ်ထားသည့် ဖက်ရှင်ဒီဇိုင်းသစ်နှင့် ပနံရ လှပနေသော ရှာရာပိုဗာသည် သူမ၏ ပေါင်စတာလင် (၂၅၀၀၀)တန် စေ့စပ်လက်စွပ်ကိုလည်း ပြသခဲ့သည်။ သူမသည် ဆာဘီးယားနိုင်ငံသား နယူးဂျာစီ နက်စ်အသင်း ကစားသမား ဆာရှာဗူဂျာဆစ်နှင့် ပြီးခဲ့သည့်နှစ်၊ အောက်တိုဘာလက စေ့စပ်ခဲ့သည်။ ရှာရာပိုဗာသည် ကမ္ဘာ့အဆင့် (၁) တင်းနစ်မယ်အဖြစ် ရပ်တည်ခဲ့ဖူးသော်လည်း လက်ရှိတွင်မူ အားကစား ကဏ္ဍတွင် အောင်မြင်မှုများ ဝေးကွာလျက်ရှိသည်။ မည်သို့ပင်ဖြစ်စေ သူမ၏ အလှအပနှင့် ဆွဲဆောင်မှုရှိသော ပုံရိပ်ကြောင့် ကမ္ဘာပေါ်တွင် ဓာတ်ပုံအရိုက်ခံရဆုံး အားကစားမယ်အဖြစ် ရပ်တည်လျက်ရှိသည်။ Forbesမဂ္ဂဇင်းက ယမန်နှစ်အတွင်း ရှာရာပိုဗာ၏ စုစုပေါင်း ကြွယ်ဝမှု ပမာဏသည် ပေါင်စတာလင် (၂၄)သန်းဝန်းကျင်ထိ ရှိခဲ့ကြောင်း ခန့်မှန်းဖော်ပြခဲ့သည်။ သို့သော် ရှာရာပိုဗာသည် ယမန်နှစ်အတွင်း ပြိုင်ပွဲများမှ ဆုကြေး ပေါင်စတာလင် (၇)သိန်းမျှသာ ရရှိခဲ့ကြောင်း သိရသည်။
** ချယ်လ်ဆီးကစားသမားများ ယုံကြည်မှု လျော့နည်းလာနေဟုဆို **
ချယ်လ်ဆီးအသင်း ကွင်းလယ်ကစားသမား ဖရန့်ခ်လမ်းပတ်က ၎င်းတို့အသင်း ကစားသမားများ ယုံကြည်မှု တစထက်တစ လျော့နည်းကျဆင်းလာနေကြောင်း ၀န်ခံပြောကြားလိုက်သည်။ အသက်(၃၂)နှစ် ရှိပြီဖြစ်ပြီး လက်ရှိချန်ပီယံ ကလပ်အသင်း၏ အဓိက ကစားသမားတစ်ဦးအဖြစ် ရပ်တည်နေသော လမ်းပတ်က ချယ်လ်ဆီးနည်းပြဟောင်း ဖီးလ်စကိုလာရီ လက်ထက်ကကဲ့သို့ အသင်းတွင် နိုင်လိုစိတ် လျော့နည်းကျဆင်းလာကြောင်း သုံးသပ်ခဲ့သည်။ ချယ်လ်ဆီးနည်းပြ ကာလိုအန်ဆလော့တီသည် နောက်ဆုံး(၉)ပွဲတွင် (၁)ပွဲသာ အနိုင်ရရှိသည့် ရလဒ်ကြောင့် ဖိအားများနှင့် အကြီးအကျယ် ကြုံတွေ့နေရသည်။ ချယ်လ်ဆီးသည် အမှတ်ပေးဇယားတွင် ဦးဆောင်သူ မန်ချက်စတာ ယူနိုက်တက်ထက် (၁)ပွဲပိုကစား (၉)မှတ်လျော့ဖြင့် အမှတ်ပေးဇယား ပဉ္စမနေရာတွင်သာ ရပ်တည်နိုင်ခဲ့သည်။ “စကိုလာရီလက်ထက်က ကျဆုံးခန်းတွေနဲ့ အခုအခြေအနေဟာ တော်တော်လေး ဆင်တူနေပါတယ်။ အပါတ်တိုင်း ရှုံးပွဲတွေ ကြုံနေရရင် ရှေ့ဆက်ဖို့ ခက်ခဲလာတာ အမှန်ပါပဲ”ဟု လမ်းပတ်ကဆိုသည်။
** ဒေါ့တ်မန်ခံစစ်မှူး နီဗန်ဆူဘိုတစ်အား ခေါ်ယူရန် ချယ်လ်ဆီးပြင်ဆင် **
ချယ်လ်ဆီးအသင်းသည် ဂျာမန်ကလပ် ဘိုရပ်ရှားဒေါ့တ်မန် ခံစစ်မှူး နီဗန်ဆူဘိုတစ်အား ခေါ်ယူရန် ပြင်ဆင်နေကြောင်း သိရသည်။ အသက်(၂၂)နှစ်အရွယ် ဗဟိုခံစစ်မှူးကို မန်ချက်စတာယူနိုက်တက်နှင့် ရီးယဲလ်မက်ဒရစ်တို့ကလည်း စိတ်ဝင်စားလျက်ရှိသည်။ ကာလိုအန်ဆလော့တီသည် အသင်းမှ ဦးစားပေး ခံစစ်မှူးများဖြစ်သော ဂျွန်တယ်ရီနှင့် အဲလက်စ်တို့ အသက်အရွယ် ကြီးရင့်လာမှုကြောင့် ရေရှည်အစားထိုးရန် ငယ်ရွယ်ပြီး ကစားအားကောင်းသော ဆူဘိုတစ်ကို စိတ်ဝင်စားလာခြင်းဖြစ်သည်။ ဆာဘီးယား လက်ရွေးစင် ဆူဘိုတစ်ကို အသက်(၃၂)နှစ်အရွယ် ရှိနေပြီဖြစ်သော ပေါ်တူဂီ လက်ရွေးစင် ရီကာဒို ကာဗယ်လ်ဟို နေရာအတွက် ရီးယဲလ်နည်းပြ ဂျို့စ်မော်ရင်ဟိုက စိတ်ဝင်စားလျက်ရှိသည်။ ထို့အပြင် ယူနိုက်တက် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ကလည်း ဆာဘီးယား လက်ရွေးစင်အသင်းတွင် ယူနိုက်တက် ခံစစ်မှူး နီမန်ဂျာဗီဒစ်နှင့် အတွဲညီညီ ခြေစွမ်းပြနိုင်သည့် ဆူဘိုတစ်အား အလိုရှိနေကြောင်း သတင်းများကဆိုသည်။ သို့သော် ချယ်လ်ဆီးသည် လက်ဦးမှု ရယူကာ ဆူဘိုတစ်အတွက် ပေါင်(၁၇.၅)သန်းဖြင့် ကမ်းလှမ်းရန် ပြင်ဆင်လျက်ရှိသည်။ ချယ်လ်ဆီးတွင် တယ်ရီနှင့် အဲလက်စ်တို့အပြင် ဘရာနီဆလက်ဗ် အိုင်ဗန်နိုဗစ်မှာလည်း ပင်ကိုယ်ခြေစွမ်း ပျောက်ဆုံးနေပြီး လူငယ်ကစားသမားလေးများ ဖြစ်ကြသည့် ဂျယ်ဖရီ ဘရူးမားနှင့် ပက်ထရစ်ဗန် အန်နာဟော့တ်တို့မှာလည်း အပြည့်အ၀ အားကိုးရခြင်း မရှိသေးသောကြောင့် နည်းပြ အန်ဆလော့တီအနေနှင့် ခံစစ်ကို အားဖြည့်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။ ဒေါ့တ်မန်ကမူ ၎င်းတို့သည် ဆူဘိုတစ်ကို ရောင်းချရန် စိတ်ကူးမရှိကြောင်း ကြေညာထားသည်။ ဒေါ့တ်မန်၏ ပြောရေးဆိုခွင့်ရ အရာရှိ စတိဗ်ကယ်လီက “သူဟာ ဒေါ့တ်မန်က ထွက်ခွာမှာ မဟုတ်ပါဘူး။ ဆူဘိုတစ်ဟာ ဂျာမနီမှာ အခြေကျ ပျော်ရွှင်နေပါပြီ”ဟု ပြောကြားသွားသည်။
** ကီရာနိုက်တလေတို့စုံတွဲ အချစ်ဇာတ်လမ်း အဆုံးသတ် **
ကီရာနိုက်တလေတစ်ယောက် ချစ်သူနှင့် လမ်းခွဲလိုက်ပြီဟု သိရသည်။ Atonementစတား ဗြိတိသျှ ရုပ်ရှင်မင်းသမီးသည် ရူးပတ်ဖရင့်နှင့် (၅)နှစ်ကြာ ချစ်သက်တမ်းကို ခရစ္စမတ် ကာလကတည်းက အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း The Sun သတင်းစာက ဖော်ပြခဲ့သည်။ ကီရာ၏ဖခင်ဖြစ်သူ ၀ီလ်နိုက်တလေက “သူတို့နှစ်ယောက် လမ်းခွဲလိုက်တယ်ဆိုတာ ဟုတ်ပါတယ်။ ကံအကြောင်းမလှတဲ့ ကိစ္စတွေကြောင့် သူတို့တွေ ရှေ့ဆက်ဖို့ မဖြစ်နိုင်ပါဘူး။ သူတို့နှစ်ယောက် အကြာကြီး အတူနေခဲ့သလို လမ်းခွဲဖို့ အခြေအနေကလည်း ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့တာပါ။ လောလောဆယ် ကီရာဟာ သူ့အလုပ်အတွက်ပဲသူ အာရုံစိုက် နေပါတယ်”ဟု The Sunသို့ ပြောကြားခဲ့သည်။ အသက်(၂၅)နှစ် ရှိပြီဖြစ်သော ကီရာသည် သူမထက် (၄)နှစ်ကြီးသည့် ရူးပတ်နှင့် (၂၀၀၅)ခုနှစ်၊ Pride and Prejudice ရိုက်ကွင်းတွင် စတင်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
** 7 Day သတင်းဂျာနယ်မှ ကူးယူဖော်ပြသည်။ **
No comments:
Post a Comment