ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, January 15, 2011

ဂိမ်းသီအိုရီတွေနှင့် ဂိမ်နေသောဆရာတစ်ဦးသို့

>
** “မသိချင်ယောင်ဆောင်ကိန်းနှင့် အမှန်တရားပေါ်လဒနား သီအိုရီ”**

ယခုရေးမည့်စာသည် အမှတ် (၂၇၀) အခွင့်အလမ်းဂျာနယ်၊ ဇန်နဝါရီ ၁၁၊ ၂၀၁၁၊ ထုတ်မှ ဆရာမောင်စူးစမ်း၏ “မသိကိန်းနှင့် ဧကန် တရား” စာတိုလေးကို သဘောမကျသဖြင့် စာရေးသူသိသမျှ၊ ယုံကြည်သမျှ တရားမဝင် ပြန်ရေးရခြင်းဖြစ်သည်။ အမှား၊ အမှန်နှင့် ယထာဘုတကျသည်မကျသည်မှာ မည်သူနှင့်မျှမဆိုင်ဘဲ စာရေးသူ၏ တာဝန်သာဖြစ်ပါသည်ဟု ကြိုတင်ဝန်ခံထားချင်သလို၊ ယခု လိုရေးသားခဲ့မှုအတွက်လည်း မည်သူ့ကိုမျှ တောင်း ပန်မျက်နှာချိုသွေးမည်မဟုတ်ပေ။ ဖတ်ပြီးပါကလည်း စာဖတ်သူကိုယ်တိုင် ကျွန်တော့် Notes တွင် ကြိုက်သလို ဝေဖန်ရေးသားသွားနိုင်ပါသည်။

ဆရာမောင်စူးစမ်း၏ စာတိုလေးအချုပ်မှာ အောက်ပါအတိုင်းဖြစ်သည်။ နယ်မှတူတော်မောင်တစ်ယောက် ၁၀ အောင်သည်။ မကွေး ကျန်းမာရေးမှူးကျောင်းသို့ပို့ဖြစ်သည်။ မကွေးရောက်တော့ သူငယ်ချင်းစာရေးဖော် များနှင့်တွေ့သည်။ စကားဝိုင်းလေးဖြစ်သည်။ ဒါလောက်ဘဲ။ အနှစ်ချုပ်ကတော့ ရိုက်ချက်ပြင်းသည်။

“နယ်ခံစာရေးဆရာတို့က အကြောင်းစုံကိုမေးမြန်းရာ စာရေးသူက သိသမျှပြန်ရှင်းပြသည်။ ထိုအထဲ စာရေး သူက စိတ်ရောကိုယ်ပါ ပြောဆိုဖြစ်သောအကြောင်းအရာသည်“မသိကိန်း”အကြောင်းဖြစ်သည်။”

သေချာတာကတော့ နယ်မြို့လေးတွင် သတင်းမှန်အများစုဖတ်ရှုနိုင်သော အင်တာနက်သတင်းစာမျက်နှာများ ဖွံ့ဖြိုးမှုမရှိနိုင်သော အခြေနေတွင်ရှိသည်။ စာရေးဆရာနှင့် သက်တမ်းတူ စာရေးဆရာများသည် သတင်းစာနှင့် စာပေလွတ်လပ်ခွင့်ဗီတာမင်ချို့တဲ့နေသော မဂ္ဂဇင်းများ၊ ဂျာနယ်များဖြင့် အသက်ရှုနေရသောသူများပါမည်။ စာ ဝါနှင့် သက်ကြီးဝါကို ကန်တော့ပါသည်။ ကျွန်တော် အခြေနေကို သုံးသပ်ပြယုံသာဖြစ်ပြီး ဆရာတို့ရဲ့ ဂုဏဂုဏ် ကို စိတ်ထဲမှာပင်မပြစ်မှားပါ။ ထိုသူများကို စာရေးသူ(ဆရာမောင်စူးစမ်း)က စိတ်ရောကိုယ် ပါ(ယုံကြည်သဖြင့် ဝါဒဖြန့်ခြင်းဟု စာရေးသူကျွန်တော်က ဘာသာပြန်ချင်ပါသည်။) ပြောဆိုဖြစ်သော အကြောင်းအရာသည် “မသိ ကိန်း”အကြောင်းဖြစ်သည်။

“နိုင်ငံရေးအပါဝင် လူ့ဘဝဆိုသည်မှာ မသိကိန်းနှင့််သိကိန်းတို့ကို အရောအစပ်ပြုရသော ဂိမ်း game of mixure of unknown and known ဖြစ်သည်ဟု အနက်ဖွင့်ပြသည်။ အရာရာကို လေ့လာရာ၌ သောချာရေရာမှုကို အခြေ ခံမလား သို့တည်း မဟုတ် ဧကန်မဲ့မှုကို uncertainty ပေါ် အခြေခံမလားဟူ၍ ရွေးချယ်ရမည်။ ဧကန်တရားနှင့် ဧ ကန်မဲ့မှုတရားတို့ကို နှိုင်းယှဉ်တွက်ဆကြည့်ရန် လိုခြင်းဖြစ်သည်။”

အထက်ပါစာပုဒ်အတွက် တစ်ခုပြောလိုပါသည်။ အကုသိုလ်တရားသည်၎င်း၊ ပြစ်မှုမြောက်အမှုအခင်းများသည် ၄င်း မသိလို့ပြုမူမိ သည်ဖြစ်သဖြင့် အပြစ်လွတ်ရိုးထုံးစံမရှိဟူသည်ကို ဥပဒေကျမ်းအစောင်စောင်တွင်ပြဌာန်း ထားပြီးဖြစ်သလို၊ ဘုရားရှင်ကိုယ်တော်တိုင် လည်း မသိလို့ပြုလည်း အကုသိုလ်အမှုကိုပြုမိလျှင် အကုသိုလ် မြောက်သည်ဟု ဟောဖော်ညွှန်ပြခဲ့ဖူးသည်။ ဓမ္မဘက်ကိုခဏထားပြီး ဆရာမောင်စူးစမ်း ဆွဲချုံ့သလို နိုင်ငံရေး ဘက်ကိုဘဲ ကျွန်တော် စောင်းပေးပါရစေ။

ချုံ့လိုက်လျှင် နိုင်ငံရေးသည် game of mixure of unknown and known ဟု ယတိပြတ်ဆိုချင်ပုံရပါသည်။ ရိုးရိုးသားသားပြောရလျှင် ကျွန်တော်တို့သည် ပြည်သူတွေလိုအပ်နေတာသည် ဦးဆောင်သူတွေပြုလုပ်နေသော “နိုင်ငံအရေး”ကိုသာလိုလားပြီး အခန်းကဏ္ဏအသီး သီးမှ ပါဝင်ကပြဦးဆောင်နေသောသူများ ကစားစရာလုပ်နေသော “နိုင်ငံရေး”ကို အလိုမရှိလှပါ။

အနောက်တိုင်းတွင့် ဖွံ့ဖြိုးတိုးတက်နေသော ဂိမ်းသီအိုရီများသည် သူတို့နိုင်ငံကို ဦးဆောင်ခဲ့သူများက သူတို့ တာဝန်ယူရာ အခန်းကဏ္ဌ အသီးသီးမှ ပြည်သူပေါ်ဖြည့်စည်းမှု အဖက်ဖက်ကပြုလုပ်ကာဖွံ့ဖြိုးလာသော တည် ငြိမ်မှု၊ အေးချမ်းမှုပေါ်မှာ အခြေတည်၍ နောက်ရာ စုနှစ်များစွာ တည်ငြိမ်အေးချမ်းတိုးတက်မှုတွေအတွက် တိုးချဲ့ စဉ်းစားပြီးဖော်ထုတ်လာသော သီအိုရီအသစ်များဖြစ်ပေသည်။ ထိုထို သောသီအိုရီများကိုပင် လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်၊ ခြေပခုခံခွင့်၊ အစားထိုးခြေဖျက်ခွင့်များပြုထားခဲ့ကြောင်းကို ဆရာမသိ ယောင်ပြုခဲ့သည်။ စာအုပ်နှစ်အုပ်သုံးအုပ်လာ လိုချင်ရာကိုသာ အနှစ်ချုပ်ဆွဲချုံ့ပြီး မြန်မာ့နိုင်ငံရေးကို အဆိပ်ခတ်လေသလား ဆရာ ဟုသာ မေးချင်သည်။

ဥပမာပြရလျှင် သနပ်ခါးခုတ်ရောင်းစားနေရသော အညာသူသမီးပျိုလေးတစ်ဦးကို ယနေ့နိုင်ငံတော်တော်များများနှင့် ရန်ကုန်တွင် ပင်ခေတ်စားနေသော တစ်ချောင်းကြိုး အင်္ကျီနှင့် ဘောင်းဘီတိုတိုသွားဝတ်ခိုင်းသလိုဖြစ်နေသည်။ ဝတ်ခိုင်းလို့မရဘူးလား။ သူလည်း လူဘဲ။ မိန်းကလေးဘဲဟု မေးစရာရှိသည်။ ရပါသည်။ သို့ရာတွင် ထိုကဲ့သို့ ဝတ်ခိုင်းဖို့ရာတွင် သူမနေသည့် ကျေးရွာလေးတွင် ပညာ ရည်မြင့်မားရဦးမည်။ ငွေရေးကြေးရေးလည်း လူတန်းစေ့ရဦးမည်။ အခြေခံအဆောက်အဦများဖြစ်သော ရေ၊ မီးလေးလည်း သာသာမှန် မှန်လေးရှိရမည်။ သို့မှသာ ထိုတစ်ချောင်းကြိုးနှင့် ဘောင်းဘီတိုသည် ဖက်ရှင်ဖြစ်ကြောင်းနှင့် အခြေနေအချိန်ခါလိုက်ဝတ် မှသာ သင့် တော်ကြောင်း အားလုံးသိရှိလက်ခံမည်။ သို့မဟုတ်လျှင် လင်ကောင်မပေါ်ဘဲ ဗိုက်ကြီးသည့်အဖြစ် ထိုအညာ သူမလေးဖြစ်ပေတော့ မည်။

မြန်မာ့နိုင်ငံရေးကို ပညာတတ်လက်တစ်စုပ်စာ ကလောင်ခွဲတွေထည့်မတွက်လျှင် လက်တစ်ဖက်ပင်မပြည့်ရှာ သောသူများက လက်တစ် လုံးခြားလုပ်ခြင်းသည် သီပေါပါတော်မူပြီးခါစ “အင်္ဂလိပ်မင်းများကို မတော်လှန်ရ တော်လှန်လျှင် သူပုန်” ဟူသောအမိန့်ဖြင့် မျိုးချစ်စိတ် နှင့် တော်လှန်ရေးစိတ်ကို အညွှန်ချိုးခဲ့သော ပညာရှိကြီး ကင်းဝန်ထက် ထူးမခြားနားဖြစ်ပေမည်။

“အခြေနေတို့တွင်မသိကိန်းကများ၍ သိကိန်းတို့ကနည်းတတ်သည်။ ဥပမာပြရလျှင် မြန်မာ့နိုင်ငံရေးတွင် မသိ ကိန်းက သိကိန်းထက်များခဲ့သည်။ ထို့ကြောင့် ဧကန်မဲ့မှုကို အခြေခံခဲ့ရသည်။”

အပေါ်ယံရှပ်ပြီးဖတ်သွားလျှင် သို့မဟုတ် အပေါ်ယံရှပ်တွေးလျှင် ဆရာရေးထားတာမှန်ပါသည်။ ထို့ထက် အ ကြောက်တရားနှင့် အတ္တကို ခြုံပြီးကြည့်လျှင် မသိကိန်းကများ၍ သိကိန်းတို့က နည်းနေတတ်ပါမည်။ ထို့ထက် ပိုပြောရလျှင် မသိချင်ယောင်ဆောင်ကိန်းက များနေ ပါသည်။ ကလေးတစ်ယောက်ရဲ့ သင်္ချာပုဒ်စာကို လူကြီး တစ်ယောက်တွက်သလို မသိကိန်းကို x ဟုထားသော်လည်း x = …..ဘယ် လောက်ဆိုတာ ကြိုသိထားသလို ဖြစ်နေသည်။ ထို့ကြောင့် မြန့်မာနိုင်ငံရေးကို မသိကိန်းအခြေခံတွက်ခြင်းသည်ကိုက ဧကန်မဲ့နေပြီဟု ဆရာ မောင်စူးစမ်းကို ငြင်းလိုပါသည်။

“သို့ရာတွင် ယခုဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် လွှတ်တော် သုံးရပ်ပေါ်လာပြီ၊ သဘောမှာ ဧကန်မဲ့ မှုတွေ လျော့ နည်းသွားခြင်းဖြစ်သည်။ ဖြစ်နိုင်ခြေတို့သည် မသိကိန်းအဖြစ်မှ သိကိန်းအဖြစ်သို့ ကူးပြောင်းခြင်းဖြစ်သည်။ ယုတ်စွ အဆုံး မသိကိန်းသည် ဥာဏ်နှင့်လေ့လာမှုတို့ကြောင့် သိနိုင်ခြေ Knownable တို့ဖြစ် လာသည်။ သိနိုင်ခြေ တို့ဖြင့် အလုပ် လုပ်ရခြင်းသည် မသိနိုင်ခြေတို့ဖြင့် အလုပ်လုပ်ရခြင်းထက်ပို ကောင်း သည်။”

တကယ်တော့ ဖွဲ့စည်းအုပ်ချုပ်ပုံမဟုတ်ပါ “အဖွဲ့အစည်းနဲ့အုပ်စီးချုပ်ခြယ်ပုံ အခြေခံဥပဒေ”ဟုသာ ပြောချင်ပါ သည်။ အဖွဲ့အစည်း လုပ်ပြီး အုပ်ချုပ်ပုံအခြေခံဥပဒေဖွဲ့လိုက်ခြင်းသာဖြစ်ပါသည်။ Trust Building ကိုထပ်မံရိုက် ချိုး ခံလိုက်ရသည့် ပြည်သူကို မသိကိန်း၊ သိကိန်းများဖြင့် ဝမ်းချနေခြင်းသည် အတော်ပင်စော်ကားနေလွန်းပြီဟု ခံစားမိသည်။

ထားပါ။ ဖြစ်နိုင်ခြေတို့သည် မသိကိန်းအဖြစ်မှ သိကိန်းအဖြစ်သို့ကူးပြောင်းခြင်းဖြစ်သည်ဟု ဆရာရေးပြခဲ့သည်။ တိမ်လွန်သည်ဘဲဆိုဆို ကျွန်တော်နားလည်သော မသိကိန်းဆိုသည်မှာ ဒီမိုကရေစီဘယ်ဆီနေမသိသော ကိန်း မှ ဒီမိုကရေစီဆိုတာ အဝတ်အစားလဲခြင်းနှင့် ငါတို့လူလုပ်ခြင်းသိကိန်းဆီသို့ ကူးပြောင်းခြင်းဖြစ်သည် ဟုသာ ပြီးခဲ့သောအဖြစ်ပျက်များမှသင်ယူနိုင်ခဲ့သည်လို့သာဆိုခြင်ပါသည်။

“ယုတ်စွအဆုံး မသိကိန်းသည် ဥာဏ်နှင့်လေ့လာမှုတို့ကြောင့် သိနိုင်ခြေ Knownable တို့ဖြစ် လာသည်။”
ဒီစာသားမှာတော့ ဆရာဂွမ်းလေသည်။ ဆရာကိုတိုင်ပင် ဆရာတင်ပြနေသော သီအိုရီကိုအယုံကြည်မရှိရဲ ဖြစ်သဖြင့် ယုတ်စွအဆုံးဆို တာနှင့်စထားပြီး ဥာဏ်နှင့်လေ့လာခိုင်းသည်။ ထိုမှ အဖြေကခိုင်မာတိကျသော known မဟုတ်လာဘဲ knownable အဆင့်ထိသာတက် လာသည်။ Knownable မှသည် Known ဆီသို့ နောက်ထပ်နှစ် ၂၀ စောင့်ရမှာလားဆရာလို့သာ ပြီတီတီမေးကြည့်ချင်သည်။ သိနိုင်ခြေ သည် သိခြင်းစစ်စစ် မဟုတ်တာတော့ ကျွန်တော်သိပါသည်။

၂၀၀၇ စက်တင်ဘာမတိုင်ခင်တစ်နှစ်မပြည့်တစ်ပြည့်အချိန်လောက်ကဖြစ်ဖြစ်ရပ်နမိတ်လေးတစ်ခုကိုသွား
သ တိယမိသည်။ ဆောင်း ခိုငှက်တွေဝင်ချိန်တွင်ဖြစ်မည်။ ရွှေဂုံတိုင်ဆက်သွယ်ရေးတာဝါတိုင်တွင် လဒကြီးများနားခဲ့ သည်ကို စာရေးဆရာကြီးတစ်ဦးက အတိန မိတ်ထူးဆိုပြီး ဘုန်းတန်းခိုးကြီးလတ္တံ၊ ဘာတွေစိုပြေလတ္တံဟု မရှက် မကြောက်ရေးခဲ့ဖူးသည်။ ထို့နောက်တွင် ကြောက်စရာကောင်းသော အဖြစ်ပျက်များစွာဖြစ်ခဲ့သည်။ ယခု ထိုအ ချိန်တုန်းက အကောင်းဆုံးဆန်တစ်ပြည် ၆၅၀သည် ၁၈၀၀ကျပ်ရှိပေသည်။ ဒါသည် သာမန် သတင်းအချက်အလက်တစ်ခုသာ ဖြစ်ပါသည်။ ဆိုချင်တာက ပြည်သူတွေသည် ပိုနေမြဲ၊ ကျားနေမြဲထက် ပိုနိမ့်သွားသည်..။ သမိုင်း သည် အပုတ်နံ့တလှိုင်လှိုင်ဖြင့် စီးဆင်းနေဆဲဖြစ်သည်။ ရေကောင်းရေသန့်များ တာကျိုးပေါက်မလာသေး သရွေ့ပေါ့။

တချို့သူများပြောသံကြားဖူးပါသည်။ ဆရာမောင်စူးစမ်းတို့၊ ဦးနေဝင်းမောင်( အောင်ထွဋ်) တို့မရှိလျှင် စာပင်ရေးတတ် တော့ မည်မဟုတ်သည့် လူတန်းစားများဟု ကျွန်တော်တို့လို ထောက်ပြဝေဖန်တတ်သူများ ကို သုံးနှုန်းပါသည်။ တစ်ခုဘဲပြောပါစေ စာ ပေလွတ်လပ်ခွင့်ဗီတာမင်သာ အပြည့်အဝရှိပါစေ။ အမှန်တရားနှင့် အရသာရှိသော စာပေများ သင်တို့အားလုံးဖတ်ရဖို့ကို ကျွန်တော်တို့ တာဝန်ယူပါသည်။

လူဘဝဆိုသည်မှာ သစ္စာတရားကိုရှာဖွေရင်း နေဝင်ဖို့သည်သာအဓိကဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အင်္ဂုလိမာလကြီး ရှေ့မှာရပ်နေမည် ဆိုလျှင်ပင် အမှန်တရားကိုဖော်ထုတ်ရေးသားဖို့ လက်ညှိုးထောင်တန်းစီနေသော စာပေပညာ ရှိ လူငယ်လူကြီးမြောက်များစွာ ၂၀၁၁ ထဲတွင်လည်း အသက်ရှုမြန်နေသေးသည်ဆိုတာကို အားလုံးကိုယ်စား ဤနေရာမှနေ၍ ရေးသားလိုက်ပါသည်။ သစ္စတရားပေါ် လဒနား သော သီအိုရီများကို ၇ိုက်ချိုးဖို့ရာ ကျွန်တော် တို့အားလုံး၏တာဝန်မဟုတ်ပါလားဗျာ။ အဆုံးထိ လိုက်ဖတ်ပေးတဲ့အတွက် ကျေးဇူးတင် မဆုံးပါ။ ။

နိုင်ငံပြုသစ္စာဖြင့်

**သီဟငယ်**
13.01.2011
.............................................................................
“မသိကိန်းနှင့် ဧကန်တရား”
**ဘဝဆိုတာ**
တူတော်မောင်တစ်ယောက် ၁၀တန်းအောင်သဖြင့် မကွေးကျန်းမာရေးမှူးကျောင်းသို့လိုက်ပို့ဖြစ်သည်။ အသက် ကြီးပြီး စာရေးနေရပြန်တော့လည်း ဟိုဟိုဒီဒီလျှောက်လည်ချင်သည်။ ဦးဏှောက်ခဏအနားပေးဖို့ဖြစ်သည်။ မကွေးရောက်လျှင် စာရေးဖော်စာရေးဖက် မကွေးဝင်းမြင့်အိမ်အရင်နားရသည်။ မကွေးနယ်ခံစာရေးဆရာတွေ ရောက်လာသဖြင့် ဟိုအကြောင်း၊ ဒီအကြောင်း ပေါင်းစုံပြောကာ စကားဝိုင်းလေးဖြစ်သွားသည်။

စကားဝိုင်းစိုစိုပြည်ပြည်ဖြစ်ပါသည်။ နယ်ခံစာရေးဆရာတို့က အကြောင်းစုံကိုမေးမြန်းရာ စာရေးသူက သိသမျှ ပြန်ရှင်းပြသည်။ ထိုအထဲ စာရေးသူက စိတ်ရောကိုယ်ပါ ပြောဆိုဖြစ်သောအကြောင်းအရာသည်“မသိကိန်း”အ ကြောင်းဖြစ်သည်။ နိုင်ငံရေးအပါဝင် လူ့ ဘဝဆိုသည်မှာ မသိကိန်းနှင့််သိကိန်းတို့ကို အရောအစပ်ပြုရသော ဂိမ်း game of mixure of unknown and known ဖြစ်သည်ဟု အနက်ဖွင့်ပြသည်။

အရာရာကို လေ့လာရာ၌ သောချာရေရာမှုကို အခြေခံမလား သို့တည်း မဟုတ် ဧကန်မဲ့မှုကို uncertainty ပေါ် အခြေခံမလားဟူ၍ ရွေး ချယ်ရမည်။ ဧကန်တရားနှင့် ဧကန်မဲ့မှု တရား တို့ကို နှိုင်းယှဉ်တွက်ဆကြည့်ရန် လိုခြင်းဖြစ်သည်။ အခြေနေတို့တွင်မသိကိန်းကများ၍ သိကိန်းတို့ကနည်းတတ်သည်။ ဥပမာပြရလျှင် မြန်မာ့နိုင်ငံရေးတွင် မသိ ကိန်းက သိကိန်းထက်များခဲ့သည်။ ထို့ကြောင့် ဧကန်မဲ့မှုကို အခြေခံခဲ့ရသည်။ သို့ရာတွင် ယခုအဖွဲ့စည်းအုပ် ချုပ်ပုံ အခြေခံဥပဒေနှင့် လွှတ်တော် သုံးရပ်ပေါ်လာပြီ၊ သဘောမှာ ဧကန်မဲ့မှုတွေ လျော့နည်းသွားခြင်းဖြစ်သည်။ ဖြစ်နိုင်ခြေတို့သည် မသိကိန်းအဖြစ်မှ သိကိန်းအဖြစ်သို့ ကူးပြောင်းခြင်းဖြစ်သည်။

ယုတ်စွအဆုံး မသိကိန်းသည် ဥာဏ်နှင့်လေ့လာမှုတို့ကြောင့် သိနိုင်ခြေ Knownable တို့ဖြစ်လာသည်။ သိ နိုင်ခြေတို့ဖြင့် အလုပ်လုပ်ရ ခြင်းသည် မသိနိုင်ခြေတို့ဖြင့် အလုပ်လုပ်ရခြင်းထက်ပို ကောင်းသည်။

**မောင်စူးစမ်း**
(အမှတ် (၂၇၀) အခွင့်အလမ်းဂျာနယ်၊ ဇန်နဝါရီ ၁၁၊ ၂၀၁၁၊ မှ)
www.journalopportunity.com

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)