**(အရက်သမားလောက ဟာသများ)**
တစ်ညနေစောင်းတွင် ရဲစခန်း ရုံးခန်းတံခါး ၀ုန်းခနဲ ပွင့်သွားသည်။ အထဲကို ၀င်လာသူကား မှုးနေသည်ဟုပင် ပြောစရာမလို။ ခြေလှမ်းပင် မမှန်တော့။ ထိုအမှုးသမားက တာဝန်ကျရဲအရာရှိကို...
“ဆရာခင်ဗျား၊ ကျွန်တော့ကို မှတ်မိပါရဲ့လား။ အရင်တစ်ပတ်က ကျွန်တော့်အိမ် ဖောက်ထွင်းခံခဲ့ရတာလေ။ အိမ်သားတွေအားလုံး တစ်ယောက်မှတောင် မနိုးကြဘူးလေ”
ထိုအခါ ရဲအရာရှိက...
“မှတ်မိပါ့ဗျာ။ သိပ်မှတ်မိတာပေါ့”
အမှုးသမားက ထပ်မေးလိုက်သည်မှာ...
“ဒါဆို၊ ဆရာ ကျွန်တော့်ကို တစ်ခုကူညီနိုင်မလား။ အဲ့ဒီ ဖောက်ထွင်းဝိဇ်ဇာနဲ့ ကျွန်တော်တွေ့ချင်လို့ပါ။ သူ ကျွန်တော့်အိမ်ကို ဖောက်တုန်းက ကျွန်တော့်မိန်းမ မနိုးအောင် ဘယ်လိုဝင်သလဲ ဆိုတာလေးကို မေးကြည့်ရုံသက်သက်ပါပဲ”
**တောသူမလေး **

No comments:
Post a Comment