ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, January 16, 2011

လက်နဲ့ ယက်တဲ့ ကွန်ယက်

>

“ကွန်ယက် တွေ ဖွဲ့ ကြ ပါ ”
လို့.. မကြာခင် ကမှ..နေအိမ် အကျယ်ချုပ်က ပြန်လည် လွတ်မြောက် လာတဲ့.. ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည် က.. ပြော လိုက် သည် ။

အဲဒီ နောက် တော့..
အင်တာနက် မြန်မာသတင်းတွေ မှာ ..ကွန်ယက် ဆိုတဲ့.. စကားလုံး ကို လှိုင်လှိုင်ကြီး မြင်လာ ရသည်။
ပြည်ပ အတိုက်အခံ ရေဒီယို တွေ မှာ.. ကွန်ယက် နဲ့ ပတ်သတ် လို့.. ဘယ်လို သဘောထား သလည်း..ဘာလုပ်ကြမလည်း ဆို တဲ့.. မေးမြန်းခန်း တွေ..ဆက်တိုက် ကြား လာ ရသည်။ ရှေ့နေ ကွန်ယက်.. အနုပညာရှင် ကွန်ယက်.. လူငယ် ကွန်ယက်.. စသဖြင့်.. ဖွဲ့စည်းလာတဲ့ ပုံသဏ္ဍန် တွေ ကို လည်း တွေ့ လာရ သည် ။

ကွန်ယက် ဆိုတဲ့.. ကိစ္စ ကို.....လူငယ် လူရွယ်တွေ ရဲ့.. စိတ်ဝင် တစား တုန့် ပြန် မူ တွေ ပါ..။

လူကြီးတွေ ကရော..ဘယ်လို သဘောထား လေ သလဲ....

ဒီမိုကရေစီ ခေါင်းဆောင်ကြီး.. ဘဘ ဦးဝင်းတင် ကတော့.. ထိထိ မိမိ.. လှလှ ပပ... နိမိတ်ပုံ ပြ ပြီး ဖွင့်ဆို လိုက် သည်။
ဒေါ်အောင်ဆန်းစုကြည် ဟာ.. ဒီတခါ လွတ်လာတဲ့ အခါ မှာ..အရင်ကထက် ပိုပြီး ဂုဏ်သိက္ခာ မြင့်လာတယ်.. ရင့်ကျက် လာတယ်.. အရင်က.. ပြသာနာ တခု စီ ကို.. နည်းလမ်း တမျိုး စီ နဲ့ အဖြေ ရှာ ခဲ့ ပေမဲ့..အခု တခါ တော့.. ပြသာနာ အားလုံးကို ခြုံငုံ နိုင်မဲ့..နည်းလမ်းကို ရှာတာ တွေ့ ရတယ်။ ဥပမာ .. အရင်က..ငါးတကောင် ကို.. ငါးမျှားတံ တခု စီ သုံးပြီး မျှား ခဲ့ တယ် ဆိုရင်.... အခု က .. ပိုက်ကွန် ( ကွန်ယက် ) ကြီး သုံး ပြီး.. စွဲဆောင် စည်းရုံး တာ မျိုး ပါ ..... ဆို တဲ့.. သဘော..။ ဘယ့်ဂ လောက် ထိမိ လိုက် သလဲ။

လူကြီးတွေ က.. နည်းပညာ သဘော တွေ ကို သိပ်နားလည် ဟန် မတူ ဘူး လို့.. တချို့ က..ထင်မြင် ကြ လိမ့်မည်။ ဒါပေမဲ့.. အခု ပြောနေတဲ့.. လူမူ ကွန်ယက်.. ဒီမိုကရေစီ ကွန်ယက်.. အမျိုးသား ကွန်ယက်.. တိုင်းရင်းသား ကွန်ယက်.. မှည့်ချင် သလို သာ မှည့်... ခေါ်ချင်သလို သာ ခေါ်...အားလုံးဟာ.. အင်တာနက် တွေ..ဖေ့စ်ဘွတ်ခ် တွေ..တွိတာ တွေ.. အဲဒီ နည်းပညာ တွေ.. မပေါ် ခင် ကတည်း က.. ရှိနေပြီးသား.. အခြေခံ သဘောတရား ..လုပ်ငန်းစဉ် တခု ဖြစ်တယ် ဆိုတာ ကို တော့ .. မမေ့ စေ ချင် ပါ ။ အဲဒီ အခြေခံ အုတ်မြစ် လုပ်ငန်းစဉ် ကို မှ.. နည်းပညာက.. အခု ခေတ် မှာ..ပိုမို ချောမွေ့ အောင်.. လုံခြုံ အောင်..မြန်ဆန်အောင်.. ထောက်ပံ့ ဆောင်ရွက် ပေး နိုင် လိမ့် မယ် လို့ သာ.. မျှော်လင့် စရာ အကြောင်း ရှိ ရ မည် ပေါ့..။ ဖေ့စ်ဘွတ် ဆိုတာ ..ရွှေတိဂုံ အနောက်ဖက် မုခ် ရောက်နေခြင်း မဟုတ်ပါ...။ တွိတာ က.. ဒီပဲယင်း မဟုတ်ပါ..။ အင်တာနက် ကြီး ကလည်း...မြန်မာ ပြည် ကြီး မဟုတ်ပါ ချေ။

“ချိတ်ဆက် ဆောင်ရွက် ခြင်း” ဆိုတဲ့.. အနက် က.. အသစ်အဆန်း နားမလည် နိုင် စရာ မဟုတ် သလို.. “ကွန်ယက်” ဆို တဲ့.. ပုံဆောင် စကားလုံး ကလည်း.. အခုမှ ပေါ် လာ တဲ့..ပေါ်ပင် အသုံး မဟုတ် ပါဘူး။ ဒါပေမဲ့.. လက်တလော မှာ တော့.. ပေါ်ပေါ် ပင်ပင်.. ပို ဖြစ်လာ ပြီး.. ရှုပ်ထွေး မူ တွေ လည်း..မြင်နေ ကြားနေ ရ တော့ သည်..။ ထိုးထိုးထောင်ထောင်.. တွန်းတွန်း တိုက် တိုက် ..မေး တဲ့.. မီဒီယာ မေးခွန်း တချို့ ကြောင့် လည်း.. မလို အပ် ပါပဲ.. ပို ပြီး ရှုပ်ထွေး ကုန် လေ သလား..။

အငြင်း ပွား ဖွယ် ဖြစ်နေတဲ့..လူငယ် ကွန်ယက် ဖွဲ့စည်းမူ..ခေါင်းဆောင်မူ တချို့ နဲ့ ပတ်သတ် လို့...ဘဘ ဦးဝင်းတင် ရဲ့ အယူအဆ က တော့ .. ကွန်ယက် ရဲ့ သဘော တရား မှာ.. ခေါင်းဆောင် ဆိုတာ.. ထက်.. ကြားခံ ဆောင်ရွက် သူ ဆိုတာ မျိုး သာ ရှိသင့် တာ လို့ ..သူ နားလည် တယ် တဲ့..။ ဒေါ်အောင်ဆန်း စု ကြည် ရဲ့.. သဘောထား ကို တော့.. လုံခြုံရေး တာဝန် ယူ ထားတဲ့.. ဦးဝင်းထိန် က.. တဆင့် ရှင်းလင်း ဖွင့် ဆို ပါ တယ်။ ကွန်ယက် ဆိုတာ.. တစု တဖွဲ့ သီးသန့် မျိုး မဟုတ်ပဲ .. အလျားလိုက် .. ကျယ်နိုင် သလောက် ချဲ့ ထွင် သွား ရမဲ့.. လုပ်ငန်း စဉ် .. ဆိုတာမျိုး.. ။

ဟုတ်တယ်.. ကွန်ယက် ဆိုတာ.. အဖွဲ့ အစည်း တခု မှ မဟုတ်တာ.. ။ လုပ်ငန်းစဉ် တခု သက်သက် ပဲ မဟုတ်ဘူး လား...။ ဖွဲ့စည်း ဖို့ မလို .. ချိတ်ဆက် ဖို့ ပဲ လိုတာပေါ့...။ ဒါ ဆို.. အမည် နာမ တောင် တပ်ထား ဖို့ လို အပ် လှပါ အုံး မလား..
“လူငယ်ကွန်ယက်” ဆို တာ ကြီး ဖြစ်ပေါ် လာ ဖို့ အရေး.... အဲဒီလို...“လူငယ်” .. နဲ့.. “ကွန်ယက်” ဆိုတဲ့.. စကားလုံး ... တွဲစပ် မရ.. မတင်မကျ.. ဖြစ်နေ ရ တဲ့.. ကိစ္စ ကို.. အဖွဲ့ချုပ် ခေါင်းဆောင် ဘဘဦးတင်ဦး က တော့..ဖေးဖေး မမ တွေးဆ ပြောဆို သွား သည်။

---- တိုင်းပြည်နဲ့ ပတ်သက်လို့ ဖွံ့ဖြိုးတိုးတက် ကောင်းအောင်လုပ်မယ်၊ တတ်နိုင်သမျှ ညှိနှိုင်းဆောင်ရွက်ပြီးတော့ တွေ့ဆုံ ဆွေးနွေး အဖြေရှာ၊ ဆက်စပ်ပြီးတော့ လုပ်မယ် ဆိုပြီး ကလေးတွေ ပြောသွားတာ ချစ်စရာကောင်းတယ်” ------- တဲ့...။
ဟုတ်တာပဲ.... လူငယ် တွေ လူရွယ်တွေ မှာ..လုပ်ချင် ကိုင်ချင် စိတ် တွေ ရှိနေ ကြတာ..အတိုင်းသား မြင်နေ..သိ နေ ရ သည်။ မလိုအပ် ပဲ.. တယောက် နဲ့ တယောက် ကြား သဘောထား ကွဲ.. ရှုပ်ထွေး ပြီး..နောက်ဆုတ် ဘေးထွက် သွား ကြရ မဲ့.. အဖြစ် မျိုး တော့.. မဖြစ် သင့် တော့ပေ...။ နှစ်ခါ မက ..အခါခါ နာ ရ မဲ့..အဖြစ်မျိုး တွေ.. မဖြစ် ပါ စေ နဲ့ တော့..။

နေအုံး.. ဒါဟာ...ဟိုးယခင်..အရင့်အရင် တည်းက..ရှိခဲ့တဲ့..ကွန်ယက် ဆိုတဲ့.. ဝေါဟာရ အဟောင်း တခု နဲ့.. အခု မှ ပေါ်လာတဲ့.. အင်တာနက် ဆိုတဲ့..ဝေါဟာရ အသစ် ၂ ခု ကြား.. တွန်းတိုက် မိ ခြင်း လား။ တွဲစပ် မိတ်ဖက် လို့.. အံမ၀င် သေး တာလား..။ အဲဒီလို..အံမ၀င် နိုင် အောင်..ကြားက..ခံ နေတဲ့.. အတားအဆီး က... နိုင်ငံရေး လား.. လုံခြုံရေး လား.. ယုံကြည်မူ လား.. နားလည်မူ လား.. အမြင်ကျယ်မူ လား.. ။

ကိုယ်တိုင် အဖြေ ရှာ မရ တဲ့..အဲဒီ မေးခွန်း ကို.. တွေ့သမျှ.. မိတ်ဆွေ တွေ ကို လျှောက် မေး မိ တော့ တယ်။ တနေ့ ကတော့....ပြည်တွင်းက... သူငယ်ချင်း တယောက် နဲ့.. အင်တာနက် မှာ..စကား ပြော ကြည့် ဖြစ် သည် ။ သူက.. တက်ကြွ တဲ့ စီးပွားရေး လုပ်ငန်းရှင် တယောက်။

“ ငါ တို့ ဆီ မှာ..ဘာ ဖေ့စ်ဘွတ်ခ် မှ မလိုဘူး ...ရေဒီယို တလုံး ရှိ ရင် ရ ပြီ.. ” တဲ့..။

ပြတ်သား ...လက်တွေ့ ကျ လှ ချည် လား.....။

“ ပြီးရင်.. ကိုယ့် အချုင်းချင်း ဆွေးနွေး တယ်.. သတင်းပေးတယ်.. တိုက်တွန်းတယ်......ငါ့ ဆိုင် ကို လာတဲ့ လူတွေ က.. ငါ စီးပွားရေး လုပ်နေ ပေမဲ့ .. နိုင်ငံရေး မှာ စိတ်ဝင်စား တာ လည်း..သိတယ် ..မြင်တယ်.. ငါ လုပ် တဲ့ အလုပ် တွေ ကို လည်း နီးစပ် သလို.. စည်းရုံး တယ်...နာဂစ် တုန်းက ဆို..ငါ တို့.. စီးပွားရေး လုပ်ငန်း ဖက် စပ်တူ တွေ ကို..တတ် နိုင်သလောက်.. စု စည်း ပြီး ..ငွေ ကောက်ကြ.. သွား လှူ ကြ.. လုပ် တယ်.. တနေ့ က တောင် .. အဖွဲ့ ချုပ်မှာ.. ဒေါ်စု တို့.. လုပ် တဲ့.. နိုင်ငံရေး အကျဉ်းသား တွေ.. မဲဖောက် တာဝန်ယူ ဖို့.. သွား မဲ နှိုက် တယ်....နောက် သူငယ်ချင်း တယောက် ပါ..ခေါ်သွား တယ်.. သူက.. တယောက် နှိုက် တယ်.. ခန္တီးထောင်က..အဘိုးကြီး တယောက် ကျ တယ်..ငါ က တော့.. သုံး ယောက် ကို နှိုက် ပြစ် လိုက်တယ်... ”

အားရ ပါးရ.. ဖြစ် နေတဲ့.. သူငယ်ချင်း မ ကို..

သာဓု ခေါ်ပါတယ် သူငယ်ချင်း.. ရယ် ... နင်က တော့ လေ.. နိုင် ကို မနိုင် ဘူး.. လောဘ ကလည်း ကြီး လိုက်တာ.. လို့ .. နောက်တော့.. သူ က.. ထုံးစံ အတိုင်း..

“ ဟဲ့.. အခု ထိ..အကျဉ်းသား ၃၀၀ လောက် ကျန် နေ သေးတယ်ဟ.. အဲဒီတော့.. ငါ့မှာ ၃ ယောက် တောင် နှိုက်ရ တာပေါ့.. ရန်ကုန် က.. တတ်နိုင် တဲ့ သူတွေ ..ဘာလုပ် နေ ကြ သလည်း မသိဘူး.. ငါ့ ဘော်ဒါ တွေ ထဲ.. ပြော ကြည့် အုံး မယ်.. ရုံး က လူတွေ ကလည်း သေချာ ရှင်း ပြ ပါတယ်...ဒီလို မဲ နှိုက် တာဝန် ယူ တယ် ဆိုတာ ..တောက်လျှောက် အလုံးစုံ ထောက်ပံ့ နေ ရ မဲ့..တာဝန် မျိုး ကြီး မဟုတ် ပါ ဘူး တဲ့.... အဓိက..ရည်ရွယ် တာ က..နိုင်ငံရေး အကျဉ်းသား တယောက် ကို..စိတ်ဓါတ် အား ဖြင့်.. အဖော်ပြု ပေး တဲ့ သဘော..အားပေး တဲ့ သဘော ပါ တဲ့..ကိုယ့် မိသားစု အပြင်.. တခြား တစုံ တယောက် က..ဒီမိုကရေစီ အင်အားစု ကြီးကို.. ကိုယ်စား ပြု ပြီး.. ထိတွေ့ ဆက်ဆံ.. ပြောဆို ပေး နေ မယ် ဆို တဲ့.. စိတ်ဓါတ် ခွန်အား တခုက.. ကျနော် တို့ အတွက်..သိပ် ကို အရေး ပါ ပါ တယ် .. လို့.. သူကိုယ်တိုင်.. ထောင် ၁၀ နှစ် ကျ ခဲ့ တဲ့.. အဲ လူ က.. ရှင်းပြ တယ် ဟ...”

“ အေးဟယ်.. ငါ တောင် ဒီဖက် ကနေ.. နင်ပြောလို့..မဲ နှိုက် ချင် စိတ် ပေါက် လာ ပြီ.. ” လို့.. အားတွေ ပါ နေရင်း.. ဟား...ကိုယ်တိုင် မှ.. သွား မလုပ် နိုင် တာ.. လို့.. အားမလို အားမရ ဖြစ် သွား ရ ပြန် တယ်.. ။ ပြီးတော့ မှ.. ထဲ့ဝင် လုပ်ဆောင် နေ ကြ.. မိုးမခ က.. နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက် ရေး ရံပုံငွေ လေး ကို သတိရ သွား ရင်း.. စိတ် သက်သာရာ.. ရ သွား မိ သည်။ အများကြီး တော့ လည်း မဟုတ်.. အဆင် ပြေ သလို..တပိုင် တနိုင် လေး ပါ..။ ဒါပေမဲ့.. ကိုယ် တတ်နိုင် သလောက် ကလေး ကို..ကိုယ် ယုံကြည် နိုင် လောက် တဲ့.. အစု အဖွဲ့ လေး တခု မှာ..ထဲ့ဝင် ပတ်သတ် ထား တော့.. ချိတ်ဆက် ထား လိုက် တော့.....

အင်... ဒါဆို..ဒါဟာလည်း... နိုင်ငံရေး အကျဉ်းသား ကူညီ စောင့်ရှောက်ရေး ကွန်ယက် တခု ပေါ့..။ တယောက် က အစ.. တရာ ဆို သလို.. ပြောကြ.. ရေးကြ.. နဲ့.. သူလည်း ချိတ်ဆက် မိ ခဲ့ သည်။ အခု လည်း.. သူ ကနေ..မှ တဆင့်.. ဘယ်သူ တွေ ကို..ဆက် ပြော ပြ.. ချိတ်ဆက် ရ ရင် ကောင်း မလည်း ...။ သူငယ်ချင်း မ ပြောပြ တဲ့.. လူ ကိုယ်တိုင် တယောက်ခြင်း တာဝန်ယူ ကြ တဲ့.. အစီအစဉ် လေး ကို လည်း..လူ တွေ ဒီ့ထက် ပို သိ လာ ရင် ကောင်းမယ်..။ အကျဉ်းသား တွေ ၃၀၀ တောင် ကျန် နေသေး တယ် တဲ့..။ ဟိုးနေ့ က.. အေအေပီပီ က..ပြောသွား သလို..မြန်မာပြည် မှာ..လူဦးရေ သန်း ၅၀ တောင် ရှိ တာ.. နိုင်ငံရေး အကျဉ်းသား ၂ထောင် ကျော် ကို..ကူညီ စောင့်ရှောက် ဖို့ ဆိုတာ.. မခက် နိုင် စကောင်း ပါရဲ့ လေ...။

ကွန်ယက် ကြီးကို..ကျယ် နိုင် သမျှ..ကျယ်အောင် ချဲ့ထွင် ချိတ်ဆက် ကြ ရ မယ် တဲ့...။

ညာဖက် လက် ကို.. ဆန့် ထုတ် ပြီး.. အနီး ဆုံး က.. လူ ရဲ့ ဘယ် လက် ကို ချိတ်ဆက် လိုက် မိ တယ်... ပြီးတော့.. “မျှော်လင့် စရာ ကောင်း တဲ့ နေရာ ကြီးပါ” လို့.. နှုတ်ခွန်း ဆက် လိုက် တယ်..။

သိပ်မကြာ တဲ့ အချိန် တခု မှာ... ကိုယ့် ရဲ့ ဘယ်ဖက် လက် ကို..တယောက်ယောက်က.. ကမ်းလှမ်း လာ ပြီ ဆို ရင်တော့... ဟောဒီ ကွင်းပြင် ကြီး ထဲ မှာ ..လူတွေ အားလုံး..ကွန်ယက် ကြီး တခု ဖြစ် သွား ပြီ ပေါ့...။ ခဏ နေရင်.. ကြား ရ လိမ့်မယ်...

ဟေး....မျှော်လင့် စရာ ကောင်း တဲ့.. နေရာ ကြီး ပဲ.. နော် ...။

++++++++++++++
**ကေ **
( ၁၅-၁-၂၀၁၀)
(မိုးမခ တွင် ပေးပို့ ရေးသား ပြီး- )

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)