**(အရက်သမားလောက ဟာသများ)**
လူတစ်ယောက်သည် အရက်အလွန်အကျွံသောက်ပြီး မှုးမှုးနှင့် သွားမိသွားရာ လျှောက်သွားနေရင်း သင်္ချိုင်းကုန်းထဲရောက်သွားသည်။ သူသည် မမြင်မကမ်းနှင့် လျှောက်သွားနေရာ တူးထားပြီးသား ကျင်းတစ်ခုထဲသို့ ပြုတ်ကျသွားသည်။ တွင်းထဲ ရောက်တော့မှ “ကယ်ကြပါ၊ ကယ်ကြပါ”ဟု တစာစာအော်ဟစ်ကာ အကူအညီ တောင်းလေတော့သည်။
သူ့အသံကို မှုးပြီး အိမ်ပြန်လာသည့် သူ့လို အမှုးသမားတစ်ယောက်က ကြားသွား လေရာ...
ဘာများဖြစ်တာပါလိမ့်ဟု စဉ်းစားရင်း တွင်းနှုတ်ခမ်းမှာ သွားကြည့်သည်။
တွင်းထဲမှ အမှုးသမားက...
“ကျုပ်ကို ဆွဲတင်ပေးပါဦးဗျာ။ ဒီထဲမှာ သေမလောက် အေးတယ်”
တွင်းနှုတ်ခမ်းဝမှ အမှုးသမားက...
“အံ့သြစရာတော့ မဟုတ်လှပါဘူးလေ။ သူတို့ခင်ဗျားကို မြေဖို့ပေးဖို့ မေ့သွားတာပဲ ဖြစ်ရမယ်”
**Binary Ster**

No comments:
Post a Comment