** တူရကီ၌ လောင်စာဆီသိုလှောင်ကန် ပေါက်ကွဲမှုဖြစ်ပွား **
(အန်ကာရာ၊ ဖေဖော်ဝါရီလ ၈ ရက်)
တူရကီနိုင်ငံ အန်ကာရာပြည်နယ်တောင်ပိုင်းတွင် ဖေဖော်ဝါရီလ ၈ ရက်နေ့က လောင်စာဆီသိုလှောင်ကန်တစ်ကန် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ နှစ်ဦးသေဆုံးခဲ့ကြောင်း အနာတိုလီသတင်းဌာနက သတင်းထုတ်ပြန်သည်။ လောင်စာဆီသိုလှောင်ကန်၏ အစိတ်အပိုင်းတစ်ခုကို တပ်ဆင်မှုပြုလုပ်နေစဉ် ရုတ်တရက်ပေါက်ကွဲပြီးနောက် မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ (အင်တာနက်)
** ရောမမြို့ ဆင်ခြေဖုံး၌ မီးလောင်မှုဖြစ်ပွား **(ရောမ၊ ဖေဖော်ဝါရီလ ၈ ရက်)
အီတလီနိုင်ငံမြို့တော် ရောမမြို့ဆင်ခြေဖုံးအရပ်ရှိ နေအိမ်များ ဖေဖော်ဝါရီလ ၈ ရက်နေ့က မီးလောင်မှုဖြစ်ပွားရာ ကလေးငယ် လေးဦးသေဆုံးပြီး နေအိမ်များ မီးလောင်ခံရကြောင်း သတင်းရရှိသည်။ (အင်တာနက်)
** ဖိလစ်ပိုင်မြောက်ပိုင်း၌ လေယာဉ်ပျက်ကျ လေယာဉ်မှူးနှစ်ဦး ပျောက်ဆုံးနေ **
(မနီလာ၊ ဖေဖော်ဝါရီလ ၈ ရက်)
ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း ပန်ဂါစီနန်ပြည်နယ်ရှိ လေဆိပ်တစ်ခု၌ ဖေဖော်ဝါရီလ ၈ ရက်နေ့ လေယာဉ်တစ်စင်းဆင်းသက်စဉ် ပျက်ကျမှုဖြစ်ပွားခဲ့ကြောင်း သတင်း၌ ဖော်ပြသည်။ ၄င်းလေယာဉ်မှာ အေပီ-စီ ၈၂၀၄ အမျိုးအစား လေယာဉ်ငယ်ဖြစ်ပြီး လင်ဂါယန်မြို့လေဆိပ်အနီး ပျက်ကျခဲ့ခြင်းဖြစ်သည်။ လေယာဉ်ပျက်ကျရာတွင် လေယာဉ်မောင်းအတတ်သင် ကျောင်းသားနှစ်ဦးစလုံး ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။ (အင်တာနက်)
** အင်ဒိုနီးရှားတွင် ကူးတို့သင်္ဘောမီးလောင် **
(ဂျကာတာ၊ ဖေဖော်ဝါရီလ ၈ ရက်)
အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာ၏ ကမ်းလွန်ပင်လယ်ပြင်တွင် အင်္ဂါနေ့ နံနက် စောစောပိုင်းက ခရီးသည်တင်ကူးတို့ သင်္ဘောတစ်စင်း မီးလောင်ခဲ့ရာ လိုက်ပါလာသော ခရီးသည် ၂၀၀ ကျော်ကို ကယ်တင်ခဲ့ရကြောင်း ပို့ဆောင်ရေးေ၏၀န်ကြီးဌာနက ပြောကြားသည်။ (အင်တာနက်)
** ပါကစ္စတန် အနောက်မြောက်ပိုင်း၌ ရဲယာဉ်တန်းအား ဗုံးခွဲတိုက်ခိုက် **
(ပက်ရှ်ဝါ(ပါကစ္စတန်) ဖေဖော်ဝါရီလ ၈ ရက်)
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် အင်္ဂါနေ့က အသုံးမပြုတော့သည့် လုံခြုံရေးစစ်ဆေးရေးစခန်းတစ်ခုတွင် ဗုံးဖောက်ခွဲခဲ့ပြီး အဆိုပါ အခင်းဖြစ်ပွားသည့်နေရာသို့ သွားသည့် ရဲယာဉ်တန်းကို ဗုံးခွဲတိုက်ခိုက်ရာ အရာရှိတစ်ဦး သေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့သည်။ (အင်တာနက်)
** ချီလီအမျိုးသမီးတစ်ဦး၏ ဗုံးခြိမ်းခြောက်မှုကြောင့် လေယာဉ်ခရီးစဉ်တစ်ခု
ဖျက်သိမ်းခဲ့ရ **
(ဆန်တီယာဂို၊ ဖေဖော်ဝါရီလ ၈ ရက်)
ချီလီနိုင်ငံ၌ ခရီးသည် ၃၀၀ ကျော်လိုက်ပါမည့် လေယာဉ်တစ်စီးသည် ခရီးစဉ်စတင်ခြင်းမရှိမီ ဗုံးခြိမ်းခြောက်မှုတစ်ရပ်ကြောင့် ခရီးသည်များကို အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရကြောင်း ဖေဖော်ဝါရီလ ၃ ရက်နေ့သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- မိုးမြင့်လင်းလက် **

** တူရကီ၌ လောင်စာဆီသိုလှောင်ကန် ပေါက်ကွဲမှုဖြစ်ပွား **
(အန်ကာရာ၊ ဖေဖော်ဝါရီလ ၈ ရက်)
တူရကီနိုင်ငံ အန်ကာရာပြည်နယ်တောင်ပိုင်းတွင် ဖေဖော်ဝါရီလ ၈ ရက်နေ့က လောင်စာဆီသိုလှောင်ကန်တစ်ကန် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ နှစ်ဦးသေဆုံးခဲ့ကြောင်း အနာတိုလီသတင်းဌာနက သတင်းထုတ်ပြန်သည်။ လောင်စာဆီသိုလှောင်ကန်၏ အစိတ်အပိုင်းတစ်ခုကို တပ်ဆင်မှုပြုလုပ်နေစဉ် ရုတ်တရက်ပေါက်ကွဲပြီးနောက် မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ (အင်တာနက်)
** ရောမမြို့ ဆင်ခြေဖုံး၌ မီးလောင်မှုဖြစ်ပွား **
(ရောမ၊ ဖေဖော်ဝါရီလ ၈ ရက်)
အီတလီနိုင်ငံမြို့တော် ရောမမြို့ဆင်ခြေဖုံးအရပ်ရှိ နေအိမ်များ ဖေဖော်ဝါရီလ ၈ ရက်နေ့က မီးလောင်မှုဖြစ်ပွားရာ ကလေးငယ် လေးဦးသေဆုံးပြီး နေအိမ်များ မီးလောင်ခံရကြောင်း သတင်းရရှိသည်။ (အင်တာနက်)
** ဖိလစ်ပိုင်မြောက်ပိုင်း၌ လေယာဉ်ပျက်ကျ လေယာဉ်မှူးနှစ်ဦး ပျောက်ဆုံးနေ **
(မနီလာ၊ ဖေဖော်ဝါရီလ ၈ ရက်)
ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း ပန်ဂါစီနန်ပြည်နယ်ရှိ လေဆိပ်တစ်ခု၌ ဖေဖော်ဝါရီလ ၈ ရက်နေ့ လေယာဉ်တစ်စင်းဆင်းသက်စဉ် ပျက်ကျမှုဖြစ်ပွားခဲ့ကြောင်း သတင်း၌ ဖော်ပြသည်။ ၄င်းလေယာဉ်မှာ အေပီ-စီ ၈၂၀၄ အမျိုးအစား လေယာဉ်ငယ်ဖြစ်ပြီး လင်ဂါယန်မြို့လေဆိပ်အနီး ပျက်ကျခဲ့ခြင်းဖြစ်သည်။ လေယာဉ်ပျက်ကျရာတွင် လေယာဉ်မောင်းအတတ်သင် ကျောင်းသားနှစ်ဦးစလုံး ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။ (အင်တာနက်)
** အင်ဒိုနီးရှားတွင် ကူးတို့သင်္ဘောမီးလောင် **
(ဂျကာတာ၊ ဖေဖော်ဝါရီလ ၈ ရက်)
အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာ၏ ကမ်းလွန်ပင်လယ်ပြင်တွင် အင်္ဂါနေ့ နံနက် စောစောပိုင်းက ခရီးသည်တင်ကူးတို့ သင်္ဘောတစ်စင်း မီးလောင်ခဲ့ရာ လိုက်ပါလာသော ခရီးသည် ၂၀၀ ကျော်ကို ကယ်တင်ခဲ့ရကြောင်း ပို့ဆောင်ရေးေ၏၀န်ကြီးဌာနက ပြောကြားသည်။ (အင်တာနက်)
** ပါကစ္စတန် အနောက်မြောက်ပိုင်း၌ ရဲယာဉ်တန်းအား ဗုံးခွဲတိုက်ခိုက် **
(ပက်ရှ်ဝါ(ပါကစ္စတန်) ဖေဖော်ဝါရီလ ၈ ရက်)
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် အင်္ဂါနေ့က အသုံးမပြုတော့သည့် လုံခြုံရေးစစ်ဆေးရေးစခန်းတစ်ခုတွင် ဗုံးဖောက်ခွဲခဲ့ပြီး အဆိုပါ အခင်းဖြစ်ပွားသည့်နေရာသို့ သွားသည့် ရဲယာဉ်တန်းကို ဗုံးခွဲတိုက်ခိုက်ရာ အရာရှိတစ်ဦး သေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့သည်။ (အင်တာနက်)
** ချီလီအမျိုးသမီးတစ်ဦး၏ ဗုံးခြိမ်းခြောက်မှုကြောင့် လေယာဉ်ခရီးစဉ်တစ်ခု
ဖျက်သိမ်းခဲ့ရ **
(ဆန်တီယာဂို၊ ဖေဖော်ဝါရီလ ၈ ရက်)
ချီလီနိုင်ငံ၌ ခရီးသည် ၃၀၀ ကျော်လိုက်ပါမည့် လေယာဉ်တစ်စီးသည် ခရီးစဉ်စတင်ခြင်းမရှိမီ ဗုံးခြိမ်းခြောက်မှုတစ်ရပ်ကြောင့် ခရီးသည်များကို အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရကြောင်း ဖေဖော်ဝါရီလ ၃ ရက်နေ့သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- မိုးမြင့်လင်းလက် **
No comments:
Post a Comment