** သြစတြေးလျအနောက်ပိုင်း၌ တောမီးလောင် **(ပါ့သ်၊ ဖေဖော်ဝါရီလ ၇ ရက်)
သြစတြေးလျနိုင်ငံ အနောက်ပိုင်း၌ ဖေဖော်ဝါရီလ ၅ ရက်နေ့က စတင်ဖြစ်ပွားသော တောမီးလောင်ကျွမ်းမှုနှစ်ရပ်ကို မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့ ကြိုးစားငြိမ်းသတ်နေကြရကြောင်း သြစတြေးလျတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ တောမီးလောင်ကျွမ်းမှုတစ်ခုသည် သြစတြေးလျနိုင်ငံ၏ စတုတ္ထအကြီးဆုံးမြို့ဖြစ်သော ပါ့သ်မြို့ ဆင်ခြေဖုံးအနီး၌ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူနေအိမ် ၅၉ လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး မီးသတ်တပ်ဖွဲ့ဝင် တစ်ဦး ဒဏ်ရာရခဲ့သည်။ (အေပီ)
** ရီယိုကျူးကျော်ရပ်ကွက်များ လုံခြုံရေးတပ်ဖွဲ့ သိမ်းပိုက် **(ရီယိုဒီဂျနေးရိုး၊ ဖေဖော်ဝါရီလ ရ ရက်)
ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျနေးရိုးမြို့လယ်မှ ကျူးကျော်ရပ်ကွက် ကိုးရပ်ကွက်ကို ရာပေါင်းများစွာသော အစိုးရလက်နက်ကိုင် တပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီလ ၆ ရက်နေ့ စောစောပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု အေအက်ဖ်ပီက ဖော်ပြသည်။ (အင်တာနက်)
** ဒုံးပျံကာကွယ်ရေးစနစ် စီမံချက်နှင့်ပတ်သက်၍ အမေရိကန်ကို ရုရှားသတိပေး **
(မော်စကို၊ ဖေဖော်ဝါရီလ ၇ ရက်)
အမေရိကန်နိုင်ငံ၏ ဒုံးပျံကာကွယ်ရေးတံတိုင်း တည်ဆောက်မှုသည် ရုရှား- အမေရိကန် ညူကလီးယားလက်နက်လျှော့ချရေးစာချုပ်တွင် ရုရှားနိုင်ငံအနေဖြင့် ဆက်လက်ပါဝင်သင့်၊ မသင့် ပြန်လည်သုံးသပ်ရန် ဖိအားပေးနေဖွယ်ရှိကြောင်း ရုရှားလက်ထောက်နိုင်ငံခြားရေးဝန်ကြီး၏ အဆိုကို ကိုးကား၍ ယနေ့သတင်းများတွင် ဖော်ပြထားသည်။ (အင်တာနက်)
** ပါကစ္စတန်နိုင်ငံ လာဟိုး မီးဘေးကြောင့် လူ ၂၇ ဦးဒဏ်ရာရ **
(လာဟိုး၊ ဖေဖော်ဝါရီလ ၇ ရက်)
ပါကစ္စတန်နိုင်ငံအရှေ့ပိုင်း လာဟိုးမြို့ စီးပွားရေးနယ်မြေတစ်ခု၌ တနင်္လာနေ့က မီးလောင်းကျွမ်းမှုဖြစ်ပွားခဲ့ရာ အဆောက်အအုံများ မီးသင့်ခဲ့ရပြီး အနည်းဆုံး လူ ၂၇ ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)
** လက်ဘနွန်နိုင်ငံရေး အခြေအနေကြောင့် နယ်စပ်ကျေးရွာမှ အစ္စရေးတပ်ဖွဲ့ ၀င်များ
ရုပ်သိမ်းရေး ရွှေ့ဆိုင်း **
(ဂျေရုဆလင်၊ ဖေဖော်ဝါရီလ ၇ ရက်)
လက်ဘနွန်ပြည်နယ်တွင်း နိုင်ငံရေးပြဿနာကြောင့် နှစ်နိုင်ငံနယ်စပ် ကျေးရွာတစ်ရွာ၌ တပ်စွဲထားသော အစ္စရေးတပ်ဖွဲ့ဝင်များကို ရုပ်သိမ်းမည့်စီမံချက်အား ခေတ္တရပ်ဆိုင်းထားကြောင်း ယနေ့သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)
** သမိုင်းမတင်မီက ငှက်နှစ်မျိုး ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ်တွေ့ရ **
(၀ါရှင်တန်၊ ဖေဖော်ဝါရီလ ၇ ရက်)
အမေရိကန်နိုင်ငံ အလက်စကာပြည်နယ် ဒင်နာလီအမျိုးသားဥယျာဉ်မှ မကြာမီက တူးဖော်တွေ့ရှိသည့် ကျောက်ဖြစ်ရုပ်ကြွင်းများကို အာတိတ်ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်တစ်ဦးဖြစ်သူ တိုနီဖီယိုရီလိုက လေ့လာခဲ့ရာ သမိုင်းမတင်မီက ငှက်အမျိုးအစားနှစ်မျိုး၏ ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်ကြောင်း တွေ့ရှိရသည်ဟု ဖေဖော်ဝါရီလ ၇ ရက်နေ့က ပြောကြားသည်။ (အင်တာနက်)
** အီရန်လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု မဂ္ဂါဝပ် ၆၀၀၀၀ အထိ တိုးတက်လာ **
(တီဟီရန်၊ ဖေဖော်ဝါရီလ ၇ ရက်)
အီရန်နိုင်ငံမြောက်ပိုင်း ဆင်နန်ဓာတ်အားပေးစက်ရုံမှ ဓာတ်ငွေ့တာဘိုင်သုံးလုံးအနက် ပထမ စက်တစ်လုံးကို ဖေဖော်ဝါရီလ ၆ ရက်နေ့က စတင်လည်ပတ်ခြင်းဖြင့် အီရန်နိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ပမာဏမှာ မဂ္ဂါဝပ် ၆၀၀၀၀ အထိ ရှိလာပြီဖြစ်ကြောင်း အိုင်အက်စ်အင်န်အေသတင်းဌာနက ကြေညာသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- မိုးမြင့်လင်းလက် **
** သြစတြေးလျအနောက်ပိုင်း၌ တောမီးလောင် **
(ပါ့သ်၊ ဖေဖော်ဝါရီလ ၇ ရက်)
သြစတြေးလျနိုင်ငံ အနောက်ပိုင်း၌ ဖေဖော်ဝါရီလ ၅ ရက်နေ့က စတင်ဖြစ်ပွားသော တောမီးလောင်ကျွမ်းမှုနှစ်ရပ်ကို မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့ ကြိုးစားငြိမ်းသတ်နေကြရကြောင်း သြစတြေးလျတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ တောမီးလောင်ကျွမ်းမှုတစ်ခုသည် သြစတြေးလျနိုင်ငံ၏ စတုတ္ထအကြီးဆုံးမြို့ဖြစ်သော ပါ့သ်မြို့ ဆင်ခြေဖုံးအနီး၌ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူနေအိမ် ၅၉ လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး မီးသတ်တပ်ဖွဲ့ဝင် တစ်ဦး ဒဏ်ရာရခဲ့သည်။ (အေပီ)
** ရီယိုကျူးကျော်ရပ်ကွက်များ လုံခြုံရေးတပ်ဖွဲ့ သိမ်းပိုက် **
(ရီယိုဒီဂျနေးရိုး၊ ဖေဖော်ဝါရီလ ရ ရက်)
ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျနေးရိုးမြို့လယ်မှ ကျူးကျော်ရပ်ကွက် ကိုးရပ်ကွက်ကို ရာပေါင်းများစွာသော အစိုးရလက်နက်ကိုင် တပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီလ ၆ ရက်နေ့ စောစောပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု အေအက်ဖ်ပီက ဖော်ပြသည်။ (အင်တာနက်)
** ဒုံးပျံကာကွယ်ရေးစနစ် စီမံချက်နှင့်ပတ်သက်၍ အမေရိကန်ကို ရုရှားသတိပေး **
(မော်စကို၊ ဖေဖော်ဝါရီလ ၇ ရက်)
အမေရိကန်နိုင်ငံ၏ ဒုံးပျံကာကွယ်ရေးတံတိုင်း တည်ဆောက်မှုသည် ရုရှား- အမေရိကန် ညူကလီးယားလက်နက်လျှော့ချရေးစာချုပ်တွင် ရုရှားနိုင်ငံအနေဖြင့် ဆက်လက်ပါဝင်သင့်၊ မသင့် ပြန်လည်သုံးသပ်ရန် ဖိအားပေးနေဖွယ်ရှိကြောင်း ရုရှားလက်ထောက်နိုင်ငံခြားရေးဝန်ကြီး၏ အဆိုကို ကိုးကား၍ ယနေ့သတင်းများတွင် ဖော်ပြထားသည်။ (အင်တာနက်)
** ပါကစ္စတန်နိုင်ငံ လာဟိုး မီးဘေးကြောင့် လူ ၂၇ ဦးဒဏ်ရာရ **
(လာဟိုး၊ ဖေဖော်ဝါရီလ ၇ ရက်)
ပါကစ္စတန်နိုင်ငံအရှေ့ပိုင်း လာဟိုးမြို့ စီးပွားရေးနယ်မြေတစ်ခု၌ တနင်္လာနေ့က မီးလောင်းကျွမ်းမှုဖြစ်ပွားခဲ့ရာ အဆောက်အအုံများ မီးသင့်ခဲ့ရပြီး အနည်းဆုံး လူ ၂၇ ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)
** လက်ဘနွန်နိုင်ငံရေး အခြေအနေကြောင့် နယ်စပ်ကျေးရွာမှ အစ္စရေးတပ်ဖွဲ့ ၀င်များ
ရုပ်သိမ်းရေး ရွှေ့ဆိုင်း **
(ဂျေရုဆလင်၊ ဖေဖော်ဝါရီလ ၇ ရက်)
လက်ဘနွန်ပြည်နယ်တွင်း နိုင်ငံရေးပြဿနာကြောင့် နှစ်နိုင်ငံနယ်စပ် ကျေးရွာတစ်ရွာ၌ တပ်စွဲထားသော အစ္စရေးတပ်ဖွဲ့ဝင်များကို ရုပ်သိမ်းမည့်စီမံချက်အား ခေတ္တရပ်ဆိုင်းထားကြောင်း ယနေ့သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)
** သမိုင်းမတင်မီက ငှက်နှစ်မျိုး ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ်တွေ့ရ **
(၀ါရှင်တန်၊ ဖေဖော်ဝါရီလ ၇ ရက်)
အမေရိကန်နိုင်ငံ အလက်စကာပြည်နယ် ဒင်နာလီအမျိုးသားဥယျာဉ်မှ မကြာမီက တူးဖော်တွေ့ရှိသည့် ကျောက်ဖြစ်ရုပ်ကြွင်းများကို အာတိတ်ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်တစ်ဦးဖြစ်သူ တိုနီဖီယိုရီလိုက လေ့လာခဲ့ရာ သမိုင်းမတင်မီက ငှက်အမျိုးအစားနှစ်မျိုး၏ ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်ကြောင်း တွေ့ရှိရသည်ဟု ဖေဖော်ဝါရီလ ၇ ရက်နေ့က ပြောကြားသည်။ (အင်တာနက်)
** အီရန်လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု မဂ္ဂါဝပ် ၆၀၀၀၀ အထိ တိုးတက်လာ **
(တီဟီရန်၊ ဖေဖော်ဝါရီလ ၇ ရက်)
အီရန်နိုင်ငံမြောက်ပိုင်း ဆင်နန်ဓာတ်အားပေးစက်ရုံမှ ဓာတ်ငွေ့တာဘိုင်သုံးလုံးအနက် ပထမ စက်တစ်လုံးကို ဖေဖော်ဝါရီလ ၆ ရက်နေ့က စတင်လည်ပတ်ခြင်းဖြင့် အီရန်နိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ပမာဏမှာ မဂ္ဂါဝပ် ၆၀၀၀၀ အထိ ရှိလာပြီဖြစ်ကြောင်း အိုင်အက်စ်အင်န်အေသတင်းဌာနက ကြေညာသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- မိုးမြင့်လင်းလက် **
No comments:
Post a Comment