** ငှက်ဖျားပိုး သယ်ဆောင်နိုင်ဖွယ်ရှိသည့် ခြင်မျိုးစိတ်သစ် တွေ့ရှိ **(ပါရီ၊ ဖေဖော်ဝါရီလ ၆ ရက်)
ငှက်ဖျားရောဂါပိုးကို သယ်ဆောင်သည့် Anopheles gambiae ခြင်မျိုးစိတ်ဝင် ခြင်တစ်မျိုးကို သိပ္ပံပညာရှင်များက ဖော်ထုတ်နိုင်ခဲ့ကြောင်း ဖေဖော်ဝါရီလ ၄ ရက်နေ့ သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)

** ဆိုမာလီပင်လယ်ဓားပြဟု ယူဆရသူ ၂၈ ဦး အိန္ဒိယရေတပ်ဖမ်းဆီး **
(နယူးဒေလီ၊ ဖေဖော်ဝါရီလ ၆ ရက်)
တနင်္ဂနွေနေ့က အိန္ဒိယသမုဒ္ဒရာအတွင်း၌ လက်နက်များဖြင့် အပြန်အလှန် ပစ်ခတ်ကြပြီးနောက် အိန္ဒိယရေတပ်သည် ထိုင်းငါးဖမ်းသင်္ဘောပေါ်မှ ဆိုမာလီ ပင်လယ်ဓားပြများဟု ယူဆရသူ မသင်္ကာသူ ၂၈ ဦးကို ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ (အေပီ)
** အာကာသထိုးစစ်လက်နက်များ တရုတ်တည်ဆောက်မှု အမေရိကန်ပြည်ထောင်စု စိုးရိမ်မကင်းဖြစ်နေ **
(၀ါရှင်တန်၊ ဖေဖော်ဝါရီလ ၆ ရက်)
ဂြိုဟ်တုများကို ပစ်ချနိုင်သော သို့မဟုတ် ဂြိုဟ်တုများ၏ အချက်ပြထုတ်လွှင့်မှုစနစ်ကို ဖျက်ဆီးနှောင့်ယှက်နိုင်သော အာကာသထိုးစစ်လက်နက်များကို တရုတ်နိုင်ငံက တည်ဆောက်နေကြောင်း အမေရိကန် ပင်တဂွန်စစ်ဌာနချုပ် တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ပြောကြားသည်။ (အေအက်ဖ်ပီ)
**အာဖဂ န် ပြည်တွင်းလုံခြုံရေးတာဝန် အာဖန်တပ်ဖွဲ့များ မတ် ၂၁ ရက်တွင် စတင်လွှဲပြောင်းယူမည်ဟုဆို **
(မြူးနစ်၊ ဖေဖော်ဝါရီလ ၆ ရက်)
အာဖဂန်နစ္စတန်နိုင်ငံ၏ ပြည်တွင်းလုံခြုံရေးကိစ္စအ၀၀ကို နိုင်ငံတကာတပ်ဖွဲ့များထံမှ အာဖဂန်တပ်ဖွဲ့များက မတ်လ ၂၁ ရက်နေ့တွင် စတင်လွှဲပြောင်းယူမည်ဖြစ်ကြောင်း အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်းက ယနေ့ ပြောကြားသည်။ (အင်တာနက်)
** ကိုလံဘီယာ ရဲအရာရှိဟောင်း ရှစ်ဦးကို ဖမ်းဆီး **
(ဘိုဂိုတာ၊ ဖေဖော်ဝါရီလ ၆ ရက်)
ကိုလံဘီယာ ရဲအရာရှိဟောင်း ရှစ်ဦးကို မူးယစ်ဆေးဝါးဂိုဏ်းများနှင့် ပူးပေါင်းခဲ့ကြောင်း သံသယရှိသဖြင့် ဖမ်းဆီးခဲ့သည်ဟု စနေနေ့ အင်တာနက်သတင်းတွင် ဖော်ပြသည်။ ၄င်းအရာရှိများသည် ၂၀၀၉ ခုနှစ်အထိ ရဲတပ်ဖွဲ့၏ သြဇာအာဏာရှိသည့် ရာထူးများတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည်ဟု သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)
** ရုရှားတောင်ပိုင်း၌ ရဟတ်ယာဉ်ပျက်ကျ **
(မော်စကို၊ ဖေဖော်ဝါရီလ ၆ ရက်)
ရုရှားနိုင်ငံတောင်ပိုင်း ကာမီကီရာဒေသတွင် ဖေဖော်ဝါရီလ ၆ ရက်နေ့က ရဟတ်ယာဉ်တစ်စင်းပျက်ကျခဲ့ရာ နှစ်ဦးသေဆုံးခဲ့ကြောင်း ရုရှားမီဒီယာများက ဖော်ပြသည်။ (အင်တာနက်)
** တရုတ်အရှေ့ပိုင်း၌ တောမီးလောင် ခြောက်ဦးသေဆုံး၊ သုံးဦး ဒဏ်ရာရရှိ **
(ဟန်ကျို့၊ ဖေဖော်ဝါရီလ ၆ ရက်)
တရုတ်နိုင်ငံအရှေ့ပိုင်း ကျီကျန်းပြည်နယ်တွင် ဖေဖော်ဝါရီလ ၆ ရက်နေ့က တောမီးလောင်မှု ဖြစ်ပွားရာ ဒေသခံခြောက်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း တရုတ်အရာရှိများက ပြောကြားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- မိုးမြင့်လင်းလက် **
** ငှက်ဖျားပိုး သယ်ဆောင်နိုင်ဖွယ်ရှိသည့် ခြင်မျိုးစိတ်သစ် တွေ့ရှိ **
(ပါရီ၊ ဖေဖော်ဝါရီလ ၆ ရက်)

No comments:
Post a Comment