** အင်္ဂါဂြိုဟ်ပေါ်သို့ လူသားများ မကြာမိဆင်းသက်မည် **
(မော်စကို၊ ဖေဖော်ဝါရီလ ၅ ရက်)
အင်္ဂါဂြိုဟ်လေ့လာရေးအာကာသယာဉ်မားစ်ဖိုက်ဟန်ဒရက် (Mars 500) မှ အာကာသ ယာဉ်မှူးများသည် ကမ္ဘာပတ်လမ်းကြောင်းအတွင်းသို့ ရောက်ရှိခဲ့ပြီးနောက် အင်္ဂါဂြိုဟ်မျက်နှာပြင်သို့ ဆင်း၍ လမ်းလျှောက်ရန် ပြင်ဆင်ပြီဖြစ်ကြောင်း ဖေဖော်ဝါရီလ ၃ ရက်နေ့က အင်တာနက်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ (အင်တာနက်)

(ဟယ်လီနာ(မွန်တားနား) ဖေဖော်ဝါရီလ ၅ ရက်)
အမေရိကန်နိုင်ငံရှိ သတ်တမ်းအရင့်ဆုံးနှင့် အကြီးဆုံးအမျိုးသားဥယျာဉ်ဖြစ်သော ယဲလိုးစတုန်းအမျိုးသားဥယျာဉ်၌ ကျက်စားသော ကျွဲရိုင်း(ပြောင်)သတ္တ၀ါများအနက် ကောင်ရေ ၄၀၀ နီးပါးခန့်သည် အစုအပြုံလိုက် သတ်ဖြတ်ခံရမည့် အန္တရာယ်ရှိနေကြောင်း အေပီသတင်းဌာနက ယနေ့သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** အိမ်အတွင်း အနှစ် ၂၀ ပိတ်ထားခြင်းခံရသူ ရဲတပ်ဖွဲ့ ကယ်တင် **
(ဆွာပေါ်လို၊ ဖေဖော်ဝါရီလ ၅ ရက်)
ဘရာဇီးနိုင်ငံတွင် အိမ်တစ်လုံးအတွင်း၌ နှစ်ပေါင်း ၂၀ ကြာ သော့ခတ်ပိတ်လှောင်ထားခြင်းခံရသည့် အသက် ၄၅ နှစ်ရှိ အမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့က ကယ်တင်ခဲ့ကြောင်း သောကြာနေ့က ပြောကြားသည်။ အဆိုပါ အမျိုးသမီးသည် အနှစ် ၂၀ ကာလအတွင်း ပြင်ပကမ္ဘာနှင့် အဆက်အသွယ် လုံးဝမလုပ်ခဲ့ရဟု ဆိုသည်။ ပါရာနာပြညနယ် မြို့တော်ကူရီတီဘာမှ ၅၅၀ ကီလိုမီတာအကွာရှိ မာရီလုစ်မြို့တွင် ၄င်း၏ အဖော် အသက် ၆၀ ရှိ အမျိုးသားတစ်ဦးက ၄င်းကို အိမ်အတွင်း၌ သော့ခတ်ထားသည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။ (အင်တာနက်)
** ရုရှားဆိုယုဇ်ဒုံးပျံယာဉ်သစ်ကို သြဂုတ်လ ၃၁ ရက်နေ့တွင် လွှတ်တင်မည် **
(မော်စကို၊ ဖေဖော်ဝါရီလ ၅ ရက်)
ရုရှားဆိုယုဇ်- အက်စ်တီ- ဘီ ဂြိုဟ်တုလွှတ်တင်ရေး ဒုံးပျံ ယာဉ်သစ်ကို ဥရောပအာကာသဗဟိုဌာန၏ ပြင်သစ် ဂီယာနာ ဒုံးပျံစခန်းမှာ သြဂုတ်လ ၃၁ ရက်နေ့တွင် လွှတ်တင်မည်ဖြစ်ကြောင်း ဒုံးပျံယာဉ်ဒီဇိုင်းထုတ်လုပ်ရေး ဗျူရိုက ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။ (အင်တာနက်)
** ဆိုင်ကလုန်းယာစီ နောက်ဆက်တွဲ မိုးရွာသွန်းမှုများကြောင့် သြစတြေးလျ၌
ရေလွှမ်းမိုး **
(ဘရစ္စဘိန်း၊ ဖေဖော်ဝါရီလ ၅ ရက်)
အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း ယာစီတိုက်ခတ်ပြီးနောက် သြစတြေးလျနိုင်ငံ ၀ိတိုရိယပြည်နယ်၌ ဖေဖော်ဝါရီလ ၅ ရက်နေ့က မိုးသည်းထန်စွာရွာပြီး ရုတ်တရက်ရေကြီးခဲ့ရာ လူအမြောက်အမြားသည် ၄င်းတို့၏ နေအိမ်များနှင့် မော်တော်ယာဉ်များအတွင်း ပိတ်မိနေရကြောင်း သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)
** မက္ကဆီကိုမြောက်ပိုင်း၌ ဆီးနှင်းများကျဆင်း **
(မက္ကဆီကိုစီးတီး၊ ဖေဖော်ရီလ ၅ ရက်)
မက္ကဆီကိုနိုင်ငံမြောက်ပိုင်းတွင် ရာသီဥတုအလွန်အေးပြီး ဆိးနှငက်းများအဆက်မပြတ်ကျဆင်းလျက်ရှိကြောင်း အနှစ် ၅၀ ကျော်အတွင်း အနိမ့်ဆုံး အပူချိန်သို့ ကျဆင်းခဲ့ကြောင်း ဖေဖော်ဝါရီလ ၅ ရက်နေ့က အင်တာနက်တွင် သတင်းဖော်ပြသည်။ (အင်တာနက်)
** ဂျပန်တောင်ပိုင်းမှ မီးတောင် ဆက်တိုက်ပေါက်ကွဲမှုဖြစ်ပွား **
(တိုကျို၊ ဖေဖော်ဝါရီလ ၅ ရက်)
ဂျပန်နိုင်ငံတောင်ပိုင်း ကျူရှူးကျွန်း ကာဂိုရှီးမားစီရင်စုရှိ ရှင်မိုးဒါကေမီးတောင်ကြီး အဆက်မပြတ်ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဖေဖော်ဝါရီလ ၅ ရက်နေ့က ခုနစ်ကြိမ်မြောက်အဖြစ် ပေါက်ကွဲခဲ့သည်။ ယင်းမီးတောင်မှ မီးခိုးနှင့် ပြာမှုန်များ အမြင့်မီတာ ထောင်ချီ၍ မှုတ်ထုတ်နေသဖြင့် လေကြောင်းခရီးစဉ်အချို့ ရပ်ဆိုင်းခဲ့ရသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- မြင့်မောင်စိုး **

** ယဲလိုးစတုန်း အမျိုးသားဥယျာဉ်မှ ကျွဲရိုင်းများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမည့် အန္တရာယ်ရှိနေ **

No comments:
Post a Comment