**ချစ်သူဆိုတဲ့အသံ ဘယ်ဘက်ရင်အုံကကြားတော့
ဖွင့်ကြည့်လိုက်မိတဲ့ငါ………………..
ဘ၀မှာနောင်တဆိုတဲ့ တရားကြီး
အမြဲတမ်းတောက်လောင်နေတော့မှာလား။
အချစ်ဆိုတာ နပိုလီယံပြောခဲ့ဘူးသလို
ပြေးထွက်ခြင်းဟာအကောင်းဆုံး လို့ခံယူလိုက်မိတာပါဘဲ။
**တိတ်ဆိတ်ခြင်းနဲ့ ငိုကြွေးခြင်းညတွေဘဲ
ပေးဆပ်နေရမှာပါ……………
ပြေးထွက်သွားတဲ့အခါမှာပေါ့။
**ငါမေ့လို့ရမှာ မဟုတ်တဲ့ ကာဘာတစ်ခုရဲ့အောက်က
နင့်ရဲ့အကြည့်တွေကိုလေ ငါ့ရင်ထဲမှာအမြဲတမ်းသိမ်းထားခွင့်
ရှိနေချင်နေမိတာပါ။
**ငါတောင့်တနေတဲ့ နင့်ရင်ထဲကခံစားချက်တွေ
မပြောင်းလဲဘဲ နေနေတဲ့ တနေ့ဆိုတာကြီး အမြန်ဆုံးဘဲ
လာခေါ်မယ့်နေ့ကို စောင့်နေရတော့မှာပေါ့။
ငါ့ရဲ့ဘယ်ဘက်ရင်အုံက ချစ်သူဆိုတဲ့ အသံပြန်ကြားနေချင်လို့လေ..........။
လွမ်းခြင်း၏တစ်ခြားတစ်ဖက်မှာ နေသာနေတဲ့ နေ့တစ်နေ့ရှိသည်။
♥_♥
♥
( )
(•̪●)(•̪●)░လွမ်းနေ သူ░(•̪●)(•̪●)

No comments:
Post a Comment