ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, February 28, 2011

ဖေဖော်ဝါရီလအတွင်း နိုင်ငံတကာထူးခြားသတင်းများ…

>

** **ယဲလိုးစတုန်းမီးတောင်ကြီး မကြာမီကာလ၌ ပေါက်ကွဲနိုင်ဖွယ်ရှိ **
(ယဲလိုးစတုန်း၊ ဖေဖော်ဝါရီလ ၂၇ ရက်)
အမေရိကန်ပြည်ထောင်စု အနောက်မြောက်ပိုင်း ၀ိုင်အိုမင်းပြည်နယ် ယဲလိုးစတုန်းအမျိုးသားဥယျာဉ်အနီးရှိ မီးတောင်ကြီးသည် စံချိန်တင်လှုပ်ရှားမှုဖြစ်ပေါ်မည့် လက္ခဏာများ ပြသလျက်ရှိပြီး ပေါက်ကွဲမှုဖြစ်ပွားပါက အမေရိကန်ပြည်ထောင်စုအကျယ်အ၀န်း၏ သုံးပုံနှစ်ပုံသည် လူများမှီတင်းနေထိုင်၍ မရနိုင်သည့်နယ်မြေများ ဖြစ်လာနိုင်ကြောင်း ဘူမိရူပအစီရင်ခံစာတစ်စောင်က ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ဖော်ပြသည်။ (အင်တာနက်)

(Candles on the floor of the Brooklyn apartment are believed to have set bed linen on fire)
** အညံ့ပျောက်စေရန် ဆေးဖယောင်းတိုင်ထွန်းရာမှ မီးလောင်၍ အငြိမ်းစားဆရာမတစ်ဦး သေဆုံးရ **
(နယူးယောက်၊ ဖေဖော်ဝါရီလ ၂၇ ရက်)
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် လွန်ခဲ့သော ရက်သတ္တပတ်က ဖြစ်ပွားခဲ့သည့် အငြိမ်းစား ကျောင်းဆရာမတစ်ဦး သေဆုံးခဲ့ရသော တိုက်ခန်းမီးလောင်ကျွမ်းမှုသည် ယတြာချေရန်အတွက် ဆေးဖယောင်းတိုင်ထွန်းရာမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မြို့တော် တာဝန်ရှိသူများက ပြောကြားသည်။ (အင်တာနက်)

** အွန်လိုင်းပေါ်မှ မိန်းကလေးအတွက် ဒေါ်လာ နှစ်သိန်း ဆုံးရှုံးရ **
(နက်ပါဗီးလ်၊ ဖေဖော်ဝါရီလ ၂၇ ရက်)
အမေရိကန်ပြည်ထောင်စု အီလီနွိုက်ပြည်နယ် နက်ပါဗီးလ်မြို့ အနောက်ဘက်ဆင်ခြေဗုံးရပ်ကွက်မှ အသက် (၄၈)နှစ်အရွယ်အမျိုးသားတစ်ဦးသည် ၄င်းတစ်ခါမှ မမြင်ဖူးသည့် အင်တာနက်အွန်လိုင်းပေါ်မှ မိန်းကလေးမိတ်ဆွေတစ်ဦးအတွက် နှစ်နှစ်ခွဲခန့်ကြာအောင် ငွေကြေးများ ပေးပို့ထောက်ပံ့ခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ (အင်တာနက်)

** အမေရိကန် အာကာသလွန်းပြန်ယာဉ် ဒစ္စကာဗာရီ နောက်ဆုံးခရီးစဉ်အဖြစ် အာကာသ
စခန်းသို့ ရောက်ရှိ **

(၀ါရှင်တန်၊ ဖေဖော်ဝါရီလ ၂၇ ရက်)
အမေရိကန်အာကာသလွန်းပြန်ယာဉ် ဒစ္စကာဗာရီသည် ကမ္ဘာပတ်လမ်းအတွင်းရှိ ဓာတ်ခွဲခန်းအတွက် မော်ဂျူးအသစ်တစ်ခု၊ ပစ္စည်းကိရိယာနှင့် ထောက်ပံ့ရေးပစ္စည်းများနှင့်အတူ နှစ်ရက်နီးပါးကြာ ပျံသန်းခဲ့ပြီးနောက် စနေနေ့ မွန်းလွဲပိုင်းတွင် နိုင်ငံတကာ အာကာသစခန်းသို့ ရောက်ရှိခဲ့ကြောင်း အမေရိကန် နာဆာအဖွဲ့က ထုတ်ပြန်ကြေညာသည်။ (အင်တာနက်)

** ဆီးရီးယားသို့ ရုရှားဒုံးကျည်ရောင်းမည် **
(မော်စကို၊ ဖေဖော်ဝါရီလ ၂၇ ရက်)
ဆီးရီးယားနိုင်ငံသို့ အနိမ့်ပျံ ပဲ့ထိန်းဒုံးကျည် (ခရုဇ်ဒုံးကျည်)များ ရောင်းချသည့် စာချုပ်ကို အစ္စရေးနိုင်ငံက ပြင်းထန်စွာဝေဖန်ပြစ်တင်နေသော်လည်း စာချုပ်ပါအတိုင်း လိုက်နာဖြည့်ဆည်းရန် ရည်ရွယ်ကြောင်း ရုရှားအစိုးရက စနေနေ့တွင် ကြေညာခဲ့သည်။ (အင်တာနက်)

** အာဖဂန်နစ္စတန်အတွက် ကနေဒါသူလျှို ကို တာလီဘန်များ ဖမ်းမိဟုဆို **
(ကဘူး၊ ဖေဖော်ဝါရီလ ၂၇ ရက်)
အာဖဂန်နစ္စတန်နိုင်ငံအတွင်း ရန်သူ သူလျှိုများ ရှင်းလင်းရန် ၄င်းတို့၏ စစ်သွေးကြွများက စစ်ဆင်ရေး ဆင်နွှဲစဉ် ကနေဒါသူလျှိုတစ်ဦးကို ဖမ်းဆီးရမိကြောင်း တာလီဘန်ပြောရေးဆိုခွင့်ရှိသူက တနင်္ဂနွေနေ့တွင် ကြေညာသည်။ (အင်တာနက်)

** အီရတ်ရေနံချက်စက်ရုံ တိုက်ခိုက်ခံရ၍ ပိတ်ထား **
(ဘဂ္ဂဒက်၊ ဖေဖော်ဝါရီလ ၂၇ ရက်)
နံနက်စောစောပိုင်းက အီရတ်နိုင်ငံ၏ အကြီးဆုံး ရေနံချက်စက်ရုံ(ဘိုင်ဂျီ)ကို သေနတ်များ၊ ဗုံးများဖြင့် တိုက်ခိုက်လာသည့်အတွက် ယင်းရေနံချက်စက်ရုံကို ပိတ်ထားလိုက်ရကြောင်း ယင်းတိုက်ခိုက်ခြင်းကြောင့် အမှုထမ်းငယ်နှစ်ဦး သေဆုံးခဲ့ကြကြောင်း တာဝန်ရှိသူက ပြောသည်။ (အင်တာနက်)

** အာဖဂန်နစ္စတန်တောင်ပိုင်း၌ ကျင်းပသည့် ခွေးတိုက်ပွဲတွင် ဗုံးများပေါက်ကွဲ ကျေးရွာသားများနှင့် ရဲတပ်ဖွဲ့ဝင်များအပါအ၀င် လူ ၁၀ ဦး သေဆုံး **
(အာဂန်ဒက်ဘ်၊ ဖေဖော်ဝါရီလ ၂၇ ရက်)
အာဖဂန်နစ္စတန်တောင်ပိုင်း ကန်ဒါဟာမြို့တော် ဆင်ခြေဗုံး အာဂန်ဒက်ဘ်ခရိုင်တွင် ကျင်းပသည့် တရားမ၀င် ရိုးရာခွေးတိုက်ပွဲကို ကြည့်ရှုရန် ရောက်ရှိနေကြသည့် ရွာသားများကြားတွင် ဗုံးပေါက်ကွဲမှုများ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဖြစ်ပွားရာ လူ ၁၀ ဦး သေဆုံးခဲ့ရကြောင်း အာဏာပိုင်များက ပြောကြားသည်။ (အင်တာနက်)

** စုစည်းဘာသာပြန်- မောင်ငြိမ်း **

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) ပ (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1)ွ (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)