** ပရီးမီးယားလိဂ်ဖလား ရရှိစေရေး ချဲလ်ဆီးကို အနိုင်ကစားမည်ဟု ဖာဂူဆန်ပြောကြား **
(လန်ဒန်၊ ဖေဖော်ဝါရီလ ၂၇ ရက်)
ယခုနှစ်ဘောလုံးရာသီအတွက် ပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်ရေး အဆုံးအဖြတ်ပေးမည့် ပွဲစဉ်တစ်ပွဲဖြစ်သည့် မန်ယူနှင့် ချဲလ်ဆီးတို့ပွဲကို ချဲလ်ဆီးကွင်း စတန်းဖို့ဒ်ဘရစ်၌ သွားရောက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သော်လည်း မိမိတို့သည် ချဲလ်ဆီးအသင်းအား အခွင့်အရေးပေးမည်မဟုတ်ဟု ဖာဂူဆန်က ထုတ်ဖော်ပြောကြားသည်။ (အင်တာနက်)

** တိုက်စစ်မှူး ဘင်ဇီမာအား မော်ရင်ဟိုဝေဖန် **
(မက်ဒရစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်)
ပြင်သစ်နိုင်ငံသား ရီးရဲမက်ဒရစ် တိုက်စစ်မှူး ဘင်ဇီမာသည် ယခုထက် ပိုမိုအစွမ်းပြရန် လိုအပ်နေဆဲဖြစ်ကြောင်း နည်းပြမော်ရင်ဟိုက တွန်းအားပေးလိုက်သည်။ (အင်တာနက်)
** မန်ယူနောက်ခံလူ ဖာဒီနန် ချဲလ်ဆီးနှင့်ပွဲ၌ ပါဝင်နိုင်ဖွယ်မရှိ **
(လန်ဒန်၊ ဖေဖော်ဝါရီလ ၂၇ ရက်)
လာမည့်သီတင်းပတ်၌ ချဲလ်ဆီးအသင်းနှင့် ကစားမည့်ပွဲတွင် မန်ယူအသင်း၌ နောက်ခံလူ ဖာဒီနန်သည် ဒဏ်ရာကြောင့် လွဲချော်နိုင်ကြောင်း နည်းပြဖာဂူဆန်က ဖေဖော်ဝါရီလ ၂၇ ရက်နေ့၌ ထုတ်ဖော်ပြောကြားလိုက်သည်။ (အင်တာနက်)
** ကစားသမားများ ဒဏ်ရာရမှု အင်တာမီလန်အသင်း၌ များပြား **
(ရောမ၊ ဖေဖော်ဝါရီလ ၂၇ ရက်)
အင်တာမီလန်အသင်းတွင် ယခုအခါ အားကစားသမား အများအပြား ဒဏ်ရာရနေသဖြင့် ပြိုင်ဘက်များကို ယှဉ်ပြိုင်ရန်အခက်ကြုံလျက်ရှိကြောင်း အင်တာမီလန် ကလပ်က ဖေဖော်ဝါရီလ ၂၇ ရက်နေ့၌ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** အန်ဆယ်လော့တီ ရိုးမားကလပ်နှင့် ဆက်သွယ်ဟု သတင်းထွက်ပေါ် **
(လန်ဒန်၊ ဖေဖော်ဝါရီလ ၂၇ ရက်)
ပရီးမီးယားလိဂ်၌ ရလဒ်များဆိုးရွားနေသဖြင့် ဖိအားပေးမှုများနှင့် ရင်ဆိုင်နေရသော ချဲလ်ဆီးနည်းပြ အန်ဆယ်လော့တီသည် အသင်း ပြောင်းရွှေ့ရန်အတွက် အသင်းဟောင်း ရိုးမားကလပ်နှင့် ဆက်သွယ်နေကြောင်း ဖေဖော်ဝါရီလ ၂၇ ရက်ရက်နေ့၌ သတင်းထွက်ပေါ်လာသည်။ (အင်တာနက်)
** ဘလက်ပူးလ်တိုက်စစ်မှူး ဟာရီဝုဒ် အား ဘန်လေက အငှားခေါ်ယူ **
(လန်ဒန်၊ ဖေဖော်ဝါရီလ ၂၇ ရက်)
ဘလက်ပူးလ်တိုက်စစ်မှူး မာလွန်ဟာရီဝုဒ်အား ယခုနှစ် ဘောလုံးရာသီမကုန်မီ ဘန်လေအသင်းက အရေးပေါ် ငှားရမ်းကစားရန် စာချုပ်ချုပ်ခဲ့ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- မောင်မောင်မြင့်ဆွေ **

No comments:
Post a Comment