ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, February 11, 2011

ပင်လုံအကြောင်းအရာမေးမြန်း ပွဲဘန်ကောက်တွင်ကျင်းပ

>

(ဖေဖေါ်ဝါရီလ ၁၁၊၂၀၁၁)
မနေ့ ညနေက ဘန်ကောက်မြို့ လယ်ရှိ Bangkok Art and Culture Centre အဆောက်အဦး ခန်းမတွင်
မြန်မာနိုင်ငံ၏ဒုတိယပင်လုံ အကြောင်းအရာဆွေးနွေးပွဲတရပ်အား မြန်မာ့အရေးတက်ကြွလှုပ်ရှားသည့်အဖွဲ့ 
များကစုပေါင်းကျင်းပခဲ့ကြသည်။
မြန်မာမိတ်ဆွေများအဖွဲ့ (FOB)မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးထိုင်းလှုပ်ရှားမှုကော်မတီ(TACDB)မြန်မာ့
အရေး အာဆီယံပါလီမန် အမတ်များအဖွဲ့ (AMPIC)ပြည်သူ့ အာဏာဖွ့ံဖြိုးရေးအဖွဲ့နဲ့ နိုင်ငံတကာလွတ်ငြိမ်းချမ်း
သာခွင့်အဖွဲ့ (AI) အဖွဲ့ တို့ ပူးပေါင်း၍ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်လွတ်မြောက်နယ်မြေမှ နိုင်ငံခြားဆက်ဆံရေးအဖွဲ့ဝင် ဦးမိုးဇေါ်ဦး
ရှမ်းသတင်းဌာန အယ်ဒီတာ ဦးခွန်ဆိုင်းနဲ့ NUPA (ရခိုင်ပြည်အမျိုးညီညွတ်ရေးပါတီဥက္ကဌ)ဒေါက်တာခင်မောင်
တို့ က ပင်တိုင်ဆွေးနွေး ဟောပြောကြသည်။
ဒုတိယပင်လုံအကြောင်းအရာနဲ့ ပတ်သက်၍ The Nation သတင်းစာမှ အကြီးတန်းသတင်းထောက်
Pravit Rojanaphruk က ပင်တိုင်မေးမြန်းပြီး တာမဆတ် တက္ကသိုလ်တွင် တက်ရောက်နေကြသော
နိုင်ငံတကာကျောင်းသူကျောင်းသားများနှင့်တက္ကလိုလ်တက်နေသော ထိုင်းသံဃာတော်တစ်ပါးတို့ ကမေးမြန်း ကြသည်။
နေရှင်းအကြီးတန်းသတင်းထောက်နဲ့ နိုင်ငံတကာ တက္ကသိုလ်ကျောင်းသားများက “ မြန်မာနိုင်ငံဟာ ဗြိတိသျှလက်အောက်က လွတ်မြောက်လာပြီးတော့ ဘာကြောင့်မလွတ်လပ်နိုင်သေးတာလဲ၊ပထမ ပင်လုံမှာ ဘာတွေ ဗိုလ်ချုပ်တို့ နဲ့ ချုပ်ဆိုခဲ့ကြပြီး၊ ခုဒုတိယပင်လုံဆိုတာကော့ ဘယ်လောက်အထိ ဖြစ်နိုင်ခြေရှိသလဲ အမှန်တကယ်ကော မြန်မာနိုင်ငံအတွက် လိုအပ်သလား”ဟုမေးမြန်းကြသည်။
ဖြေကြားသူများက“နှစ်၆၀ ပြည်တွင်းစစ်ဟာ တိုင်းရင်းသားတွေကို တန်းတူရေးမပေးပဲ မဟာလူမျိုးကြီး
ဝါဒနဲ့ စစ်အာဏာရှင်စနစ်ကြောင့်ဖြစ်တယ်။ ခု ပြောနေကြတဲ့ ဒုတိယပင်လုံညီလာခံကို အပြည့်အ၀ထောက်
ခံတယ်၊ပေါ်ပေါက်အောင်လည်းဝိုင်းဝန်းကြိုးစားကြမယ်၊ခုထိ တိုက်ပွဲဖြစ်နေတာဟာ ပြည်တွင်းငြိမ်းချမ်းမှု
မရှိတာကိုပြတာဖြစ်တယ်။တိုင်းရင်းသားတွေ တိုက်နေတာ တန်းတူရေးနဲ့ လွတ်လပ်ရေးဖြစ်တယ်။ကျနော်
တို့ တတိုင်းပြည်လုံးစစ်ကျွန်ဘ၀အောက်ကလွတ်မြောက်အောင် ရရာလက်နက်စွဲကိုင်ပြီးတိုက်ခိုက်နေကြ
တာဖြစ်တယ်စစ်အစိုးရအုပ်ချုပ်နေသမျှကာလပတ်လုံး ပြည်တွင်းစစ်ဘယ်တော့မှ မငြိမ်းဘူး”ဟုပြောဆိုသွား
ကြသည်။မွန်လွဲ ၂နာရီမှ စတင်၍ ကျင်းပသည့် ဤဆွေးနွေးပွဲ ညနေ ၅နာရီခွဲတွင်ပြီးဆုံးသည်။

အစီအစဉ်အရ စွယ်စုံရအနုပညာရှင် ကိုဇာဂနာ မှတ်တမ်း ရုပ်ရှင် This Prison Where I Live “ကျနော်နေတဲ့ဤ အကျဉ်းထောင်” အမည်ရှိ ရုပ်ရှင်ကား ကိုပြသသည်။ထိုရုပ်ရှင်ကားကိုရိုက်ကူးခဲ့သည့် အင်္ဂလန်နိုင်ငံသား ဒါရိုက်တာRex Bloomsteinကိုဇာဂနာ၏လုပ်ဖေါ်ကိုင်ဘက်များလည်းဖြစ်၊တပည့်များလည်းဖြစ်ကြသော သီးလေးသီးမှ ကိုဂေါ်ဇီလာနှင့်ကိုစိန်သီးတို့ အားတက်ရောက်လာသူများကမေးမြန်ကြသည်။
ဒါရိုက်တာက“အများပြည်သူအတွက်မိမိကိုယ်ကိုယ် မိတ်(အော်လံ)ပါလို့ ပြောတဲ့ ကိုဇာဂနာ။ပြီးတော့ နာဂစ်
ဒုက္ခသည်တွေကို သူ့ လက်ကိုင်ဖုန်းကိုရောင်းပြီးအကူအညီပေးတာ၊ ဖိနှိပ်ရက်စက်တဲ့အစိုးရ ကိုမကြောက်
မရွံ့ပြောရဲတဲ့သူရဲ့သတ္တိ၊အဲဒါတွေကိုအထူးလေးစားလို့ ဒီရုပ်ရှင်ကားကိုရိုက်တာဖြစ်တယ်။ ကြောက်မွေးပါရင်
ဇာဂနာနဲ့ နုတ်မယ်ဆိုတဲ့သူ့ ရဲ့ခံယူချက်နဲ့ သူရဲ့နာမည်ကလည်းဂုဏ်ပြုထိုက်တယ်ထင်လို့ ပါ” ဟုပြောသည်။
ကိုဇာဂနာ ဦးနေ၀င်းခေတ်က ပျက်လုံးတစ်ခုအား အမှတ်တရပြောပေးပါရန် ထိုင်းစာရေးဆရာတစ်ယောက်
တောင်းဆိုမေးမြန်းခဲ့သည်။
ကိုဂေါ်ဇီလာက“ မဆခေတ်က သူတောင်းစားညီလာခံလုပ်တာတွေ။ပြီးတော့ ပြည်ပကိုတာဝန်ထမ်းဆောင်ဖို့ 
အလွှတ်ခံရတာကို အနစ်နာခံတဲ့အနေနဲ့ သားနဲ့ မယားကိုပါ ခေါ်သွားပါမယ် ဆိုတဲ့ နိုင်ငံတာဝန်ထမ်းဆောင်သူ
တွေရဲ့ကိုယ်ကျိုးရှာဖွေတတ်တဲ့ပျက်လုံးတွေကို မြန်မာပရိတ်သတ်တွေ အလွန်ပဲသဘောကျပါတယ်။ အနုပညာသည်လူရွှင်တော်ဆိုတာ တိုင်းပြည်မှာ မဆီမလျှော်တာတွေကို ပြည်သူတွေရည်စရာဖြစ်အောင်နဲ့ အုပ်ချုပ်သူတွေသတိပြုအောင် ပြုပြင်အောင် ထောက်ပြတဲ့လူတွေသာဖြစ်တယ်။ကျနော်တို့ အစိုးရက ထောက်ပြတယ်လို့ မမြင်ပဲ သူတို့ ကိုအပြစ်ပြောတယ်ဆိုပြီး ကျနော်တို့ ဆရာကိုနှစ်ရှည်ထောင်ဒဏ်ချ လိုက် တယ်ဗျာ” ဟုရှင်းပြခဲ့သည်။
အခမ်းအနားစီစဉ်သူများက ကဏ္ဍ ၂ခုအား တပေါင်းတည်း ကျင်းပခဲ့သော်လည်း တက်ရောက်လာသူများက
စိတ်ဝင်တစားရှိခဲ့ကြသည်။ တက္ကသိုလ်ကျောင်းသား ထိုင်းသံဃာတော်တစ်ပါးက “ဥဇင်းဒီအခမ်းအနား ဖိတ်စာကိုရတော့ ကျောင်းနေဘက် မြန်မာသံဃာတွေကို ဂျီတော့နဲ့ အီးမေးကနေ သွားရအောင်လို့ ခေါ်တယ်။ သူတို့ က ဘာပြောလဲဆိုတော့ ဒီပွဲကိုလာရင် ဓါတ်ပုံအ ရိုက်ခံရမယ်။VDO အရိုက်ခံရမယ်။ ပြည်တွင်းကသိသွားရင် အန္တရာယ်ဖြစ်နိုင်တယ်လို့ပြန်ပြောကြတယ်။ခုကြည့်လေ မြန်မာသံဃာတော် တွေတစ်ပါးမှမရောက်ဘူး။ ဥဇင်း အဖြေတစ်ခုရလိုက်တာက သူတို့ ဟာ ပြည်ပက လွတ်လပ်တဲ့တိုင်းပြည် ကို ရောက်နေတာတောင် အကြောက်တရားက မကုန်သေးပါလား ဆိုတာပါပဲ” ဟု စာသင်သား
မြန်မာသံဃာများ ကြောက်ရွ့ံနေမှုကို ထုတ်ဖေါ်မိန့် ဆိုသွားခဲ့သည်။
သီးလေးသီးမှ ကို စိန်သီးက“ပြည်တွင်မှ လူရွှင်တော်များ ပြောရဲဆိုရဲခြင်းကိုအထူးလေးစားပါတယ်။ ပြည်တွင်း က ညီကိုတော်အနုပညာရှင်တွေပြည်တွင်းမှပြောတာ ထိရောက်ပါတယ်။ပြည်ပကိုထွက်လာဖို့ မစဉ်းစားပါနဲ့  ကျ
နော်တို့ လွတ်လွတ်လပ်လပ်ပြောလို့ဆိုလို့ ရတယ်ဆိုပေမယ့် ထမင်းန
ပ်မမှန်လို့ ပါ” ဟုအသောဖေါက်ပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြသည်။

သတင်း.. ကိုကျော်သောင်း (ဘန်ကောက်)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)