**(ဟာဒယနှလုံး -တခဏပြုံး)**
ဆရာဝန်တစ်ယောက် လက်ထပ်လိုက်သည်။ နှစ်ရက်အကြာတွင် သူငယ်ချင်း ဆရာဝန်တွေက
ဖုန်းလှမ်းဆက်သည်။ "ဟေ့ကောင် … ပိုကာဒေါင်းမယ်။ မြန်မြန်လာခဲ့။ ဒီမှာ
တစ်အိမ်လိုနေလို့"
ဆရာဝန်က အရေးပေါ် ခွဲစိတ်မှုတစ်ခုအတွက် ဆေးရုံမှ
ဖုန်းဆက်ကြောင်း ဇနီးသည်အားပြောသည်။ အလောတကြီး အ၀တ်အစားလဲနေသော
ယောက်ျားကိုကြည့်ရင်း ဇနီးဖြစ်သူကမေးသည်။ "ဟိုမှာ တော်တော်လေး
အရေးကြီးနေလို့လား မောင်"
ဆရာဝန်က ခပ်တည်တည်ပြန်ဖြေသည်။ "အရေးကြီးတာပေါ့။
ဟိုမှာ ဆရာဝန်(၄)ယောက်တောင် ရောက်နေကြပြီ"
** ညီ ရဲ**

No comments:
Post a Comment