**Made in China လုပ်မူဘိုင်ဖုန်းအသားစထဲက ထွက်လာတဲ့
စစ်ထွက်ပစ္စည်းများနဲ့
အကြွေးတွေတသီကြီး
ရင်ဘတ်စီတီးနောက်ပြန်ခရီးထွက်လာခဲ့ကြ
စုန်းစုန်းချုပ်ညနက်ခင်းထဲ အံကြိတ်သံများဆူညံပွက်လောရိုက်
စစ်ပွဲဇုံတွေချဲ့ထွင်နေလေရဲ့
**နှစ်သစ်မှာ
နှစ်ချို့စစ်ပွဲတွေမပြီးသေးဘူး
စစ်မှုမထမ်း မနေရ ဥပဒေသစ်နဲ့
လက်သင့်ရာ ကြီးပွားရေး ဈေးကွက်စနစ်ထဲ
အကျင့်ပျက်ချစားမှုတွေက အစပ်အဖာ ဗလဗွ
မြို့ပြ၊ကျေးလက်အထိ
အနာဂတ်မဲ့ လူငယ် လူရွယ်တွေက
(၂၁) နှစ်ဆယ့်တစ်ရာစုရဲ့ စစ်ကျွန်စနစ်အောက်
ပြားပြားမှောက် ရေကြည်ရာကိုလွင့်မျော
မှောင်ခိုဈေးကွက်မှာ အရောင်းသွက်ပစ္စည်းတွေဖြစ်လာခဲ့...။
**စနစ်ပျက်ကြီးထဲ
စစ်ရမက်များ မီးစွဲတောက်လောင်
ကျိန်စာသင့်ဖုတ်ကောင်တွေ
တစ်ကောင်ပြီး တစ်ကောင်
တွားယားသွား မြွေတွေလို အရည်ခွန်လဲ
အစိမ်းသေ သေနေတဲ့ ညနေခင်းကြီးရဲ့
ဆင်ဖြူတော်ကိုမှီပြီး ကြံစုပ်ကြကုံလော့...။
**ကင်ပေတိုင်တွေနေတဲ့ မြို့တော်သစ်မှာ
နိုင်ငံပိုင်ပစ္စည်းတွေကို ထုခွဲ
ပုဂ္ဂလိကပိုင်လွှဲပြောင်းရေးဈေးကွက်သစ်နဲ့
တံခါးပိတ်လွှတော်တက်
အစိုးရသစ်ဖွဲ့
ခေတ်မှီ တိုးတက်သောနိုင်ငံတော်သစ်ဆီသို့
ချီတက်ကြအုံးမတဲ့
လူတွေ လူလုံးမလှတဲ့ ခေတ်မှာ
စစ်ကျွန်စနစ်သက်တမ်းတိုးတာထက်
ဘာမှမပို။
(ဆွေနိုင်)
**Made in China လုပ်
မူဘိုင်ဖုန်းအသားစထဲက ထွက်လာတဲ့
စစ်ထွက်ပစ္စည်းများနဲ့
အကြွေးတွေတသီကြီး
ရင်ဘတ်စီတီးနောက်ပြန်ခရီးထွက်လာခဲ့ကြ
စုန်းစုန်းချုပ်ညနက်ခင်းထဲ အံကြိတ်သံများဆူညံပွက်လောရိုက်
စစ်ပွဲဇုံတွေချဲ့ထွင်နေလေရဲ့
**နှစ်သစ်မှာ
နှစ်ချို့စစ်ပွဲတွေမပြီးသေးဘူး
စစ်မှုမထမ်း မနေရ ဥပဒေသစ်နဲ့
လက်သင့်ရာ ကြီးပွားရေး ဈေးကွက်စနစ်ထဲ
အကျင့်ပျက်ချစားမှုတွေက အစပ်အဖာ ဗလဗွ
မြို့ပြ၊ကျေးလက်အထိ
အနာဂတ်မဲ့ လူငယ် လူရွယ်တွေက
(၂၁) နှစ်ဆယ့်တစ်ရာစုရဲ့ စစ်ကျွန်စနစ်အောက်
ပြားပြားမှောက် ရေကြည်ရာကိုလွင့်မျော
မှောင်ခိုဈေးကွက်မှာ အရောင်းသွက်ပစ္စည်းတွေဖြစ်လာခဲ့...။
**စနစ်ပျက်ကြီးထဲ
စစ်ရမက်များ မီးစွဲတောက်လောင်
ကျိန်စာသင့်ဖုတ်ကောင်တွေ
တစ်ကောင်ပြီး တစ်ကောင်
တွားယားသွား မြွေတွေလို အရည်ခွန်လဲ
အစိမ်းသေ သေနေတဲ့ ညနေခင်းကြီးရဲ့
ဆင်ဖြူတော်ကိုမှီပြီး ကြံစုပ်ကြကုံလော့...။
**ကင်ပေတိုင်တွေနေတဲ့ မြို့တော်သစ်မှာ
နိုင်ငံပိုင်ပစ္စည်းတွေကို ထုခွဲ
ပုဂ္ဂလိကပိုင်လွှဲပြောင်းရေးဈေးကွက်သစ်နဲ့
တံခါးပိတ်လွှတော်တက်
အစိုးရသစ်ဖွဲ့
ခေတ်မှီ တိုးတက်သောနိုင်ငံတော်သစ်ဆီသို့
ချီတက်ကြအုံးမတဲ့
လူတွေ လူလုံးမလှတဲ့ ခေတ်မှာ
စစ်ကျွန်စနစ်သက်တမ်းတိုးတာထက်
ဘာမှမပို။
(ဆွေနိုင်)
No comments:
Post a Comment