ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, February 1, 2011

မြန်မာနိုင်ငံတွင် "သမ္မတ" ရွေးချယ်ထားပြီးဖြစ်

>
ဇန်န၀ါရီ ၃၁ တွင် လွှတ်တော် အစည်းဝေးများကို စတင် ကျင်းပတော့မည် ဖြစ်ရာ နိုင်ငံတော် သမ္မတကိုလည်း မကြာမီ ရွေးချယ်တင်မြှောက်ကြတော့မည် ဖြစ်သည်။

သို့သော် လွှတ်တော် အစည်းအဝေးမတိုင်မီကပင် မြန်မာနိုင်ငံတွင် သမ္မတ ဟု သတ်မှတ်ခံရသူ တဦး ရှိနှင့်ပြီး ဖြစ်သည်။ သတင်းဌာနများနှင့် မီဒီယာသမားများ လွှတ်တော်အတွင်း သတင်းယူခွင့် ရမရ မသေချာသေးသော်လည်း ပို့စ်မော်ဒန် သတင်းဌာနဖြစ်သော Burma Strange News အနေနှင့်မူ သမ္မတ-နေအိမ် သို့ပင် ခက်ခက်ခဲခဲ သွားရောက်ပြီး အင်တာဗျူးထားပြီး ဖြစ်ပါသည်။

(အဆိုပါ အင်တာဗျူးကို ၂၀ နိုဝင်ဘာ ၂၀၁၀ တွင် တင်ဆက်ခဲ့ပြီး ဖြစ်သော်လည်း၊ ယခုကဲ့သို့ လွှတ်တော် ကျင်းပခါနီး အချိန်တွင် မြန်မာပြည်၏ သမ္မတ မည်သူဖြစ်မည်ကို အားလုံးက သိလိုစိတ်ဖြင့် မျှော်လင့် စောင့်စား နေကြသဖြင့် ပြန်လည် ဖော်ပြပေးလိုက်ပါသည်။)

BS News။ ။ သမ္မတ-သန်းနိုင် အဖြစ် ဘယ်တုန်းက ရွေးကောက် တင်မြှောက်ခံရတာပါလဲ ခင်ဗျ။

သမ္မတ-သန်းနိုင်။ ။ ကျွန်တော့် အမျိုးသမီးက ရွေးကောက်လိုက်တာပါခင်ဗျ။ ကျွန်တော် ဘုန်းကြီး ဘ၀တုန်းက ဆွမ်းခံကြွယင်း ကျွန်တော့် အမျိုးသမီးနဲ့ ဆုံတွေ့ခဲ့တာပါ။ အမျိုးသမီးက "သမ္မတ" သင်္ကန်းတိုက် ပိုင်ရှင်လေ။ ကျွန်တော် လူဝတ်လဲပြီး သူနဲ့ လက်ထပ်လိုက်တော့ ကျွန်တော်လည်း သမ္မတ-သန်းနိုင် ဖြစ်သွားတော့ တာပေါ့ဗျာ။

BS News။ ။ သမ္မတ-သန်းနိုင် ဖြစ်လာတော့ သမ္မတ-သန်းနိုင် အနေနဲ့ ဘယ်လို ဖွံ့ဖြိုးတိုးတက် ကြီးပွားရေး လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပါသလဲ။

သမ္မတ-သန်းနိုင်။ ။ ကျွန်တော်တို့က "ပြင်သစ်" လုပ်ငန်းကို လုပ်ပါတယ် ခင်ဗျာ။ ပြင်သစ်နိုင်ငံက လာရောက် ရင်းနှီး မြှုပ်နှံတာ မဟုတ်ပါဘူး။ သင်္ကန်း အဟောင်းတွေကို ကျွန်တော်က အသစ်ဖြစ်အောင် "ပြင်" ပါတယ်။ "ပြင်" လိုက်တော့ "သစ်" သွားတာပေါ့ဗျာ။ အဲသလို ပြင်သစ် သင်္ကန်းအဟောင်းတွေကို အသစ်လုပ်ရောင်းယင်း၊ ကျွန်တော့ မိသားစုလဲ ခေတ်မီ ဖွံ့ဖြိုးတိုးတက် ကြီးပွား လာတာပေါ့ဗျာ။

BS News။ ။ လက်ရှိ..... သမ္မတ-သန်းနိုင် အနေနဲ့ အနာဂတ် မြန်မာနိုင်ငံရဲ့ သမ္မတ ဘယ်သူ ဖြစ်လာမယ်လို့ မျှော်လင့်ပါသလဲ ခင်ဗျာ။

သမ္မတ-သန်းနိုင်။ ။ ကျွန်တော့် အမြင်က တော့ ဘယ်သူမှ သမ္မတ ဖြစ်မယ် မထင်ဘူးဗျ။ အဲ- ကျွန်တော့် သမ္မတ သင်္ကန်းတိုက်က ကျွန်တော့် မူပိုင် trade mark လေ။ မှတ်ပုံတင်ထား ပြီးသား။ ဟဲဟဲ။

အဲ-၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြောရရင်တော့၊ ပုဒ်မ ၅၉ (ခ) မှာ ပြဌာန်း ထားတာ ရှိပါတယ် ခင်ဗျ။ အဲဒီ ပုဒ်မထဲမှာ နိုင်ငံတော် သမ္မတ ဖြစ်မယ့်လူရဲ့ မိဘနှစ်ပါးလုံးဟာ ပြည်ထောင်စုရဲ့ တရားစီရင်ရေး နယ်နိမိတ်၊ ဒါမှမဟုတ် နိုင်ငံတော်ရဲ့ အာဏာပိုင်နက် အတွင်းမှာ မွေးဖွားရမည်လို့ အတိအလင်း ပြဌာန်းထားပါတယ်ဗျာ။ ပြည်ထောင်စု နိုင်ငံ ဆိုတာက ၁၉၄၈ ဇန်န၀ါရီ ၄ ရက်နေ့မှ ပေါ်ပေါက်တာပါ။ နိုင်ငံတော်ရဲ့ အာဏာပိုင်နက် ဆိုတာလဲ အဲဒီနေ့က စပြီးတော့ပဲ အာဏာ တည်တာ ဖြစ်ပါတယ်။ ဒီတော့- ဗိုလ်ချုပ်မှူးကြီး သန်းရွှေက စလို့ ၀န်ကြီးချုပ် ဦးသိန်းစိန်၊ သူရဦးရွှေမန်း အပါအ၀င်၊ လက်ရှိ အစိုးရ အဖွဲ့ဝင်တွေ အကုန်လုံးရဲ့ မိဘ တွေဟာ ဗြိတိသျှ အင်ပါယာ နယ်နိမိတ်၊ ဗြိတိသျှ အာဏာပိုင်နက် အတွင်းမှာ မွေးဖွားခဲ့တယ် ဆိုတာကို တွေ့ရှိရပါတယ်။ ဒါကြောင့်မို့လို့၊ အခြေခံ ဥပဒေအရ ပြောရရင်တော့- နိုင်ငံတော် သမ္မတ ဖြစ်မဲ့လူကို အခုချိန်ထိ ကျွန်တော် မမြင်သေးပါဘူး ခင်ဗျ။

From: Burma Strange News
(The First Post-Modern Burmese News Agency)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)