ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, February 1, 2011

ထမင်းချိုး ဟင်းချိုး

> ဖျော့တော့တော့ လိမ္မော်ရောင် ညနေခင်းသည် ကမ္ဘာ တစ်ဘက်ခြမ်းမှ ငုပ်လျှိုး၍သွားလေပြီ။ ကောင်းကင် တစ်ခုလုံး လင်းကြည် နေရာမှ ဖြည်းဖြည်းညို့ညို့ လာသည်။ ဆည်းဆာက အမှောင်ဆီသို့ တစစယွန်း၍ သွား၏။ ညဥ့်သည် အစပျိုးလေပြီ။ လမ်းထဲမှ ကလေးတစ်သိုက် တစုစုတရုံးရုံး နှင့် ကျွန်တော့် အိမ်ရှေ့တွင် ၀ိုင်းလာဖွဲ့ ကြသည်။ သူတို့ ကစားဖို့ ခတ်ကွင်း ပြင်နေကြပြီ။ ကျွန်တော်တို့ ငယ်ငယ်တုန်း ကတော့ ကစားရန် နေရာ အ၀န်းအ၀ိုင်း ကျယ်ဝန်းလှသည်။ ဥက္ကလာပမြို့ သစ်သက်တမ်း နှစ်နှစ်ဆယ်ကျော် လာသည့်တိုင် နွေအခါဆို အိမ်အောက် မြေပြင်တွေက ခြောက်သွေ့နေသည်။ ရေနုတ်မြောင်းတွေမှာတောင် ရေတင်မကျန်ရစ်၊ ရပ်ကွက် ဘေးအစွန်မှာ လယ်ကွင်း လယ်ကွက်တွေ ရှိသေး၏။ ဒီတော့ ကျွန်တော်တို့ စိတ်ကြိုက် ကစားခွင့် ရှိသည်။ ဘုတိုဂွတို အော်မလား၊ ဒီဆွဲမလား၊ ဘောလုံးကန်မလား၊ စိန်ပြေး လိုက်မလား၊ ကြိုက်သလိုဆော့ မောတော့မှ အိမ်ပြန်ကြပေါ့။

ကျွန်တော်တို့ သားသမီးတွေ အလှည့်မှာ ကစားစရာနေရာ ကျဉ်းမြောင်း သွားလေပြီ။ အိမ်အောက်တွေမှာ ရေမခန်းတော့။ ပတ်ဝန်းကျင် လယ်ခင်းယာခင်း တွေလည်း ဆင်ခြေဖုံး ဆန်ကုန်ကြပြီ။ ဒီတော့လည်း အိမ်ရှေ့ကလမ်းမ သည်သာ သူတို့အတွက် တစ်ခုတည်းသော ကစားကွင်း၊ သူတို့အတွက် အပန်းဖြေရာ ရင်ပြင်ဖြစ်သည်။ ဒါတောင် တချို့တချို့ အိမ်များက အိမ်ရှေ့ကလေးတွေ လာဆော့လျှင် မျက်စိပူ နားဆူသည်ဆိုကာ အိမ်ရှေ့လမ်းမကို ရေတွေ ရွှဲနေအောင် ပက်ဖြန်းထား တတ်ကြသည်။ ကျွန်တော်ကတော့ ကလေးတွေ ပျော်ပျော်ရွှင်ရွှင် ဆော့ကစားနေတာကိုမြင်ရလျှင်စိတ်အေးချမ်းသည်။

အပူအပင်ကင်းတဲ့ ကလေးဘ၀ကို သူတို့ရစေချင်သည်။ ဒါကြောင့်လည်း ညဘက်ရောက် လျှင် ကလေးတွေ မြင်မြင်ထင်ထင် ဆော့ကစားနိုင်အောင် ကျွန်တော့်အိမ်ရှေ့မှာ လေးပေ မီးချောင်းတစ်ချောင်း ထွန်းပေးထားသည်။ လမ်းသွားလမ်းလာတွေလည်း အဆင်ပြေ၊ ကလေး တွေလည်း ပျော်မြူးနှင့်မို့ စိတ်ကြည်နူးရသည်။ ကျွန်တော့် အိမ်ရှေ့မှာဆို ဆယ့်နှစ်ရာသီ ပတ်လုံး ကလေးသံတို့ဖြင့် ဆူညံစည်ကား နေမြဲဖြစ်သည်။ "ဖျတ်ခနဲ" အိမ်ရှေ့မှ လေးပေမီးချောင်း အရောင်ပွင့်ထွက်သွားသည်။ "ဟေး" ခနဲ ကလေးတွေ ထအော်ကြသည်။ လက်ခုပ်တီးသူ တီးသည်။ ခုန်ပေါက်သူက ပေါက်သည်။ သူတို့ အပျော်က ကျွန်တော့်ထံ ကူးစက်လာသည်။ အိမ်ရှေ့ခုံ တန်းလျားလေး မှာထိုင်ပြီး သူတို့ကို ငေးမောမိနေချိန် ကျွန်တော့် သောကတွေငြိမ်းနေခဲ့သည်။

လောဘ၊ ဒေါသတို့လည်း မြူတမှုန်မျှ လိမ်းကျံခွင့်မရ၊ ကလေးတွေ ကတော့ တစ်ယောက်လည်ပင်း ကိုတစ်ယောက်ဖက်ပြီး "ရွှေလား ငွေလား" ဟု မေးသူကမေး၊ "နဂါးနဲ့ ကျား" ဟု အော်သူက အော်၊ "သစ်ပင်နဲ့ သစ်ရွက်" ဟု ပြောသူကပြောသည်။ ခေါင်သူကြီး လုပ်သူ နှစ်ယောက်ကလည်း ရွှေဖြင့် ရွှေ၊ ငွေဖြင့် ငွေ၊ နဂါးဆို နဂါး၊ ကျားဆိုကျား၊ ရွေးချယ်ကြသည်။ ဒီလိုရွေးပြီးပြီ ဆိုရင်ဖြင့် လည်ပင်းဖက်ထားသူ နှစ်ယောက်လက်တွေ ဖြုတ်ကာကိုယ့် အဖွဲ့ထဲ ကိုယ်သွားကြသည်။ ဒါက ဟိုး ပဝေသဏီ ကတည်းက ကလေး အချင်းချင်း နားလည်မှု ရှိပြီးသား လူရွေးချယ်သည့် ဥပဒေ၊ သူတို့ လူရွေးချယ် နေစဉ်မှာပင် ပြဿနာတစ်ခုက ပေါ်လာလေပြီ။ ကစားကြမည့် ကလေးတွေက ဆယ်နှစ်ဝန်းကျင် ကလေးတွေ၊ ဒီအထဲမှာမှ လေးငါးနှစ် အရွယ်ကလေး နှစ်ယောက်သုံးယောက် လည်းပါသည်။

သူတို့လည်း သူတို့အရွယ် တူချင်း လည်ပင်းဖက်ပြီး ခေါင်သူကြီးရှေ့ ရောက်လာကြ၏။ ကလေးကြီးတွေ ဆော့ကစားရာမှာ သူတို့လည်း ၀င်ပါမည်ဆိုသည့်သဘော၊ ကလေးကြီးတွေ ကခေါင်းကုပ်ကြသည်။ အငယ်လေးတွေဆိုတော့ ကိုယ့်အဖွဲ့ သူ့အဖွဲ့ထဲ ဘယ်သူမှ မခေါ်ချင်ကြ၊ နောက်တော့လည်း သူတို့ကို တစ်ယောက်စီ ရွေးပြီး အဖွဲ့ခွဲလိုက်သည်။ ပြီးတော့ ခေါင်းသူကြီး လုပ်သူပါးစပ်က အော်သည်။ "သူတို့က ထမင်းချိုး ဟင်းချိုးနော်"တဲ့။ ဒီစကားကလည်း ကလေးအချင်းချင်း နားလည်ထားသည့် ကစားပွဲသုံးဘာသာစကား၊ အဖွဲ့ခွဲပြီးတော့ ကလေးတွေ ပျော်ရွှင်စွာ ဆော့ကစား နေကြလေပြီ။ ကျွန်တော့် ခေါင်းထဲမှာတော့ ကလေးတို့ ဘာသာစကား တစ်လုံးက နေရာယူ သွားခဲ့၏။ "ထမင်းချိုး ဟင်းချိုး"တဲ့လား။

ထမင်းချိုး ဟင်းချိုး ဆိုသော စကားမှာ ကျွန်တော်တို့ ငယ်စဉ် ကတည်းက ကြားရသောစကား ဖြစ်ပါသည်။ သို့သော်လည်း အမှုမဲ့အမှတ်မဲ့ သာနေရင်း လွန်မြောက် ခဲ့ကြသည်။ ကလေးတွေဆီက ဒီစကားကို ပြန်ကြားရတော့မှ ကျွန်တော့်အာရုံတို့ နိုးကြားလာကြ သည်။ ထမင်းချိုး ဟင်းချိုးဆိုသော စကားမှာ ကျွန်တော်တို့ မြန်မာမှု နယ်ပယ်တွင် အလွန်နှစ်လိုဖွယ် ကောင်းသော စကားဟု ကျွန်တော်ထင်သည်။ ကစားပွဲအတွင်း ပါဝင်လိုသော ငယ်ရွယ်သူ ကလေးငယ်များကို ပွဲအတွင်း ပါဝင်နိုင်အောင် စီစဉ်ထားသော နည်းစနစ်ဖြစ်သည်။ ကလေး ကြီးတွေကြားမှာ ကလေးငယ်လေးတွေလည်း ဆော့ချင်ရှာမပေါ့ဆိုသည့် ကရုဏာစိတ်ဖြင့် ပြုလုပ်ထားသော စည်းကမ်းဥပဒေလည်းဖြစ်သည်။ ထမင်းချိုး ဟင်းချိုးအဖြစ် ပါဝင်ရသော ကလေးငယ်တို့၏ အပြုအမူက ကစားပွဲနှင့် လုံးဝမသက်ဆိုင်၊ သူတို့၏ ဆောင်ရွက်မှုက ကစားပွဲတွင် အနိုင်အရှုံးကို မဆုံးဖြတ်နိုင်၊ ကစားပွဲ ရလဒ်ကို မထိခိုက်၊ သူတို့သည် ကစားပွဲအတွင်း မှာပါဝင်ပြီး ကစားပွဲပြင်ပသို့ ရောက်ရှိနေသူများသာ ဖြစ်သည်။

ဒီအကြောင်းကို ထမင်းချိုး ဟင်းချိုးအဖြစ် ပါဝင်သော ကလေး တွေကမသိနိုင်၊ သူတို့ကတော့ ပျော်ရွှင်စွာ ဖြင့်သာ ကစားပွဲ အတွင်း ပါဝင်ကစား နေကြသည်။ သူတို့ကို သူတို့ ကလေးကြီး များတန်းတူပါဝင် နေရသည် ဟုလည်း အထင် ရောက်နေသည်။ သူတို့ လေးတွေ၏ စိတ်က အခြားကလေး များနည်းတူ ရွှင်လန်းတက်ကြွနေ မည်သာဖြစ်သည်။ ထို့ကြောင့်လည်း ဒီထမင်းချိုး၊ ဟင်းချိုးဆိုသော စကားကို ကျွန်တော် စိတ်ဝင်စား သွားမိသည်။

ဒီစကားလုံး ကျွန်တော့်ခေါင်းထဲ ရောက်လာတော့ ဒီစကားလုံးနှင့် အဓိပ္ပာယ်တူ ဒေသအခေါ်အဝေါ် များကိုကျွန်တော် စပ်စုခဲ့မိသည်။ တချို့ ဒေသတွေက "ထမင်းတစ်လုတ် ဟင်းတစ်လုတ်" တဲ့။ ဧရာဝတီဘက် မှာတော့ "ကွမ်းမစား ဆေးမစား" ဟုခေါ်သည်။ ၀ါးခယ်မလို နေရာမျိုးမှာ "ရေပေါ်ဆီ" ဖြစ်သွားပြန်သည်။ ဟိုး မြိတ် ထားဝယ်ဘက် ကျတော့ "တကည်စား"လို့ခေါ်သတဲ့။ ရမည်းသင်းဘက် ကတော့ "အကြွင်းလူ"လို့ ၀ိဂြိုဟ်ပြုသည်။ မြန်မာမြောက်ဖျား မြစ်ကြီးနား မှာတော့ "အာလူးပွတ်ကျွတ်"လို့ ဆိုကြပြန်သည်။ ဒေသ အခေါ်အဝေါ်တွေ ဘယ်လိုကွဲကွဲ ကစားပွဲတွင်း ပါဝင်ကစား နေရင်းနှင့် ကစားပွဲရလဒ်ကို မဖန်တီးနိုင်သူဟုသာအဓိပ္ပာယ်သက်ရောက်၏။

တကယ်တော့ ကျွန်တော်တို့အားလုံး ကလေးဘ၀ကို ဖြတ်သန်းဖူးခဲ့ကြသည်။ ကျွန်တော်တို့ အားလုံး ဆော့ကစားခဲ့ကြဖူးသည်။ ကျွန်တော်တို့အားလုံး ထမင်းချိုး ဟင်းချိုးဘ၀ကို ရောက်ခဲ့ဖူး ကြသည်ပေါ့။ ကာလယန္တရားတို့ အဆက်မပြတ် လည်ပတ်နေရင်း ကျွန်တော်တို့ လူလားမြောက်ခဲ့ကြသည်။ လောကအလယ်တွင် ၀င်ဆံ့နိုင်အောင် ကြိုးစားခဲ့ကြသည်။ တစ်ခါတလေတော့လည်း သင်ခဲ့ဖူးသည့်ပညာ၊ ဖြတ်သန်းခဲ့ဖူးသည့် အတွေ့အကြုံ၊ ရှာဖွေခဲ့ သည့် ဓနဥစ္စာတို့အပေါ် ဂုဏ်ယူယစ်မူးရင်း ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ "ငါကွ"ဟု အထင်ရောက်ခဲ့ကြသည်။ လက်မ တထောင်ထောင် မာန်တ၀င့်ဝင့် ဖြစ်ခဲ့ကြသည်။ သို့သော်လည်း ကျွန်တော်တို့ ထိတွေ့နေသော ပတ်ဝန်းကျင်၊ ကျင်လည်နေသော လူမှု အသိုင်းအ၀ိုင်းက ကျွန်တော်တို့ကိုနောက်ကွယ်ရာ၌ ဘယ်လိုအဓိပ္ပာယ် သတ်မှတ်ချက်မျိုးတွေ နှင့်ဆက်ဆံနေသည်ကိုကျွန်တော်တို့မသိနိုင်ခဲ့။

ဒီအကြောင်းအရာတွေ စဉ်းစားမိတော့ ကွယ်လွန်သွားပြီး ဖြစ်သော အဘိုးကို သတိရမိသည်။ ကျွန်တော့်အဘိုးက တိုင်းရင်းဆေး ဆရာကြီး၊ ဘာသာရေး ကိစ္စများအပေါ် လေးလေးနက်နက် ရှိသည်။ ကျွန်တော်တို့ ရပ်ကွက်ပိုင် ဓမ္မာရုံကြီးကို ဦးဆောင်၍ ထူထောင်ခဲ့၏။ ဓမ္မာရုံ၏ မြေဂရန်မှာတောင် သူ့အမည်ပေါက် နှင့် ဘာသာရေးလုပ်ရာမှာ ပြတ်သားမှုရှိသည်။ ကိုယ့်စရိတ် ကိုယ်စားပြီး လုပ်သည်ဟူသည့် လူစားမျိုး၊ သူ့ခေတ်သူ့ခါက လူတော်တော်များ များ၏ ရိုသေလေးစားမှုကို ခံရသည်။ အသက်အရွယ် ရလာ၍ ဓမ္မာရုံ ဥက္ကဋ္ဌနေရာကို အခြားသူများ အဆင့်ဆင့် လွှဲပြောင်းယူသည့်တိုင် အဘိုးက နာယကလူကြီး နေရာမှာ ရှိနေဆဲ။ သို့သော်လည်း ခေတ်ကာလအရွေ့တွေမှာ အဘိုး ပါမလာခဲ့တော့ သူယုံကြည်ခဲ့သော၊ သူဆွဲကိုင်ခဲ့သော အယူအဆ မူဝါဒများက ခေတ်လူတွေနှင့် ညှိမရတော့၊ အံဝင်ခွင်ကျ မဖြစ်တော့ ပြောရလျှင် အဘိုးက တယူသန်ဆန်သည်။ ဒေါသဖြစ်လွယ်သည်။ လူငယ်တွေ သူပြောသမျှလိုက်လုပ်ရမည်ဆိုသည့်သဘောမျိုးကိုလက်ကိုင်ထားသည်။

မှတ်မှတ်ရရ တစ်ခါက ဓမ္မာရုံကြီးမှာ အစည်းအဝေး လုပ်သည်။ အဘိုးက ခေါင်းရင်းခန်းမှာ မိန့်မိန့်ကြီးထိုင်လို့၊ ညှိရင်းနှိုင်းရင်း ဆွေးနွေးရင်းနှင့် ပင်အဘိုးနှင့် သဘောထား ကွဲလွဲကြ၏။ အဘိုးက ပြောရင်းပြောရင်း စိတ်တိုလာခဲ့သည်။ "မင်းတို့ ငါ့ကို နာယကဆိုပြီး ငါ့စကားလည်း နားထောင်တာ မဟုတ်ဘူး။ မင်းတို့ လုပ်ချင်ရာလုပ်ရင် ငါ့ကို ဘယ်တော့မှ လာမခေါ်နဲ့" ဟုဆိုကာ သူ့ဖဲထီး ကောက်အနက်ကြီး ဆွဲ၍ ပြန်သွားခဲ့သည်။ အဲဒီကတည်းက အဘိုး ပြောချင်တာပြော ဘာမှပြန် မပြောကြတော့။ အဘိုးရှေ့မှာ ဘယ်သူမှ အထွန့်မတက်တော့။ ဒါပေမယ့် သူတို့လုပ်ချင်ရာ လုပ်ကြသည်။ အဘိုးကွယ်ရာမှာ "ထားလိုက်ပါကွာ" ဆိုသော စကားမျိုးသူတို့ပြောကြသည်။

အဘိုးသည် သူတို့အတွေး၊ သူတို့မျက်စိထဲမှာ ထမင်းချိုးဟင်းချိုး ဖြစ်လာခဲ့ဟန် တူသည်။ အဘိုးကတော့ သူကွယ်လွန်သည်အထိ သူ့ကို ဒီလိုသဘော မျိုးထားခဲ့သည်ကို သိမသွားရှာခဲ့။ တစ်လောက ညီတော်မောင်တစ်ယောက် အိမ်လည်ရောက်လာသည်။ ကိုယ့်မျက်စိရှေ့တွင် ပင် ဆင်းတောင့်ဆင်းရဲဘ၀မှ လက်ကိုင်ဖုန်း ခါးချိတ်လို့ မေးကြည့်တော့ "ဆရာ့ကျေးဇူး"ဟု တပြုံးပြုံးနှင့် ဖြေသည်။ သူ့ဆရာကောင်းကြောင်း ထိုင်ပြောသွားသည်ကိုက တစ်နာရီကျော် ကြာသည်။ ကိုယ်တောင် မမြင်ဘူးဘဲနှင့် သူ့ဆရာကို လေးစားမိသည်။ နောက်ခြောက်လ လောက်အကြာ ညီတော်မောင်ကို သူ့ဆရာအကြောင်း မေးမိတော့ "နားသွားပြီ"ဟု တုံးတိတိ ပြန်ဖြေသည်။ "မင်းသူ့ဆီ ရောက်သေးလား" ဆိုတော့ "မရောက်ဘူး အကိုရေ၊ နောက်ဆရာ အတွက် ကြိုးစားနေရတယ်။ အစ်ကို မကြားဖူးဘူးလား။ “ဘယ်သူလာလာ ငါ့ဆရာ၊ ဘယ်သူသွားသွား အလကားဆိုတာလေ" တဲ့။ သူ့ အပြောက ကျွန်တော့်ရင်ထဲ မကောင်း၊ ကိုယ့်နားတောင် ကိုယ်မယုံချင်၊ ဒါ လူ့သဘာဝလား။ ခေတ်ပြိုင် ခံစားမှုလား မဝေခွဲတတ်။

"အလကား" ဆိုသည့်အသုံးက "ထားလိုက်ပါကွာ" ဆိုသော စကားထက် ရင့်သီးရိုင်းပြလွန်း သည်ဟု ကျွန်တော်ထင်သည်။ သူတို့ အကြောင်းတွေးရင်းမှဆက်၍ ပထမသံဂါယနာ တင်စဉ်က ဆန္ဒမထေရ်နှင့် ပတ်သက်သည့် အကြောင်းအရာတို့က ရုတ်တရက် ခေါင်းထဲ ရောက်လာပြန်သည်။ ဆန္ဒမထေရ်က မြတ်စွာဘုရားနှင့် ဖွားဖက်တော်၊ ဘုရားလောင်း တော ထွက်ရာမှာ နောက်က တကောက်ကောက်ပါခဲ့သူ။ ထို့ကြောင့်လည်း ဗုဒ္ဓဘာသာနယ်ပယ်တွင် "မြင်းမြီးဆွဲမောင်ဆန်" ဆိုသည့် ဂုဏ်ပုဒ်နှင့်ကျော်ကြားသူဖြစ်သည်။ ငယ်စဉ်ကာလထဲက ဘုရားလောင်း သိဒ္ဓတ္ထမင်းသားကို သခင်တစ်ယောက်အဖြစ် ချစ်ခင်မြတ်နိုးခဲ့သူ။ ဘုရား သာသနာထဲ ရဟန်းဝတ်တော့လည်း "ငါ့ဘုရား" ဆိုသည့်ပုဂ္ဂိုလ်ရေးဆည်းကပ်မှုတွေနှင့် ကြည် ညိုခဲ့သူ၊ သူ့မျက်စိထဲမှာ ဘုရားကလွဲပြီး ဘာမှမရှိ၊ ဒါကလည်း သံသရာလွတ်ကြောင်း အတွက်တော့မဟုတ်။

သိဒ္ဓတ္ထမင်းသား ဘ၀က ရင်းနှီးခဲ့ဖူးသည့် သံယောဇဉ်တွေနှင့် ဒီလိုနှင့်အခြား သီတင်းသုံးဖော် ရဟန်းတွေကို မထီမဲ့မြင် ပြုလာသည်။ ဆိုဆုံးမရ ခက်လာသည်။ ထို့ကြောင့် သူပရိနိဗ္ဗာန်စံ ပြီးချိန်တွင် ဆန္ဒမထေရ်အား ဗြဟ္မဒဏ်ခတ်ရန် ဗုဒ္ဓကမှာကြား ခဲ့သည်။ ဗြဟ္မဒဏ် ဆိုသည်မှာ မြတ်သော သူအားပေး သောဒဏ်ဟု မြတ်ဗုဒ္ဓပါဝါစက အဘိဓာန်က အဓိပ္ပာယ် ဖွင့်သည်။ ဆန္ဒမထေရ် ဘာပြောပြော ဘာလုပ်လုပ် မပြောမဆို မဆုံးမကြနှင့်။ ဆေးဖော်ကြောဖက် မလုပ်နှင့် ဟူသော ပြစ်ဒဏ်မျိုးဖြစ်သည်။ ဒီပြစ်ဒဏ်ပေး သည့်အကြောင်း ဆန္ဒမထေရ်ကို အသိပေးတော့ဆန္ဒမထေရ်မူးမေ့လဲသွားသည်တဲ့။

ကျွန်တော့် အတွေးတန်းတို့ တရှည်တလျား လွင့်မျောနေမိသည်။ ထမင်းချိုး ဟင်းချိုး မှစသော ထိုအတွေးစဉ်တန်းတွင် အဘိုးလည်းပါသည်။ ဆန္ဒမထေရ် လည်းပါသည်။ အခြား ရောက်တတ်ရာရာများ လည်းပါနေခဲ့သည်။ ပြောရလျှင် "ထမင်းချိုး ဟင်းချိုး" ဆိုသော အသုံး၏အနက်၊ "ထားလိုက်ပါကွာ" ဟူသောစကား၏ အဓိပ္ပာယ်၊ "ဗြဟ္မဒဏ်" ဟူသော ပါဠိဝေါဟာရ အဖွင့်တို့က သာမန်အားဖြင့် တူနေသယောင် ထင်ရသော်လည်း ထိုစကားတို့ အပေါ်တွင် သက်ရောက်နေသော စိတ်အခြေအနေတို့က ကွဲပြားမည်ထင်ပါသည်။

"ထမင်းချိုးဟင်းချိုး" အဖြစ်သတ်မှတ်ခံရသော ကလေးဘ၀တွင် ကစားဖော် ကလေးကြီးတို့က ထားသောစိတ်ထားက ညှာတာသော ကရုဏာတွေနှင့် အဘိုးကိုပြောသော"ထားလိုက်ပါကွာ" ဆိုသောစကားတွင်တော့ သူ့ပတ်ဝန်းကျင်ကမြိုသိပ်ထားသောဒေါမနဿတွေနှင့် "အလကား" ဆိုသော အသုံးကတော့ အခွင့်အရေး တစ်ရပ်ရပ် အပေါ်တွင် လောဘ၊ ဒေါသတွေကပ်လို့၊ ဆန္ဒအမတ်ကို ပေးခဲ့သော ဗြဟ္မဒဏ် တွင်တော့ သူတော်ကောင်းတို့၏ ဥပေက္ခာတွေ၊ တစ်ပုံတစ်ပင်နှင့်ဟုကျွန်တော်ခံစားရသည်။

တကယ်ဆို ကျွန်တော်တို့လည်း သင့်တင့်သော အသက်အရွယ်တစ်ခု သို့ရောက်ရှိခဲ့ပြီ ဖြစ်သည်။ ဖြတ်သန်းခဲ့ရသော ပ၀တ္တိခရီးတွင် လူအချို့ကို ထမင်းချိုး ဟင်းချိုးအဖြစ်၊ လူ အချို့ကိုတော့ ထားလိုက်ပါကွာ ဆိုသောစကားဖြင့် ဆက်ဆံဖူးခဲ့ လေပြီ။ ကျွန်တော်တို့ ကိုယ်တိုင်တော့ "ငါကွ" ဟူသော အထင်တွေနှင့် ဖြတ်သန်းခဲ့သည့် အတ္တမိုင်တွေ မည်မျှရှိပြီ ဆိုသည်ကိုပင် မစဉ်းစားနိုင်ခဲ့။ ကျင်လည်ရသော အသိုင်းအ၀ိုင်းမှာ နောက်ကွယ် တစ်နေရာ၌ ကျွန်တော်တို့ကိုရော ထမင်းချိုးဟင်းချိုးအဖြစ် သဘောထားခံ နေရသည်လား။ "ထားလိုက်ပါကွာ" ဆိုပြီး ပြုမူဆက်ဆံ နေရသည်လား။ ဗြဟ္မဒဏ်အခတ် ခံနေရသည် လားဆိုသည်ကလည်းမသိနိုင်ခဲ့။

ကျွန်တော်ကတော့ ငယ်ငယ်က ထမင်းချိုးဟင်းချိုး ဘ၀မျိုးမှာ ဘာမသိညာမသိဖြင့် ပျော်ခဲ့ရ ဖူးသည်မို့ ယခုအချိန်မှာတော့ လူယဉ်ကျေးတို့၏ ဥပေက္ခာပြုမှုနှင့် သူတော်ကောင်း တို့၏ ဗြဟ္မဒဏ်ခတ်ခြင်းခံရမှာကို ကြောက်ရွံ့နေမိပါသည်။ ”ဤ” ကို "ကျွဲ" ဖတ်သောလူမှုအသိုင်း အ၀ိုင်း၏ "ထားလိုက်ပါကွာ"ဆိုသော အသုံးအနှုန်းမျိုးနှင့် အခွင့်အရေးသမားတို့၏ အလကားဆိုသည့်စကားမျိုးကတော့ တုန်လှုပ်စရာအလျင်းမရှိဟု ကျွန်တော်ထင်ပါသည်။

**နီဟိန်းမော်**
(ပေဖူးလွှာ မဂ္ဂဇင်း၊နိုဝင်ဘာလ ၂၀၁၀)

**From-Ko Kyaw Than - Email**

ဖျော့တော့တော့ လိမ္မော်ရောင် ညနေခင်းသည် ကမ္ဘာ တစ်ဘက်ခြမ်းမှ ငုပ်လျှိုး၍သွားလေပြီ။ ကောင်းကင် တစ်ခုလုံး လင်းကြည် နေရာမှ ဖြည်းဖြည်းညို့ညို့ လာသည်။ ဆည်းဆာက အမှောင်ဆီသို့ တစစယွန်း၍ သွား၏။ ညဥ့်သည် အစပျိုးလေပြီ။ လမ်းထဲမှ ကလေးတစ်သိုက် တစုစုတရုံးရုံး နှင့် ကျွန်တော့် အိမ်ရှေ့တွင် ၀ိုင်းလာဖွဲ့ ကြသည်။ သူတို့ ကစားဖို့ ခတ်ကွင်း ပြင်နေကြပြီ။ ကျွန်တော်တို့ ငယ်ငယ်တုန်း ကတော့ ကစားရန် နေရာ အ၀န်းအ၀ိုင်း ကျယ်ဝန်းလှသည်။ ဥက္ကလာပမြို့ သစ်သက်တမ်း နှစ်နှစ်ဆယ်ကျော် လာသည့်တိုင် နွေအခါဆို အိမ်အောက် မြေပြင်တွေက ခြောက်သွေ့နေသည်။ ရေနုတ်မြောင်းတွေမှာတောင် ရေတင်မကျန်ရစ်၊ ရပ်ကွက် ဘေးအစွန်မှာ လယ်ကွင်း လယ်ကွက်တွေ ရှိသေး၏။ ဒီတော့ ကျွန်တော်တို့ စိတ်ကြိုက် ကစားခွင့် ရှိသည်။ ဘုတိုဂွတို အော်မလား၊ ဒီဆွဲမလား၊ ဘောလုံးကန်မလား၊ စိန်ပြေး လိုက်မလား၊ ကြိုက်သလိုဆော့ မောတော့မှ အိမ်ပြန်ကြပေါ့။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)