ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, March 7, 2011

7 Mar, 11// မတ်လအတွင်း နိုင်ငံတကာထူးခြားသတင်းများ…

>
** ငွေဖောင်းပွမှုနှင့် ခြစားမှုလျှော့ချ၍ လူမှုတည်ငြိမ်ရေး တရုတ်ဆောင်ရွက်မည် **
(ပေကျင်း၊ မတ်လ ၅ ရက်)
တရုတ်နိုင်ငံသည် ငွေကြေးဖောင်းပွမှုနှင့် ခြစားမှုတို့ကို လျှော့ချခြင်းဖြင့် လူမှုတည်ငြိမ်ရေးကို တည်ဆောက်ရမည်ဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ် ၀မ်ကြားပေါင်က ပေကျင်းမြို့တော် ပြည်သူ့ခန်းမဆောင်၌ မတ်လ ၅ ရက်နေ့တွင် ကျင်းပသော အမျိုးသားပြည်သူ့ကွန်ဂရက် အဖွင့်မိန့်ခွန်း တွင် ထည့်သွင်းပြောကြားသွားသည်။ (အင်တာနက်)

** ယာယီနယ်နိမိတ်သတ်မှတ်ချက်ဖြင့် နိုင်ငံသစ်မဖန်တီးလိုကြောင်း ပါလက်စတိုင်းသမ္မတ ပြောကြား **
(ရာမာလာ၊ မတ်လ ၅ ရက်)
အနာဂတ်ပါလက်စတိုင်း နိုင်ငံတော်သစ်အတွက် ယာယီနယ်နိမိတ်သတ်မှတ်ရေးကိုသာ လုပ်ဆောင်ခဲ့ပါက အစ္စရေးနိုင်ငံ၏ မည်သည့်ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကိုမဆို လက်ခံမည်မဟုတ်ကြောင်း ပါလက်စတိုင်း သမ္မတ မာမွတ်အဘတ်စ်က ပြောကြားသည်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ငြိမ်းချမ်းရေး အဆိုပြုချက်အသစ်၏ အသေစိတ်အချက်အလက်များကို မကြာမီ ထုတ်ပြန်ကြေညာဖွယ်ရှိသည်။ (အင်တာနက်)

** ပျောက်ဆုံးနေသော အက်ဖ်ဘီအိုင် ၀န်ထမ်းဟောင်းရှာဖွေရေး အီရန်၏ အကူအညီ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တောင်းခံ **
(၀ါရှင်တန်၊ မတ်လ ၅ ရက်)
အီရန်နိုင်ငံ၌ လွန်ခဲ့သည့် လေးနှစ်ခန့်က ပျောက်ဆုံးသွားခဲ့သော အမေရိကန်နိုင်ငံပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို(အက်ဖ်ဘီအိုင်)၀န်ထမ်းတ်စဦးကို ရှာဖွေရာတွင် အီရန်နိုင်ငံက ကူညီပေးစေလိုကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က မတ်လ ၄ ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)

** လနှင့် ကမ္ဘာအကြား အနီးဆုံးအနေအထား မတ်လ ၁၉ ရက်နေ့တွင် ရောက်ရှိမည် **
(နယူးယောက်၊ မတ်လ ၅ ရက်)
မတ်လ ၁၉ ရက်နေ့တွင် လသည် ၁၈ နှစ်တာကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် ကမ္ဘာမြေနှင့်အနီးဆုံး အကွာအဝေးသို့ ရောက်ရှိမည်ဖြစ်ကြောင်း၊ မတ်လ ၂ ရက်နေ့ အင်တာနက်သတင်းတစ်ပုဒ်တွင် ဖော်ပြသည်။ ယင်းသို့ရောက်ရှိချိန်တွင် လနှင့် ကမ္ဘာအကြား အကွာအဝေးသည် ၃၅၆၅၇၇ ကီလိုမီတာရှိလိမ့်မည်ဖြစ်ပြီး ၁၉၈၅ ခုနှစ်နှင့် ၂၀၁၂ ခုနှစ် ကာလအကြား ဆဌမအကြိမ်အဖြစ် ကမ္ဘာမြေနှင့် အနီးဆုံးနေရာမှ လှည့်ပတ်မှုဖြစ်သည်။ (အင်တာနက်)

** လူ့ပယောဂကြောင့် သတ္တ၀ါမျိုးစိတ်များ ဆဌမမြောက် မျိုးသုဉ်းမှုကြုံရနိုင် **
(ပါရီ၊ မတ်လ ၅ ရက်)
လူသားတို့၏ ပယောဂကြောင့် ကမ္ဘာမြေသမိုင်း၌ ဆဌမမြောက် မျိုးစိတ်များအစုအပြုံလိုက်မျိုးသုဉ်းပျောက်ကွယ်မည့်ဘေး ပေါ်ပေါက်လာဖွယ်ရှိကြောင်း လေ့လာချက်တစ်ရပ်ကို ကိုးကား၍ မတ်လ ၄ ရက်နေ့တွင် သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)

** မွမ်ဘိုင်း ကျူးကျော်ရပ်ကွက် မီးလောင်ကျွမ်းမှု ကလေးသရုပ်ဆောင်၏ နေအိမ်မီးထဲပါသွား **
(မွမ်ဘိုင်း၊ မတ်လ ၅ ရက်)
၂၀၀၈ ခုနှစ် အော်စကာဆုရ `ကျူးကျော်ရပ်ကွက်က သန်းကြွယ်သူဌေး´(Slumdog Millionaire) ဇာတ်ကားမှ အိန္ဒိယကလေးသရုပ်ဆောင် ရူဘီနာအလီ နေထိုင်သော မွမ်ဘိုင်းမြို့ ဘန်ဒရာ ဘူတာရုံအနီး ပါရစ်နဂါကျူးကျော်ရပ်ကွက်ကို မတ်လ ၄ ရက်နေ့က မီးလောင်ကျွမ်းမှုဖြစ်ပွားရာ ကလေးသရုပ်ဆောင်၏ နေအိမ်လည်း မီးလောင်ကျွမ်းခံလိုက်ရကြောင်း မီဒီယာများက သတင်းတွင် ဖော်ပြသည်။ (အင်တာနက်)

** တရုတ်လေလံပွဲ၌ တံဆိပ်ခေါင်းတစ်စုံ ဒေါ်လာ တစ်သန်းကျော်ရရှိ **
(ပေကျင်း၊ မတ်လ ၅ ရက်)
တရုတ်နိုင်ငံယဉ်ကျေးမှု တော်လှန်ရေးခေတ်က ထုတ်ဝေခဲ့သော တံဆိပ်ခေါင်းလေးခုပါတစ်စုံ ဟောင်ကောင်တွင် မတ်လ ၄ ရက်နေ့က လေလံတင်ရောင်းချခဲ့ရာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၅ သန်း (ပေါင် ၇၀၈၀၀၀) ကျော် ရရှိခဲ့သည်။ ယင်းတံဆိပ်ခေါင်းသည် အသုံးမပြုရသေးသည့် တံဆိပ်ခေါင်းဖြစ်ပြီး ဟောင်ကောင်ရှိ တံဆိပ်ခေါင်းစုဆောင်းသူတစ်ဦးက ၀ယ်ယူသိမ်းဆည်းထားခြင်းဖြစ်သည်။ (အင်တာနက်)

** ကိုလံဘီယာရှိ ဘဏ်တစ်ခုအတွင်း ရဟတ်ယာဉ်ဖြင့် အပိုင်စီး **
(ကာလိုတို၊ မတ်လ ၅ ရက်)
ကိုလံဘီယာနိုင်ငံအနောက်တောင်ပိုင်း ကာလိုတိုမြို့တွင် ရဟတ်ယာဉ်တစ်စင်းဖြင့် ဘဏ်အတွင်း စီးနင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ ခြောက်ဦးသေဆုံးခဲ့ကြောင်း ကိုလံဘီယာရဲတပ်ဖွဲ့က မတ်လ ၄ ရက်နေ့၌ ပြောကြားသည်။ ဘဏ်ကိုအပိုင်စီးတိုက်ခိုက်မည့် သေနတ်သမားများသည် ကာလိုတိုမြို့ရှိ ဘဏ်အနီးရဟတ်ယာဉ်ဖြင့် ဆင်းသက်လာပြီးနောက် ဘဏ်အတွင်း ရုတ်တရက်ဝင်ရောက်ကာ သေနတ်ဖြင့်ပတ်ခတ်၍ အပိုင်းစီးခဲ့ပြီး ငွေများသိမ်းယူ၍ ရဟတ်ယာဉ်ဖြင့် လွတ်မြောက်သွားခဲ့ကြသည်။ (အင်တာနက်)

** စုစည်းဘာသာပြန်- မိုးမြင့်လင်းလက် **

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)