တိတ်ဆိတ်တဲ့ ဆိုင်လေးတစ်ခုထဲမှာ Tim Horton's ကော်ဖီတစ်ခွက်ကို စိမ်ပြေနပြေ သောက်မိနေတဲ့ တစ်နေ့။ ဆိုင်ရှေ့ပေါက်ကနေပြီး ချောမောလှပတဲ့ မိန်းကလေး သုံးယောက်ဝင်လာတယ်။ မျက်နှာလေးတွေက ကြည်လင်ဝင်းပလို့၊ ဆံပင်လေးတွေကလည်း သွယ်တန်းဖြောင့်စင်းလို့။ လှပတဲ့ဆံပင်လေးတွေဟာ ဆံပင်ပျော့ဆေးတွေ တွင်တွင်သုံးထားသလား၊ ဒါမှမဟုတ် ဆံပင်ဖြောင့်ဆေးတွေကြောင့်များလား။ မျက်တောင်ကလေးတွေဆိုတာလည်း ကော့ရွှန်းလို့၊ မျက်လုံးတွေဟာလည်း ငယ်ရွယ်နုပျိုမှုရဲ့ ပြယုဒ်အနေနဲ့ အရောင်တလက်လက် တောက်ပနေလိုက်သေး၊ မျက်ခုံးလေးတွေဆိုတာလည်း သော်တာလခြမ်းကလေးတွေလို ကွေးညွှတ်ကော့ပျံလို့။ မျက်နှာကလေးတွေကိုလည်း ကြည့်လိုက်ဦး၊ နုဖတ်နေရုံမက ပန်းသွေးရောင်လေးတွေတောင် ပြေးနေလိုက်သေးတယ်။ စားပွဲတစ်ခုမှာ ခေါင်းငုံ့စာဖတ်နေတဲ့ ကိုယ့်ဘေးက ဖြတ်သွားတော့ သူတို့ထံက မွှေးပျံ့တဲ့ ကိုယ်သင်းရနံ့တွေတောင် ရလိုက်သေး။သူတို့ကို လေ့လာမိတဲ့ မျက်လုံးတွေကို မသိမသာ အောက်ချလိုက်တယ်။
သူတို့ သုံးယောက် ထောင့်နားက စားပွဲတစ်လုံးမှာ ၀င်ထိုင်လိုက်တယ်။ လေတိုက်လို့ လွင့်လာတဲ့ သစ်ရွက်ကလေးတွေ မြေပေါ်ကို ငြင်သာစွာ သက်ဆင်းသွားသလိုမျိုး... နူးညံ့တိတ်ဆိတ်စွာ ၀င်ထိုင်လိုက်ကြတာမျိုး မဟုတ်ပါဘူး။ ညင်သာသိမ်မွေ့မှု ကင်းစွာ၊ ပတ်ဝန်းကျင်ကို အားနာခြင်း မဲ့စွာ၊ ကုန်ပစ္စည်းအလေးကြီးတွေကို ခရီးမိုင်ပေါင်းများစွာ ထမ်းပိုးလာရလို့၊ မောပန်းမှုတွေကို ဗရုတ်သုတ်ခ အောက်ပစ်ချလိုက်ရတဲ့ ပုံစံမျိုးနဲ့ တ၀ုန်းဒိုင်းဒိုင်း ထိုင်ချပစ်လိုက်ကြတယ်။ အိတ်တွေဟာ ခုံတွေပေါ်ကနေ ပေါက်ကျသွားလောက်အောင် ကြမ်းကြမ်းတမ်းတမ်းပစ်ချလိုက်ပြီး၊ အထိုင်မကျခင်မှာ ဆံပင်တွေကိုလည်း အကြမ်းပတမ်း ခါပစ်လိုက်သေးတယ်။

“ ဒီနေ့က မိုးကလည်း @*&*@ ကို ရွာနေတာပဲ၊ ညက ကျောင်းစာကလည်း %#%@ မပြီးသေးဘူး +_+!”
“ ငါ့ရဲ့ %&a;*& ဆံပင်ကလည်း @@@# အခြေအနေဆိုးနေလိုက်တာ၊ နင့်ရဲ့ %$@# ဆံပင်ဖြောင့်စက်ကို ညနေကျ %$@# လာယူဦးမယ်”
“ *&%^%$#$## ဘ၀ကြီးက *%^%$#$ ပျင်းစရာကောင်းလိုက်တာ.. @*&*!!!! ဟုတ်တယ်၊ ဒီမိုးကလည်း @*&*@ ကို မစဲနိုင်တာ...”
“ဟိုနေ့က ငါရုပ်ရှင်သွားကြည့်တယ်၊ ရုပ်ရှင်က @*&*% ဆွဲဆောင်မှု ရှိလိုက်တာဆိုတာ..၊ ဟိုမင်းသမီးကလေ.. သိတယ်မဟုတ်လား ^%$#$# မိုက်သလားမမေးနဲ့”
လှပဖူးစိုတဲ့ ပန်းပွင့်ကလေးတွေလို၊ ပတ္တမြားသွေးထနေတဲ့ စတော်ဘယ်ရီသီးကလေးတွေလို၊ သူတို့ရဲ့ ဖူးရွရွနှုတ်ခမ်းလေးတွေနဲ့ မလိုက်ဖက်လွန်းစွာ ကြမ်းတမ်းရိုင်းပြလွန်းတဲ့ အဆဲအဆိုစကားတွေ၊ အမနာပစကားလုံးတွေကို တွင်တွင်သုံးပြီး အချင်းချင်း သူတစ်ပြန်ကိုယ်တစ်ပြန် စကားပြောနေတဲ့ အသံတွေဟာ၊ မီးမတောက်ခင် မီးခိုးလုံးမဲမဲကြီးတွေ အလုံးလိုက်အူထလာနေတဲ့ မီးသွေးဖိုကြီးလိုပါပဲ။ ဒီလို ဆဲဆိုရိုင်းပြတဲ့ စကားတွေ သုံးလိုက်တဲ့အချိန်မှာ ‘တယ် ဟော့နေတဲ့ ငါပါလား.. တယ်ဟုတ်တဲ့ ငါပါလား၊ တယ်ခွန်အားကြီးလှတဲ့ ငါပါလား ဆိုတဲ့ အတွေးတွေနဲ့ ရင်ကော့တက်သွားမလို ဖြစ်နေကြတာကို မျက်လုံးထောင့်ကနေ လှမ်းမြင်လိုက်တယ်။ ပတ်ဝန်းကျင်ကလူတွေက သူတို့ရဲ့ ဆဲဆိုပြီးပြောနေသံတွေကြောင့် သူတို့ဘက်ကို အနည်းဆုံးခေါင်းတော့ ထောင်ကြည့်လိုက်ကြတဲ့အတွက်၊ လူတွေရဲ့ သတိပြုမိတာကို ရလိုက်တဲ့အတွက်လည်း ကျေနပ်နေကြတယ်။
ဆဲဆိုခြင်းဟာ အနောက်နိုင်ငံက လူငယ်တွေထဲမှာ အဆန်းတကျယ်မဟုတ်သလို၊ အရှေ့နိုင်ငံတွေက လူကြီး/လူငယ်ထုထဲမှာလည်း သြောချရတဲ့ အဖြစ်မျိုးလည်း မဟုတ်ပါဘူး။ အထူးသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးနဲ့ society တစ်ခုလုံးကို နာကြည်းနေတတ်တဲ့ လူတွေကြားထဲမှာ ပိုပြီး အကျွမ်းတ၀င်ဖြစ်စေတဲ့ စကားတွေ ဖြစ်နေတတ်ပါတယ်။
ဆဲဆိုခြင်းဆိုတာ လူ့သမိုင်းမှာ ဝေါဟာရရယ်လို့ စတင်ပေါ်ပေါက်လာကတည်းက ရှိခဲ့ပြီးဖြစ်တယ်လို့လည်း သမိုင်းပညာရှင်တွေက ဆိုကြတယ်။ ကိုယ်ဘယ်လို ပတ်ဝန်းကျင်က မွေးဖွားကြီးပြင်းလာတယ်၊ ဘယ်လိုအလုပ်မျိုးမှာ လုပ်နေတယ်၊ ဘယ်လို လုပ်ဖော်ကိုင်ဘက်တွေနဲ့ တွဲလုပ်တယ်ဆိုတဲ့ အပေါ်မှာလည်း မူတည်တယ်လို့ သုတေသီတွေကလည်း ဆိုကြတယ်။ လူတွေနဲ့ ချင်ပန်ဇီတွေဟာ ဆဲတဲ့နေရာမှာ ဆင်ဆင်တူကြသေးတယ်လို့လည်း သုတေသီတွေက ရှာဖွေတွေ့ရှိ လာကြသေးတယ်။
ဆေးလိပ်ကလေးသောက်လိုက်တဲ့အခါ ခံတွင်းချဉ်ကလေးပြေပျောက်သွားတဲ့ ခံစားချက်မျိုးနဲ့၊ လူငယ်တွေကြားထဲက အဆဲကလေးနဲ့ ပြောလိုက်ရမှပေါ်ပြူလာ ဖြစ်နေတဲ့ အဖြစ်တွေဟာ အဆန်းတကျယ် ဖြစ်လှတယ်ရယ်လို့တော့ မဟုတ်ပါဘူး။ ထိုနည်းတူပဲ မိမိကျင်လည်တဲ့ ပတ်ဝန်းကျင်ဟာ အဆဲသန်သော ပတ်ဝန်းကျင်ဆိုရင် ကိုယ်လည်းပဲ ထိုပတ်ဝန်းကျင်ထဲမှာ လိုက်လျောညီထွေရှိဖို့ ဒီလိုပဲ ကျင့်ကြံကြရတာ လူ့သမိုင်းက အထပ်ထပ် သက်သေပြပြီးဖြစ်ပါလိမ့်မယ်။
တစ်နေ့ညကလည်း ၈၃နှစ်မြောက်သော အော်စကာဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆု ရတဲ့ Melissa Leo ဟာ ဆုတက်ယူစဉ်အခါမှာ "When I watched Kate (Winslet) two years ago it looked so ****** easy! " ဆိုပြီး ပြောပစ်လိုက်ပါတယ်။ ပရိတ်သတ်တစ်ခုလုံးက စက္ကန့်အနည်းငယ် အံ့သြတွေဝေစွာ ငြိမ်ကျသွားပါတယ်။ Melissa Leo ဟာ ဟော်မုန်းတွေ မနိုင်မနင်းဖြစ်နေတဲ့ မနူးမနပ် ဆယ်ကျော်သက်လည်း မဟုတ်ပါဘူး (ဆယ်ကျော်သက်တွေထဲမှာလည်း အလွန်ရင့်ကျက်တည်ငြိမ်သူတွေရှိသလို၊ မိသားစုတစ်ခုလုံးတာဝန်ကို ထမ်းနေသူတွေရှိသလို၊ အသက်ကြီးမှမိုက်သော ကြီးမိုက်များလည်း ရှိတယ်ဆိုတာ သတိချပ်မိပါတယ်) သူမဟာ.. အသက် ငါးဆယ်ကျော်နေပြီဖြစ်တဲ့ အမျိုးသမီးတစ်ယောက်ပါ။
လွန်စွာဖက်ရှင်ထွင်တတ်သော အနောက်နိုင်ငံသားတွေရဲ့ ပတ်ဝန်းကျင်မှာ အော်စကာစင်ပေါ်မှာ ဆုယူနေတုန်း ဆလိမ်နောက်ပစ်ထည့်လိုက်တာဟာ ဆန်းကျယ်မှုတစ် မဟုတ်တော့ဘူးလားဆိုတဲ့အတွေးနဲ့ နီးစပ်ရာအနောက်နိုင်ငံသားအချို့ (လူကြီး/လူငယ်)ကို အနည်းငယ်ကို လှဲ့ပတ်မေးမြန်းကြည့်တဲ့အခါ.... အခုလို ရုပ်ရှင်လောကရဲ့ ဂုဏ်သရေရှိတဲ့ ပွဲမှာတောင် စင်ပေါ်တက်ပြီး ဆဲဆိုလိုက်တာဟာ မသင့်တော်လွန်းဘူးလို့ ဖြေဆိုကြပါတယ်။ သူမဟာ စင်ပေါ်ကိုတက်ပြီး ဆုယူတဲ့ အချိန်မှာတောင်မှ "act" (သရုပ်ဆောင်နေတယ်) လို့ ဝေဖန်ကြပါတယ်။ ဒီ "f" စကားလုံးကိုလည်း တမင်မတော်တဆ ထွက်သွားတဲ့ ပုံမျိုးနဲ့ပြောလိုက်ပြီး သူ့ကိုယ်သူပြန်အံ့သြနေပုံ လုပ်နေတယ်၊ အော်စကာဆုပေးပွဲကို စော်ကားတယ်လို့ ပြောကြတယ်။ အနောက်နိုင်ငံသားတွေဟာ မိမိရဲ့ ကိုယ်ခန္ဓာ၊ မိမိရဲ့အတွေးအခေါ်တွေကို လေးစားမှု အလွန်နည်းလာပြီလို့ သူတို့အချင်းချင်း ပြန်လည်ဝေဖန်တာကို သိလာရတယ်။ Melissa Leoဟာ စင်နောက်ရောက်တဲ့အခါမှာတော့ စာနယ်ဇင်းသမားတွေမှ တဆင့် သူမ ဆဲမိတာကို တောင်းပန်တယ်လို့လည်း သိရပါတယ်။
ဆဲဆိုခြင်းတွေမှာ.. ဆဲခံရသူကို ဆဲခံရသူကို စော်ကားချင်လို့ ဆဲခြင်း၊ ထိုးနှက်တိုက်ခိုက်ချင်လို့ ဆဲခြင်း၊ ဖြစ်ရပ်တစ်ခုကို တန်ပြန်ချင်လို့ ဆဲဆိုခြင်း (ဥပမာ… ဟဲ့.. ဟိုမှာ..ေ..ာက်နွားကြီး ငါတို့ကို ခွေ့ဖို့ ဒီဘက် ပြေးလာနေပြီ)၊ အဓိပ္ပါယ်ထင်ရှားစေရန် ဆဲခြင်း (ေ---ာ်ရမ်း မိုက်တယ်ကွာ)၊ စတဲ့ ဆဲဆိုရခြင်းရဲ့ အကြောင်းတွေကလည်း ရှိသေးတဲ့အပြင်၊ ဆဲခြင်း ခုနှစ်ဆင့် ဆိုတာကလည်း ရှိလိုက်ပါသေးတယ်။ ရှိတ်စပီးယား နာမယ်ကြီးတာဟာ ဘာကြောင့်လည်းဆိုရင် သူ့ရဲ့စာတွေထဲမှာ ဆဲဆိုခြင်းတွေ ပါခြင်းကြောင့် ဖြစ်တယ်လို့လည်း ဖတ်ဖူးပါတယ်။
decency နဲ့ morality စတာတွေကို ခဏဖယ်ထားလိုက်ပြီး ဥပဒေကြောင်းအရ ပြောမယ်ဆိုရင်… ဆဲလိုက်တဲ့သူဟာ ဆဲဆိုခံရသူကို ချိမ်းခြောက်တာမျိုး မဟုတ်ပါဘဲ၊ စကားလုံးထဲမှာ ရိုးရိုးပါသွားတာဆိုရင် ဥပဒေနဲ့ မညိစွမ်းဘူးလို့ ဆိုကြပါတယ်။ ဒါပေမယ့်လည်း တစ်ခါက UKက လူငယ်လေး တစ်ဦးဟာ ပန်းခြံထဲမှာ သူငယ်ချင်းတွေနဲ့ စကားပြောနေတုန်း ရိုးရိုးပြောလိုက်တာ အနားက Dover District Council’s anti-social behaviour unit မှ ရဲက ကြားသွားလို့ ပေါင်စတာလင် ၈၀ ဒဏ်ရိုက်ခံလိုက်ရပါတယ်။
ဆဲခြင်းဟာ ရင်ထဲက နစ်မွန်းလှောင်ပိတ်နေတဲ့ ခံစားချက်တွေကို ပြေလျော့စေတယ်လို့လည်း ဆိုကြပါတယ်။ ဒေါသဖြစ်လွန်းလို့ လူထသတ်လိုက်တာထက်စာရင် .. ထိုသူကို ဆဲပစ်လိုက်တာက society တွက် ပိုကောင်းနိုင်တယ်လို့တောင် ပြောဆိုကြသူတွေလည်း ရှိပါတယ်။
ဒါပေမယ့် ဆဲဆိုခြင်း (ဆဲဆိုချင်စိတ်ဖြစ်ပေါ်စေခြင်း) နေရာဟာ လူ့ဦးနှောက်ရဲ့ မဖွံ့ဖြိုး မတိုးတက်ဆုံးနေရာကနေ တွန်းအားပေးတယ်လို့တော့ သိပ္ပံပညာရှင်တွေက ဆိုကြတယ်။ ဒဏ်ရာထိခိုက်မှုတစ်ခုကြောင့် ခန္ဓာကိုယ်နာကျင်တဲ့ဝေဒနာကို ခံစားနေရသူတစ်ယောက်ဟာ အံကြိတ်မြိုသိပ်ပြီး တောင့်ခံနေတာထက်စာရင် ဆဲဆိုလိုက်ခြင်းဖြင့် ဝေဒနာခံစားရမှုကို သက်သာစေလို့ အချို့ဆရာဝန်တွေက ဆဲခိုင်းတယ် လို့လည်း သိရပါသေးတယ်။
ဒီလိုအခြေအနေတွေကို နားလည်နိုင်ပါတယ်။ ဘ၀မှာ စိတ်ဝေဒနာ ခံစားတွေ့ကြုံခဲ့ရဖူးလို့၊ ခန္ဓာကိုယ်ဝေဒနာ ရှိခဲ့ဖူးလို့၊ တစ်သက်လုံးအနှိမ်ခံ၊ နှိပ်စက်ခံရလို့၊ ဥပမာ..အရက်သမားအဖေရဲ့ ရိုက်နှက်မှုဒဏ်ကို တစ်သက်လုံးခံလာရလို့ စိတ်ဝေဒနာဖြစ်နေလို့၊ ဘ၀ကြမ်းကြမ်းကို ဖြတ်သန်းခဲ့ရတဲ့အတွက် စိတ်ဒဏ်ရာတွေအထပ်ထပ်ကို သယ်ဆောင်နေရလို့၊ လူ့လောကကြီးကို စိတ်နာနာနဲ့ အရွဲ့တိုက်နေလို့ ဆဲဆိုတဲ့ စကားတွေကို ပြောနေကြတာဆိုရင် လူသားထဲက လူတွေမို့လို့.. လူပီသတဲ့ လုပ်ရပ်တွေအနေနဲ့ကို နားလည်ပေးလိုက်နိုင်ပေမယ့် .....
ဖက်ရှင်ထွင်ချင်ရုံသက်သက်၊ အုပ်စုတစ်ခုမှာ ပါဝင်ချင်ရုံသက်သက်၊ နာမည်ကြီးချင်ရုံသက်သက်၊ မိမိဟာ သန်စွမ်းခိုင်ခံ့ကြောင်း လူထုကို သက်သေပြချင်ရုံသက်သက် ဆလိမ်နောက်ပစ်ဝံ့တဲ့ သူတွေကိုတော့... နားလည်တတ်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်ရှင်။
: ♥တစ်ပြည်သူ အိမ့်ချမ်းမြေ့♥

တိတ်ဆိတ်တဲ့ ဆိုင်လေးတစ်ခုထဲမှာ Tim Horton's ကော်ဖီတစ်ခွက်ကို စိမ်ပြေနပြေ သောက်မိနေတဲ့ တစ်နေ့။ ဆိုင်ရှေ့ပေါက်ကနေပြီး ချောမောလှပတဲ့ မိန်းကလေး သုံးယောက်ဝင်လာတယ်။ မျက်နှာလေးတွေက ကြည်လင်ဝင်းပလို့၊ ဆံပင်လေးတွေကလည်း သွယ်တန်းဖြောင့်စင်းလို့။ လှပတဲ့ဆံပင်လေးတွေဟာ ဆံပင်ပျော့ဆေးတွေ တွင်တွင်သုံးထားသလား၊ ဒါမှမဟုတ် ဆံပင်ဖြောင့်ဆေးတွေကြောင့်များလား။ မျက်တောင်ကလေးတွေဆိုတာလည်း ကော့ရွှန်းလို့၊ မျက်လုံးတွေဟာလည်း ငယ်ရွယ်နုပျိုမှုရဲ့ ပြယုဒ်အနေနဲ့ အရောင်တလက်လက် တောက်ပနေလိုက်သေး၊ မျက်ခုံးလေးတွေဆိုတာလည်း သော်တာလခြမ်းကလေးတွေလို ကွေးညွှတ်ကော့ပျံလို့။ မျက်နှာကလေးတွေကိုလည်း ကြည့်လိုက်ဦး၊ နုဖတ်နေရုံမက ပန်းသွေးရောင်လေးတွေတောင် ပြေးနေလိုက်သေးတယ်။ စားပွဲတစ်ခုမှာ ခေါင်းငုံ့စာဖတ်နေတဲ့ ကိုယ့်ဘေးက ဖြတ်သွားတော့ သူတို့ထံက မွှေးပျံ့တဲ့ ကိုယ်သင်းရနံ့တွေတောင် ရလိုက်သေး။
သူတို့ကို လေ့လာမိတဲ့ မျက်လုံးတွေကို မသိမသာ အောက်ချလိုက်တယ်။
သူတို့ သုံးယောက် ထောင့်နားက စားပွဲတစ်လုံးမှာ ၀င်ထိုင်လိုက်တယ်။ လေတိုက်လို့ လွင့်လာတဲ့ သစ်ရွက်ကလေးတွေ မြေပေါ်ကို ငြင်သာစွာ သက်ဆင်းသွားသလိုမျိုး... နူးညံ့တိတ်ဆိတ်စွာ ၀င်ထိုင်လိုက်ကြတာမျိုး မဟုတ်ပါဘူး။ ညင်သာသိမ်မွေ့မှု ကင်းစွာ၊ ပတ်ဝန်းကျင်ကို အားနာခြင်း မဲ့စွာ၊ ကုန်ပစ္စည်းအလေးကြီးတွေကို ခရီးမိုင်ပေါင်းများစွာ ထမ်းပိုးလာရလို့၊ မောပန်းမှုတွေကို ဗရုတ်သုတ်ခ အောက်ပစ်ချလိုက်ရတဲ့ ပုံစံမျိုးနဲ့ တ၀ုန်းဒိုင်းဒိုင်း ထိုင်ချပစ်လိုက်ကြတယ်။ အိတ်တွေဟာ ခုံတွေပေါ်ကနေ ပေါက်ကျသွားလောက်အောင် ကြမ်းကြမ်းတမ်းတမ်းပစ်ချလိုက်ပြီး၊ အထိုင်မကျခင်မှာ ဆံပင်တွေကိုလည်း အကြမ်းပတမ်း ခါပစ်လိုက်သေးတယ်။
“ ဒီနေ့က မိုးကလည်း @*&*@ ကို ရွာနေတာပဲ၊ ညက ကျောင်းစာကလည်း %#%@ မပြီးသေးဘူး +_+!”
“ ငါ့ရဲ့ %&a;*& ဆံပင်ကလည်း @@@# အခြေအနေဆိုးနေလိုက်တာ၊ နင့်ရဲ့ %$@# ဆံပင်ဖြောင့်စက်ကို ညနေကျ %$@# လာယူဦးမယ်”
“ *&%^%$#$## ဘ၀ကြီးက *%^%$#$ ပျင်းစရာကောင်းလိုက်တာ.. @*&*!!!! ဟုတ်တယ်၊ ဒီမိုးကလည်း @*&*@ ကို မစဲနိုင်တာ...”
“ဟိုနေ့က ငါရုပ်ရှင်သွားကြည့်တယ်၊ ရုပ်ရှင်က @*&*% ဆွဲဆောင်မှု ရှိလိုက်တာဆိုတာ..၊ ဟိုမင်းသမီးကလေ.. သိတယ်မဟုတ်လား ^%$#$# မိုက်သလားမမေးနဲ့”
လှပဖူးစိုတဲ့ ပန်းပွင့်ကလေးတွေလို၊ ပတ္တမြားသွေးထနေတဲ့ စတော်ဘယ်ရီသီးကလေးတွေလို၊ သူတို့ရဲ့ ဖူးရွရွနှုတ်ခမ်းလေးတွေနဲ့ မလိုက်ဖက်လွန်းစွာ ကြမ်းတမ်းရိုင်းပြလွန်းတဲ့ အဆဲအဆိုစကားတွေ၊ အမနာပစကားလုံးတွေကို တွင်တွင်သုံးပြီး အချင်းချင်း သူတစ်ပြန်ကိုယ်တစ်ပြန် စကားပြောနေတဲ့ အသံတွေဟာ၊ မီးမတောက်ခင် မီးခိုးလုံးမဲမဲကြီးတွေ အလုံးလိုက်အူထလာနေတဲ့ မီးသွေးဖိုကြီးလိုပါပဲ။ ဒီလို ဆဲဆိုရိုင်းပြတဲ့ စကားတွေ သုံးလိုက်တဲ့အချိန်မှာ ‘တယ် ဟော့နေတဲ့ ငါပါလား.. တယ်ဟုတ်တဲ့ ငါပါလား၊ တယ်ခွန်အားကြီးလှတဲ့ ငါပါလား ဆိုတဲ့ အတွေးတွေနဲ့ ရင်ကော့တက်သွားမလို ဖြစ်နေကြတာကို မျက်လုံးထောင့်ကနေ လှမ်းမြင်လိုက်တယ်။ ပတ်ဝန်းကျင်ကလူတွေက သူတို့ရဲ့ ဆဲဆိုပြီးပြောနေသံတွေကြောင့် သူတို့ဘက်ကို အနည်းဆုံးခေါင်းတော့ ထောင်ကြည့်လိုက်ကြတဲ့အတွက်၊ လူတွေရဲ့ သတိပြုမိတာကို ရလိုက်တဲ့အတွက်လည်း ကျေနပ်နေကြတယ်။
ဆဲဆိုခြင်းဟာ အနောက်နိုင်ငံက လူငယ်တွေထဲမှာ အဆန်းတကျယ်မဟုတ်သလို၊ အရှေ့နိုင်ငံတွေက လူကြီး/လူငယ်ထုထဲမှာလည်း သြောချရတဲ့ အဖြစ်မျိုးလည်း မဟုတ်ပါဘူး။ အထူးသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးနဲ့ society တစ်ခုလုံးကို နာကြည်းနေတတ်တဲ့ လူတွေကြားထဲမှာ ပိုပြီး အကျွမ်းတ၀င်ဖြစ်စေတဲ့ စကားတွေ ဖြစ်နေတတ်ပါတယ်။
ဆဲဆိုခြင်းဆိုတာ လူ့သမိုင်းမှာ ဝေါဟာရရယ်လို့ စတင်ပေါ်ပေါက်လာကတည်းက ရှိခဲ့ပြီးဖြစ်တယ်လို့လည်း သမိုင်းပညာရှင်တွေက ဆိုကြတယ်။ ကိုယ်ဘယ်လို ပတ်ဝန်းကျင်က မွေးဖွားကြီးပြင်းလာတယ်၊ ဘယ်လိုအလုပ်မျိုးမှာ လုပ်နေတယ်၊ ဘယ်လို လုပ်ဖော်ကိုင်ဘက်တွေနဲ့ တွဲလုပ်တယ်ဆိုတဲ့ အပေါ်မှာလည်း မူတည်တယ်လို့ သုတေသီတွေကလည်း ဆိုကြတယ်။ လူတွေနဲ့ ချင်ပန်ဇီတွေဟာ ဆဲတဲ့နေရာမှာ ဆင်ဆင်တူကြသေးတယ်လို့လည်း သုတေသီတွေက ရှာဖွေတွေ့ရှိ လာကြသေးတယ်။
ဆေးလိပ်ကလေးသောက်လိုက်တဲ့အခါ ခံတွင်းချဉ်ကလေးပြေပျောက်သွားတဲ့ ခံစားချက်မျိုးနဲ့၊ လူငယ်တွေကြားထဲက အဆဲကလေးနဲ့ ပြောလိုက်ရမှပေါ်ပြူလာ ဖြစ်နေတဲ့ အဖြစ်တွေဟာ အဆန်းတကျယ် ဖြစ်လှတယ်ရယ်လို့တော့ မဟုတ်ပါဘူး။ ထိုနည်းတူပဲ မိမိကျင်လည်တဲ့ ပတ်ဝန်းကျင်ဟာ အဆဲသန်သော ပတ်ဝန်းကျင်ဆိုရင် ကိုယ်လည်းပဲ ထိုပတ်ဝန်းကျင်ထဲမှာ လိုက်လျောညီထွေရှိဖို့ ဒီလိုပဲ ကျင့်ကြံကြရတာ လူ့သမိုင်းက အထပ်ထပ် သက်သေပြပြီးဖြစ်ပါလိမ့်မယ်။
တစ်နေ့ညကလည်း ၈၃နှစ်မြောက်သော အော်စကာဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆု ရတဲ့ Melissa Leo ဟာ ဆုတက်ယူစဉ်အခါမှာ "When I watched Kate (Winslet) two years ago it looked so ****** easy! " ဆိုပြီး ပြောပစ်လိုက်ပါတယ်။ ပရိတ်သတ်တစ်ခုလုံးက စက္ကန့်အနည်းငယ် အံ့သြတွေဝေစွာ ငြိမ်ကျသွားပါတယ်။ Melissa Leo ဟာ ဟော်မုန်းတွေ မနိုင်မနင်းဖြစ်နေတဲ့ မနူးမနပ် ဆယ်ကျော်သက်လည်း မဟုတ်ပါဘူး (ဆယ်ကျော်သက်တွေထဲမှာလည်း အလွန်ရင့်ကျက်တည်ငြိမ်သူတွေရှိသလို၊ မိသားစုတစ်ခုလုံးတာဝန်ကို ထမ်းနေသူတွေရှိသလို၊ အသက်ကြီးမှမိုက်သော ကြီးမိုက်များလည်း ရှိတယ်ဆိုတာ သတိချပ်မိပါတယ်) သူမဟာ.. အသက် ငါးဆယ်ကျော်နေပြီဖြစ်တဲ့ အမျိုးသမီးတစ်ယောက်ပါ။
လွန်စွာဖက်ရှင်ထွင်တတ်သော အနောက်နိုင်ငံသားတွေရဲ့ ပတ်ဝန်းကျင်မှာ အော်စကာစင်ပေါ်မှာ ဆုယူနေတုန်း ဆလိမ်နောက်ပစ်ထည့်လိုက်တာဟာ ဆန်းကျယ်မှုတစ် မဟုတ်တော့ဘူးလားဆိုတဲ့အတွေးနဲ့ နီးစပ်ရာအနောက်နိုင်ငံသားအချို့ (လူကြီး/လူငယ်)ကို အနည်းငယ်ကို လှဲ့ပတ်မေးမြန်းကြည့်တဲ့အခါ.... အခုလို ရုပ်ရှင်လောကရဲ့ ဂုဏ်သရေရှိတဲ့ ပွဲမှာတောင် စင်ပေါ်တက်ပြီး ဆဲဆိုလိုက်တာဟာ မသင့်တော်လွန်းဘူးလို့ ဖြေဆိုကြပါတယ်။ သူမဟာ စင်ပေါ်ကိုတက်ပြီး ဆုယူတဲ့ အချိန်မှာတောင်မှ "act" (သရုပ်ဆောင်နေတယ်) လို့ ဝေဖန်ကြပါတယ်။ ဒီ "f" စကားလုံးကိုလည်း တမင်မတော်တဆ ထွက်သွားတဲ့ ပုံမျိုးနဲ့ပြောလိုက်ပြီး သူ့ကိုယ်သူပြန်အံ့သြနေပုံ လုပ်နေတယ်၊ အော်စကာဆုပေးပွဲကို စော်ကားတယ်လို့ ပြောကြတယ်။ အနောက်နိုင်ငံသားတွေဟာ မိမိရဲ့ ကိုယ်ခန္ဓာ၊ မိမိရဲ့အတွေးအခေါ်တွေကို လေးစားမှု အလွန်နည်းလာပြီလို့ သူတို့အချင်းချင်း ပြန်လည်ဝေဖန်တာကို သိလာရတယ်။ Melissa Leoဟာ စင်နောက်ရောက်တဲ့အခါမှာတော့ စာနယ်ဇင်းသမားတွေမှ တဆင့် သူမ ဆဲမိတာကို တောင်းပန်တယ်လို့လည်း သိရပါတယ်။
ဆဲဆိုခြင်းတွေမှာ.. ဆဲခံရသူကို ဆဲခံရသူကို စော်ကားချင်လို့ ဆဲခြင်း၊ ထိုးနှက်တိုက်ခိုက်ချင်လို့ ဆဲခြင်း၊ ဖြစ်ရပ်တစ်ခုကို တန်ပြန်ချင်လို့ ဆဲဆိုခြင်း (ဥပမာ… ဟဲ့.. ဟိုမှာ..ေ..ာက်နွားကြီး ငါတို့ကို ခွေ့ဖို့ ဒီဘက် ပြေးလာနေပြီ)၊ အဓိပ္ပါယ်ထင်ရှားစေရန် ဆဲခြင်း (ေ---ာ်ရမ်း မိုက်တယ်ကွာ)၊ စတဲ့ ဆဲဆိုရခြင်းရဲ့ အကြောင်းတွေကလည်း ရှိသေးတဲ့အပြင်၊ ဆဲခြင်း ခုနှစ်ဆင့် ဆိုတာကလည်း ရှိလိုက်ပါသေးတယ်။ ရှိတ်စပီးယား နာမယ်ကြီးတာဟာ ဘာကြောင့်လည်းဆိုရင် သူ့ရဲ့စာတွေထဲမှာ ဆဲဆိုခြင်းတွေ ပါခြင်းကြောင့် ဖြစ်တယ်လို့လည်း ဖတ်ဖူးပါတယ်။
decency နဲ့ morality စတာတွေကို ခဏဖယ်ထားလိုက်ပြီး ဥပဒေကြောင်းအရ ပြောမယ်ဆိုရင်… ဆဲလိုက်တဲ့သူဟာ ဆဲဆိုခံရသူကို ချိမ်းခြောက်တာမျိုး မဟုတ်ပါဘဲ၊ စကားလုံးထဲမှာ ရိုးရိုးပါသွားတာဆိုရင် ဥပဒေနဲ့ မညိစွမ်းဘူးလို့ ဆိုကြပါတယ်။ ဒါပေမယ့်လည်း တစ်ခါက UKက လူငယ်လေး တစ်ဦးဟာ ပန်းခြံထဲမှာ သူငယ်ချင်းတွေနဲ့ စကားပြောနေတုန်း ရိုးရိုးပြောလိုက်တာ အနားက Dover District Council’s anti-social behaviour unit မှ ရဲက ကြားသွားလို့ ပေါင်စတာလင် ၈၀ ဒဏ်ရိုက်ခံလိုက်ရပါတယ်။
ဆဲခြင်းဟာ ရင်ထဲက နစ်မွန်းလှောင်ပိတ်နေတဲ့ ခံစားချက်တွေကို ပြေလျော့စေတယ်လို့လည်း ဆိုကြပါတယ်။ ဒေါသဖြစ်လွန်းလို့ လူထသတ်လိုက်တာထက်စာရင် .. ထိုသူကို ဆဲပစ်လိုက်တာက society တွက် ပိုကောင်းနိုင်တယ်လို့တောင် ပြောဆိုကြသူတွေလည်း ရှိပါတယ်။
ဒါပေမယ့် ဆဲဆိုခြင်း (ဆဲဆိုချင်စိတ်ဖြစ်ပေါ်စေခြင်း) နေရာဟာ လူ့ဦးနှောက်ရဲ့ မဖွံ့ဖြိုး မတိုးတက်ဆုံးနေရာကနေ တွန်းအားပေးတယ်လို့တော့ သိပ္ပံပညာရှင်တွေက ဆိုကြတယ်။ ဒဏ်ရာထိခိုက်မှုတစ်ခုကြောင့် ခန္ဓာကိုယ်နာကျင်တဲ့ဝေဒနာကို ခံစားနေရသူတစ်ယောက်ဟာ အံကြိတ်မြိုသိပ်ပြီး တောင့်ခံနေတာထက်စာရင် ဆဲဆိုလိုက်ခြင်းဖြင့် ဝေဒနာခံစားရမှုကို သက်သာစေလို့ အချို့ဆရာဝန်တွေက ဆဲခိုင်းတယ် လို့လည်း သိရပါသေးတယ်။
ဒီလိုအခြေအနေတွေကို နားလည်နိုင်ပါတယ်။ ဘ၀မှာ စိတ်ဝေဒနာ ခံစားတွေ့ကြုံခဲ့ရဖူးလို့၊ ခန္ဓာကိုယ်ဝေဒနာ ရှိခဲ့ဖူးလို့၊ တစ်သက်လုံးအနှိမ်ခံ၊ နှိပ်စက်ခံရလို့၊ ဥပမာ..အရက်သမားအဖေရဲ့ ရိုက်နှက်မှုဒဏ်ကို တစ်သက်လုံးခံလာရလို့ စိတ်ဝေဒနာဖြစ်နေလို့၊ ဘ၀ကြမ်းကြမ်းကို ဖြတ်သန်းခဲ့ရတဲ့အတွက် စိတ်ဒဏ်ရာတွေအထပ်ထပ်ကို သယ်ဆောင်နေရလို့၊ လူ့လောကကြီးကို စိတ်နာနာနဲ့ အရွဲ့တိုက်နေလို့ ဆဲဆိုတဲ့ စကားတွေကို ပြောနေကြတာဆိုရင် လူသားထဲက လူတွေမို့လို့.. လူပီသတဲ့ လုပ်ရပ်တွေအနေနဲ့ကို နားလည်ပေးလိုက်နိုင်ပေမယ့် .....
ဖက်ရှင်ထွင်ချင်ရုံသက်သက်၊ အုပ်စုတစ်ခုမှာ ပါဝင်ချင်ရုံသက်သက်၊ နာမည်ကြီးချင်ရုံသက်သက်၊ မိမိဟာ သန်စွမ်းခိုင်ခံ့ကြောင်း လူထုကို သက်သေပြချင်ရုံသက်သက် ဆလိမ်နောက်ပစ်ဝံ့တဲ့ သူတွေကိုတော့... နားလည်တတ်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်ရှင်။
: ♥တစ်ပြည်သူ အိမ့်ချမ်းမြေ့♥
No comments:
Post a Comment