**Public Health**
**ကိုယ်ဝန်ရှိစဉ် မိုဘိုင်းဖုန်း အသုံးပြုခြင်းကြောင့် မွေးလာသည့် ကလေးများ၌ အမူအကျင့်ဆိုင်ရာ
ပြဿနာများတွေ့ရှိ**
ကိုယ်ဝန်ရှိနေစဉ် မိုဘိုင်းဖုန်းများကို ပုံမှန်အသုံးပြုသောအမျိုးသမီးများက မွေးဖွားလာသည့် ကလေးများသည် ဆိုးရွားသည့်အမူအကျင့်များကို ပြုလုပ်နိုင်ခြေလွန်စွာ မြင့်မားကြောင်း လေ့လာချက်တစ်ရပ်အရ သိရသည်။
ယင်းနောက် မွေးလာသည့် ကလေးများသည် မိုဘိုင်းဖုန်းကို အသက်အလွန်ငယ်ရွယ်စဉ်၌ အသုံးပြုပါက ယင်းကဲ့သို့ဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းပို၍ မြင့်မားသည်ဟု ဆိုသည်။

မိခင်ဝမ်းဗိုက်ထဲ၌ရှိနေစဉ် မိခင်က မိုဘိုင်းဖုန်းကို အသုံးပြုပါက အဆိုပါကလေးသည် အသက်ခုနှစ်နှစ်အရွယ်တွင် အမူအကျင့်ဆိုင်ရာခက်ခဲမှုဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်း ပိုမိုမြင့်မားသည်ဟုဆိုသည်။
ကလေးငယ်တစ်ဦးသည် မမွေးဖွားခင်နှင့် မွေးဖွားပြီးနောက်ကလေးဘဝတွင် မိုဘိုင်းဖုန်း နှင့်ထိတွေ့ရပါက အမူအကျင့်ဆိုင်ရာ ပြဿနာဖြစ်ပွားနိုင်ခြေ ၅၀ ရာခိုင်နှုန်း ပို၍မြင့်မား သည်ဟု ဆိုသည်။ မိခင်ဝမ်းဗိုက်အတွင်း၌ မိုဘိုင်းဖုန်းနှင့်ထိတွေ့မှု မရှိသော်လည်း အသက်ငယ်ရွယ်စဉ် မိုဘိုင်းဖုန်းအသုံးပြုသည့် ကလေးများသည့် ပုံမှန်မဟုတ်သော အမူအကျင့်များပြုနိုင်ခြေ ၁၀ ရာခိုင်နှုန်းပို၍ မြင့်မားသည်ဟုဆိုသည်။ ကယ်လီဖိုးနီးယားမှ သုတေသနပညာရှင်များ၏ တွေ့ရှိချက်ကြောင့် ကလေးငယ်များ မိုဘိုင်းဖုန်း အသုံးပြုခြင်း ကိုတားမြစ်သင့်ကြောင်း တွေ့ရသည်။
Ref : Good Health

No comments:
Post a Comment