** ဒိုလေး ဟက်ထရစ်သွင်းပြီး ခုနစ်ဂိုးပြတ်ဖြင့် ရီးရဲနိုင်ပွဲရ **
(မက်ဒရစ်၊ မတ်လ ၅ ရက်)
စပိန်လာလီဂါပွဲစဉ်များကို မတ်လ ၄ ရက်နေ့ နံနက်က ဆက်လက်ယှဉ်ပြိုင်ကစားရာ ရီးရဲမက်ဒရစ်က မာလာဂါအသင်းကို ခုနစ်ဂိုးပြတ်ဖြင့် ဂိုးဒါဇင်ဝက်ကျော်သွင်းပြီး အနိုင်ရရှိခဲ့သည်။ မာလာဂါအသင်းသည် ရီးရဲမက်ဒရစ်အသင်း၏ ဘာနေဗျူးကွင်း၌ ခြေကုန်ထုတ်ကစားခဲ့သော်လည်း ရီးရဲမက်ဒရစ်တို့က ဖိအားကင်းကင်းဖြင့် အပေါ်စီးမှ ကစားကွက်အသာဖြင့် စိတ်ကြိုက်ကစားပြီး ဒိုလေး ကဟက်ထရစ်ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)

** လောင်းကစားဆန်စွာ ပြောဆိုမှုကြောင့် ဖာဂူဆန် ပွဲအချို့ ပိတ်ပင်ခံရဖွယ်ရှိ **
(မန်ချက်စတာ၊ မတ်လ ၅ ရက်)
** မန်ယူနည်းပြ ဖာဂူဆန်သည် ချဲလ်ဆီးအသင်းအား နှစ်ဂိုး- တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင် ဒိုင်လူကြီး မာတင်အက်ကင်ဆန်ကို ပြစ်တင်ဝေဖန်စကားဆိုခဲ့သည်။ ထိုပြစ်တင်ဝေဖန်မှုကို အရေးယူပေးပါရန် စွဲချက်တင်ခဲ့သည်ကို ဖာဂူဆန်က ပယ်ချကာ စွဲချက်လုံးဝမတင်သင့်ကြောင်း ပြန်လည် စိန်ခေါ်၍ လောင်းကစားဆန်ဆန် ပြောဆိုခဲ့သည်။ (အင်တာနက်)

** ၂၀၁၄ ခုနှစ် နွေရာသီအိုလံပစ်ပွဲတော် အထိမ်းအမှတ် လာဘ်ကောင်ရွေးချယ် **
(မော်စကို၊ မတ်လ ၅ ရက်)
ရုရှားနိုင်ငံတွင် ၂၀၁၄ ခုနှစ်၌ ကျင်းပမည့် နွေရာသီ အိုလံပစ်အားကစားပွဲတော်အတွက် အထိမ်းအမှတ် လာဘ်ကောင်အဖြစ် ၀က်ဝံရုပ်လေးကို ရွေးချယ်လိုက်ကြောင်း ရုရှားအိုလံပစ်ကော်မတီက မတ်လ ၃ ရက်နေ့၌ သတင်းထုတ်ပြန်လိုက်သည်။ (အင်တာနက်)
** ဒါရင်ဖလက်ချာအား မန်ယူသက်တမ်းတိုးစာချုပ် **
(လန်ဒန်၊ မတ်လ ၅ ရက်)
မန်ယူအသင်းသည် ကွင်းလယ်ကစားသမား ဒါရင်ဖလင်ချာအား လေးနှစ်သက်တမ်းရှိသည့် စာချုပ်သစ်တစ်ရပ်ကို ထပ်မံချုပ်ဆိုလိုက်ကြောင်း မတ်လ ၅ ရက်နေ့က သတင်းထုတ်ပြန်သည်။ အသက် ၂၇ နှစ်အရွယ်ရှိ စကော့တလန် ကွင်းလယ်ကစားသမားနှင့် မန်ယူကွင်းလယ်ကစားသမားဖြစ်သူ ဖလက်ချာသည် အိုးထရက်ဖို့ဒ်၌ ပွဲပေါင်း ၂၈၈ ပွဲကစားခဲ့ပြီး ဂိုးပေါင်း ၂၁ ဂိုးသွင်းယူပေးခဲ့သူဖြစ်သည်။ (အင်တာနက်)
** အာဆင်နယ် အိမ်ကွင်း၌ သရေပွဲဖြစ် **
(လန်ဒန်၊ မတ်လ ၅ ရက်)
ပရီးမီးယားလိဂ်ဘောလုံးပွဲစဉ်များကို မတ်လ ၅ ရက်နေ့က ယှဉ်ပြိုင်ကစားရာ အာဆင်နယ်နှင့် ဆန်းဒါးလန်းတို့ ဂိုးမရှိသရေပွဲဖြစ်ပြီး ဘာမင်ဂမ်နှင့် ၀က်စ်ဘရွန်းတို့ပွဲတွင် ၀က်စ်ဘရွန်းတို့က သုံးဂိုး- တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်အပြင် နယူးကာဆယ်နှင့် အဲဗာတန်တို့ပွဲတွင် အဲဗာတန်က နှစ်ဂိုး- တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ (အင်တာနက်)
** ဘာကလေပရီးမီးယားလိဂ်၏ ဖေဖော်ဝါရီလ အကောင်းဆုံးဆု အာစင်ဝင်းဂါးနှင့် စကော့ပါကာတို့ ရရှိ **
(လန်ဒန်၊ မတ်လ ၅ ရက်)
ဘာကလေပရီးမီးယားလိဂ်၏ ဖေဖော်ဝါရီလအတွက် အကောင်းဆုံးနည်းပြဆုကို အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးနှင့် ၀က်စ်ဟမ်း ကွင်းလယ်ကစားသမား စကော့ပါကာတို့ ရရှိသွားကြသည်။ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် အသင်းအား ဖေဖော်ဝါရီလအတွင်း ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။ အသက် (၆၁) နှစ်ရှိ အာစင်ဝင်းဂါးသည် ဤဆုကို (၁၁)ကြိမ်မြောက် ရရှိခြင်းဖြစ်သည်။ (အင်တာနက်)
** စုစည်ဘာသာပြန်- မောင်ချစ်ကြည် **

No comments:
Post a Comment