ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, March 6, 2011

အချစ်ရေးနှင့် စိတ်ညှို့ ပညာ

>

**အချစ်ဆိုသောအရာ**

အချစ်ဆိုသော အရာသည် လူသားတိုင်းနှင့် လုံးဝကင်းကွာလို့ မရတဲ့အရာ။ အားလုံးနှင့် သက်ဆိုင်နေသောအရာ၊ အားလုံးထဲမှာ ရှင်သန်နေသောအရာ၊ ဘယ်တော့မှ ပျောက်ပျက်မသွားတဲ့အရာ ဖြစ်တယ်။ မချစ်တတ်သော လူသားဆိုတာက လောကကြီးမှာ မရှိသလောက်ရှားတယ်။ တစ်ရာမှာ တစ်ရာ-ရာခိုင်းနှုန်းမှာ ချစ်တတ်တဲ့စိတ်ဟာ မွေးဖွားလာပြီဆိုကတည်းက ပူးတွဲပါဝင်လာကြတာ။ လူနည်းစုလောက်သာ ချစ်တတ်တဲ့စိတ်ကို မချစ်တတ်တဲ့စိတ်ဖြစ်အောင် ကြိုးစားအားထုပ်သွား ကြတာမဟုတ်လား။ ဒါကြောင့် လူသားတိုင်းမှာ မွေးဖွားလာပြီ ဆိုကတည်းက ပူးတွဲပါဝင်လာတဲ့ ဒီချစ်တတ်တဲ့စိတ် ဆိုတာကို ကောင်းတယ်လို့ ပြောလို့မရသလို မကောင်းဘူးလို့ ပြောလို့လည်း မရပြန်ဘူး။ ဘာကြောင့်လည်း ဆိုတော့ ဒီအချစ်ဆိုတဲ့ အရာဟာ သဘာဝတရား များစွာထဲက သဘာဝတစ်ခုပဲ မဟုတ်လား။

**အချစ်ကိုဘယ်လိုရင်ဆိုင်မလဲ**
အိုကေနော်….။ ဒီအချစ်ဆိုတဲ့ အရာကြီးကို ကျွန်တော်တို့ ဘယ်လို ရင်ဆိုင်ကြမလဲ။ လူဆိုတာကလည်း လူအမျိုးမျိုး ရှိတာဆိုတော့ အချစ်ဆိုတဲ့ အရာကို တွေ့ဆုံရင်ဆိုင်လာကြရတဲ့ အခါမှာလည်း တစ်ယောက်နဲ့တစ်ယောက် ခံယူချက်ခြင်း ၊ ခံစားချက်ခြင်း မတူညီကြတဲ့အတွက် ရင်ဆိုင်ပုံခြင်းလည်း မတူညီကြပြန်ဘူး။ တစ်ချို့က နူးနူးညံ့ညံ့လေး ရင်ဆိုင်ကြတယ်။ တစ်ချို့တော့ ကြမ်းကြမ်းတမ်းတမ်း ရင်ဆိုင်တတ်ကြတယ်။ တစ်ချို့ကတော့ ဘာသာတရားနဲ့ လက်တွဲပြီး ရင်ဆိုင်တတ်ကြတယ်။ တစ်ချို့ကြပြန်တော့ အရက်ဆိုင်ကနေ ရင်ဆိုင်တတ်ကြတယ်။ ကဲ… ကိုယ့်ပါတ်ဝန်းကျင်မှာ ရှိတဲ့ လူတွေကိုပဲ လိုက်ကြည့်လိုက်ပါဦး။ တစ်ယောက်နဲ့ တစ်ယောက် တူညီကြသလားလို့။

**အချစ်ရဲ့အကျိုးသက်ရောက်မှု့**
နောက်တစ်ခုက အကျိုးသက်ရောက်မှု့။ တစ်ချိုကတော့ အချစ်ကြောင့် ကောင်းသွားကြတယ်။ တစ်ချို့ကြပြန်တော့ ဆိုးသွားကြတယ်။ တစ်ချို့ကြပြန်တော့ ကြီးပွား ချမ်းသာသွားကြတယ်။ တစ်ချို့ကြပြန်တော့ ဆင်းရဲ မွဲတေ သွားကြတယ်။ တစ်ချို့ကြပြန်တော့ ကိုယ့်ကိုကို သတ်သေ သွားကြတယ်။ တစ်ချို့ကြပြန်တော့ အသက်ကို ရှည်သထက်ရှည်အောင် နေထိုင်သွားကြတယ်။ တစ်ချို့ကြတော့ အောင်မြင် သွားကြပြီး တစ်ချို့ကြတော့ ကျရှုံးသွားကြတယ်။ ဒါတွေက အချစ်ရဲ့ အကျိုးသက်ရောက်မှု့တွေပေါ့။
အဲဒီတော့ ကျွန်တော်တို့ ရင်ထဲကို အချစ်ဆိုတဲ့ အရာက ၀င်ရောက်လာပြီ ဆိုကြပါစို့။ ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ။ အခု ကျွန်တော်က စိတ်တန်ခိုးနဲ့ ပါတ်သက်ပြီး ပြောမှာဆိုတော့ ဒီပြင့်အပြင်က ကြိုးစား အားထုပ်မှု့တွေကို မပြောတော့ဘူး။ စိတ်တန်ခိုးနဲ့ ပါတ်သက်တာကိုပဲ ပြောတာကောင်းတယ်။ အဲဒီတော့ ခေါင်းစဉ်တစ်ခုလောက် ပေးကြမယ်။ ပေးလိုက်တဲ့ခေါင်းစဉ်က နည်းနည်းတော့ ကြမ်းချင်ကြမ်းမယ်။ ဒါပေမယ့် ရှင်းအောင်ရေးတာ ဆိုတော့ နားလည်ပေးပါ။

**ကိုယ်ကြိုက်နေသူက ကိုယ့်ကို ပြန်ကြိုက်အောင်-စိတ်တန်ခိုးနဲ့ ညှို့နည်း**
အဲဒီတော့ ဒီနေရာမှာ ကျွန်တော်က ယောက်ျားလေးဆိုတော့ ယောက်ကျားလေး နေရာကနေ ရေးမယ်နော်။ ဥပမာ ကျွန်တော်က ကောင်မလေး တစ်ယောက်ကို ကြိုက်နေပြီ ဆိုကြပါစို့။ အရေးကြီးတာက အဲဒီကောင်မလေး ကျွန်တော်ကို ပြန်ချစ်အောင် ၊ ပြန်ကြိုက်အောင် ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ။ တစ်ခု သတိပြုရမှာက ဒီနေရာမှာ ကျွန်တော်တို့ လုပ်မှာက စိတ်အလုပ်ကို လုပ်မှာနော်။ ရုပ်အလုပ် မဟုတ်ဘူး။

အဆင့် (တစ်)- ပြင်းပြသောစိတ်နှင့်ယုံကြည်ချက်ရှိရမယ်။
ကျွန်တော်တို့မှာ အရမ်းအရေးကြီးတာက စိတ်အား ထက်သန်ခြင်း ဆိုတာပါပဲ။ မိမိလုပ်တဲ့ အလုပ်ကို ယုံကြည်ရမယ်။ ငါ ဒီစိတ် အလုပ်ကို လုပ်တယ်။ တစ်နေ့ထက် တစ်နေ့ ငါအလိုရှိတဲ့ အရာနဲ့ ပို၍ပို၍ နီးစပ်လာပြီ ဆိုတာကို လေးလေးနက်နက် ယုံကြည်ထားရမယ်။ နောက်ပြီး စိတ်ဇောထက်သန်စွာနဲ့ နေ့စဉ်ပုံမှန် လုပ်သွားရမယ်။ ဦးတည်ချက်ကလည်း တိကျနေရမယ်။ အကြီးလိုလို အငယ်လိုလို မရဘူးနော်။0တ်မှုန်ရွှေရည်ဆိုရင၀တ်မှုန်ရွှေရည်ပဲ။ ၀တ်မှုန်ရွှေရည်ကို မရရင် မိုးဟေကိုကွာ အဲဒီလိုမရဘူး။ ကိုယ့်ရဲ့ ဦးတည်ချက်၊ ကိုယ့်ရဲ့ ပစ်မှတ်က ကွက်တိဖြစ်နေရမယ်။ တစ်ခုခုကို သေသေချာချာ ဦးတည်ထားရမယ်။
နောက်တစ်ခုက ကိုယ်က ဘာလိုချင်နေတာလဲ။ ကောင်မလေးရဲ့ မေတ္တာတရားနော်။ အဲဒီတော့ သူ့ဆီက စစ်မှန်တဲ့ မေတ္တာတရားကို ကိုယ်က လိုချင်နေတာ ဆိုရင် ကိုယ့်ဆီမှာလည်း မေတ္တာတရား ရှိနေရမယ်နော်။ စစ်မှန်ရမယ်။ ကိုယ်က အတုကြီးဆိုရင် သူ့ဆီကလည်း အတုကြီး ပြန်လာလိမ့်မယ်နော်။ ဒါဟာ အမှန်တရားပဲ။ တန်ပြန်သက်ရောက်မှု့ပဲ။ တူညီတဲ့ တုန့်ပြန်မှု့ပဲ။
အဆင့်(၂)- သူ့မျက်နှာကို တိတိကျကျ ပြတ်ပြတ်သားသား မြင်ယောင်နိုင်ရမယ်။
ဒါကိုတော့ နိမိတ်လို့ ပြောရင်ရမလားပဲ။ ကိုယ်ကြိုက်နေတဲ့ ကောင်မလေးရဲ့ ပုံကို ပြတ်ပြတ်သားသား အာရုံပြုနိုင်ရမယ်။ ၀ါးတားတားကြီး ဖြစ်နေလို့ မရဘူးနော်။ ရှင်းရှင်းလင်းလင်း မြင်ယောင်နိုင်ရမယ်။
အဆင့်(၃)- သူနဲ့ ကိုယ်နဲ့ အပြင်မှာ စကားပြောနေသလို မြင်ယောင်ရမယ်။
အိုကေ…။ စပြီ။ ကောင်မလေးကို ညှို့တော့မယ်။ အရင်ဆုံး ငြိမ်ငြိမ်လေး ထိုင်နေပြီးစရမယ်။ ငြိမ်ငြိမ်လေးထိုင်ရမယ်ဆိုတာက ကိုယ့်ရဲ့ ယောက်ယက်ခတ်နေတဲ့ စိတ်ကို အတည်ငြိမ်ဆုံး ဖြစ်အောင် စုစည်းလိုက်တာပဲ။ ဘာကြောင့်လဲဆိုတော့ တည်ငြိမ်တဲ့ စိတ်ကသာ အောင်မြင်စေမှာဖြစ်တယ်။ ဒါကိုလည်း သမာဓိလို့ ပြောရင်ရမလား။ ဘယ်လိုပဲပြောပြော အဓိကကတော့ သင့်ရဲ့ စိတ်ဟာ အေးချမ်းပေါ့ပါးနေရမယ်။ တည်ငြိမ်နေရမယ်။ ယောက်ယက် ခတ်မနေရဘူး။ ဟိုရောက်ဒီရောက် ဖြစ်မနေရဘူး။ ကိုယ်ချစ်ခင် စွဲလန်းနေတဲ့ ကောင်မလေးဆီကို ကိုယ့်ရဲ့ စိတ်အာရုံကို အပြည့်အ၀ စေလွှတ်တော့မှာ ဖြစ်တယ်။
အဆင့်(၄)- ကိုယ်ကြိုက်တဲ့ ကောင်မလေးကို စိတ်ကူးနဲ့ အရင်သွားတွေ့ရမယ်။
အိုကေ …။ နောက်တစ်ဆင့်တက်ပြီ။ သွားတွေ့တော့မယ်။ အ၀တ်အစား သန့်သန့်ရှင်းရှင်း ၀တ်ပြီး တက်ကြွတဲ့ ခြေလှမ်းတွေနဲ့ ကောင်မလေးကို သွားတွေ့မယ်။ ရောက်ပြီ။ ကောင်မလေးကို တွေ့ရပြီ။ ကိုယ်က ကောင်မလေးကို အရင်ဆုံး လှိုက်လှိုက်လှဲလှဲ ပြုံးပြလိုက်။ အဲဒီမှာ ကောင်မလေးကလည်း ကိုယ့်ကို လှိုက်လှဲဖော်ရွှေစွာ ပြန်လည်ပြုံးပြတယ်နော်။ အဲဒီမှာ ကိုယ်က ကောင်မလေးကို အချစ်တွေ၊ မေတ္တာတွေ ပြည့်ဝနေတဲ့ မျက်ဝန်းတွေနဲ့ ကောင်မလေးရဲ့ မျက်ဝန်းကို စိုက်ပြီး ကြည့်လိုက်တယ်။ ကောင်မလေးကလည်း ကိုယ့်မျက်ဝန်းတွေကို ပြန်လည် စိုက်ကြည့်နေပြီ။ သူနဲ့ ကိုယ်နဲ့ မျက်လုံးခြင်းဆုံ နေပြီနော်။ မျက်စိကို လုံးဝမလွဲလိုက်နဲ့။ စိုက်သာကြည့်နေ။ ပြီးတော့မှ ကိုယ့်ရင်ထဲမှာ ဖြစ်နေတဲ့ စိတ်ခံစားချက်တွေကို တစ်လုံးချင်းချင်း သူ့ကို ပြောပြလိုက်မယ်။
ဒီမှာ မ၀တ်မှုန်။ ကျွန်တော် မကို စကား ပြောချင်တယ်။ ကျွန်တော့် စကားကို သေသေချာချာ နားထောင်နော်။ ကျွန်တော်ကတော့ မကို အရမ်းချစ်တယ်။ စစ်မှန်တဲ့ မေတ္တာတရားတွေနဲ့ တကယ်မြတ်မြတ်နိုးနိုး ချစ်တာပါ။ အရမ်းလည်း စွဲလန်းနေပါတယ်။ ကျွန်တော်က မကို စွဲလန်းချစ်ခင် နေသလိုပဲ မကလည်းကျွန်တော်ကို ပြန်ချစ်ရမယ်။ ပြန်ချစ်တယ် မဟုတ်လားလို့ တစ်ခါတည်း ပြန်မေးလိုက်တယ်။ အဲဒီမှာ သူက ကိုယ့်ကို တစ်ခါတည်း ပြုံးပျော် ရွှင်လန်းစွာနဲ့ စကားပြန်ပြောတယ်။ ကျွန်မလည်း ရှင့်ကို ချစ်ပါတယ်ရှင်ပေါ့။
(ဒါက ဥပမာ ပြောတာနော်။ တော်ကြာ ကိုယ့်မှာ ချစ်သူရှိတဲ့လူတွေက ဘာလုပ်ရမှန်းမသိ ဖြစ်နေဦးမယ်။ ကိုယ့်မှာ ချစ်သူရည်းစားရှိတဲ့ လူတွေကြပြန်တော့ ကိုယ့်ချစ်သူရဲ့ ရင်ထဲကို ၀င်ပြီး ကိုယ့်ကို ပိုချစ်သထက်ချစ်အောင် ၊စွဲလန်းသထက် စွဲလန်းအောင် ၊ သတိယသထက် သတိယအောင် ၀င်ပြီး ကိုယ်ချစ်သူလေးရဲ့ စိတ်ကို ညှို့လို့ရတာပေါ။)
အခု အပေါ်မှာ ပြောခဲ့တာတွေ အားလုံးဟာ စိတ်ကူးနေတာနော်။ စိတ်ကူးနေတာ။ အဲဒီလို နေ့တိုင်း စိတ်ကူးရမယ်။ ထက်သန်တဲ့ စိတ်၊ တက်ကြွတဲ့ စိတ်နဲ့ နေ့တိုင်း စိတ်ကူးရမယ်။ ဘယ်နှစ်ရက်လုပ်ရမလဲ လို့တော့ မမေးပါနဲ့။ ကိုယ့်ရဲ့ စိတ်အားထက်သန်ရင် ထက်သန်သလောက် မြန်မယ်။ ကိုယ့်စိတ်က စွဲလန်းရင် စွဲလန်းသလောက် မြန်မယ်။ တကယ်လုပ်ရင် သေချာပေါက် အောင်မြင်မှာလားလို့ မေးရင်တော့ တကယ်ကို သေချာပေါက် အောင်မြင်ပါ့မယ်ဆိုတာကို အာမခံပေးလိုက်ပါတယ်။
အဆင့်(၅)- ဘယ်အချိန်လုပ်ရင် အကောင်းဆုံးလဲ။
အကောင်းဆုံးကတော့ ကိုယ်ကြိုက်နေတဲ့ ကောင်မလေး အိပ်စက်တဲ့အချိန် လုပ်တာ အကောင်းဆုံးပါပဲ။
မိတ်ဆွေများခင်ဗျား။ စိတ်ပညာနှင့် ပါတ်သက်၍ ကျွန်တော်ဟာ ပညာရှင်မဟုတ်ပါ။ ဆရာသခင် လမ်းပြပေးခဲ့သော နည်းနာများကို အခြေခံ၍ စိတ်တန်ခိုးဆိုသော လမ်းရှည်ကြီးကို စိတ်ရှည်လက်ရှည် ဆက်လက်ခရီးဆက်နေသော သာမန်လူတစ်ဦးပင်ဖြစ်ပါတယ်။ ကျွန်ုပ်သည် ကောင်းကင်ပေါ်လည်း ပြန်သန်း နိုင်သော တနခိုးကို မလိုချင်ပါ။ ရေထဲမှာ သွားနိုင်သော သူလည်း မဖြစ်လိုပါ။ အရာ ၀တ္ထုများကို မတို့မထိပဲ ရွေ့ရှားအောင်လည်း မစွမ်းဆောင်ချင်ပါ။ ကျွန်ုပ်လိုချင်သော စိတ်တန်ခိုး ဆိုသည်မှာကား ကျွန်ုပ်နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရသော လူမှု့ရေး၊ စီးပွားရေး၊ လုပ်ငန်းဆောင်တာ ကိစ္စများကို သာ ကျွန်ုပ် ဆန္ဒရှိသည့်အတိုင်း စေစားနိုင်သူသာ ဖြစ်ချင်ပါသည်။ ထို့ကြောင့် အောင်မြင်သော ဘ၀ခရီးလမ်းကို ကျွန်ုပ်ကဲ့သို့ ရှေ့ရှု့ကြကုန်သော သူအပေါင်းတို့အတွက် ရည်ရွယ်၍ သိသလောက် ရေးသားပေးလိုက်ရခြင်း ဖြစ်ပါတယ်။
Ref : ဆရာဟိန်းတင့်ဇော် ၏ ဘလော့ဂ်တစ်ပုဒ်ကိုပြန်လည်ဖော်ပြလိုက်ရပါသည်။
FROM :ထက်အောင်လှိုင်'s စိတ်ပညာဗေဒ

လွမ်းခြင်း၏တစ်ခြားတစ်ဖက်မှာ နေသာနေတဲ့ နေ့တစ်နေ့ရှိသည်။
♥_♥

( )
(•̪●)(•̪●)░လွမ်းနေ သူ░(•̪●)(•̪●)
♥ 0 ♥ ♥

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)