ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, March 4, 2011

ထိုင်းနှင့်မြန်မာ အထည်ချုပ်လစာ မကွာသဖြင့် ပြည်တော်ပြန်၍ ချုပ်လုပ်သူများရှိလာ

>
**One Garment Workplace in MaeSot**
(Photo-JACBA)

ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာလုပ်သားများ အများစုသည် ပြည်တွင်းအထည်ချုပ် ဈေးကွက်သို့ ပြန်လည်ဝင်ရောက်၍ အလုပ်လုပ်ကိုင်မှုများ ရှိလာကြောင်း အထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
”အထည်ချုပ်ဈေးကွက်က လုပ်သားဈေးကွက်ဖြစ်လာတယ်။ လုပ်သားလိုအပ်ချက်က အရမ်းများလာပြီး ထိုင်းမှာလုပ် တာနဲ့ လစာကွာဟမှု၊ အခွင့်အရေးရမှုတွေ သိပ်မကွာတော့လို့ ပြန်ဝင်လာကြတဲ့ သဘောရှိတယ်” ဟု ၄င်းက သူ၏ အမြင်ကို ပြောပြသည်။
ထိုင်းနိုင်ငံသည်လည်း ယခုလတွင် တရားမဝင်လုပ်သား ဖမ်းဆီးရေးကို ဆောင်ရွက်မည်ဟု လိုက်လံအသိပေး ကြေညာထားသည်။ ထိုင်းတွင် မြန်မာ နိုင်ငံမှ သွားရောက်နေထိုင် အလုပ်လုပ်ကိုင်နေသူဦးရေမှာ နှစ်သန်းကျော်ရှိပြီး တရားဝင်အလုပ် လုပ်ခွင့်လက်မှတ် မှတ်ပုံတင် ရထားသူမှာ ၁ဝ သိန်း နီးပါးခန့်သာရှိသည်ဟု သိရသည်။ ထိုင်းအလုပ်သမား ရှာဖွေရေးရုံးများမှလည်း လူသစ်များကို လက်မှတ်ထုတ်မပေးတော့ပေ။ လက်ရှိကိုင်ဆောင်ထားသူများမှာ လာမည့် ၂၈ ရက်တွင် သက်တမ်းပြည့်မည်ဖြစ်၍ အချိန်မီသက် တမ်း တိုးကြရမည်ဖြစ်သည်။ တရားမဝင် ရွှေ့ပြောင်းလုပ်သား ဖမ်းဆီးရမိပါက ထိုင်းလူဝင်မှုကြီးကြပ်ရေး အက်ဥပဒေအရ ထောင်ဒဏ် ၄၅ ရက် ကျခံရပြီး နေရပ်ပြန်ပို့ခံရမည်ဖြစ် သည်။

”ထိုင်းမှာ နေစရိတ်အပြီး တစ်လတစ်သိန်းကျပ်လောက် ရတဲ့လူက ပြည်တွင်းမှာအခု ရှစ်သောင်းလောက်ရတော့ မိဘနဲ့ခွဲနေရတာနဲ့ ဘဝလုံခြုံတာ နဲ့ကြည့်ပြီး ဒီကိုပြန် လာကြတာပါတယ်။ လစာက အရင်နှစ်ကထက်စာရင် အရမ်း တက်သွားတယ်” ဟု အဆိုပါ တာဝန်ရှိသူက ရှင်းပြသည်။

ပြည်တွင်းအထည်ချုပ်လုပ်ငန်းသည် ဈေးကွက်ပိုမိုရရှိလာသည့်အတွက် လုပ်သားလိုအပ်ချက်မှာ များပြားလာပြီး ကျွမ်းကျင်လုပ်သားများမှာ ဒီနေ့အ လုပ်ဆင်း၊ မနက်ဖြန် အလုပ်ဆင်း၊ မဆင်းကိုပင် မသိနိုင်တော့သည့် အခြေအနေ ဖြစ်လာကြောင်း၊ ပြည်တွင်းစက်ရုံ အများစုမှာ ကန်ထရိုက်စာချုပ် ချုပ်ဆိုမှုမရှိ၍ နှစ်ဦးနှစ်ဖက် ရပ် တည်မှုမှာ ဈေးကွက်ပေါ်သာ အခြေခံနေကြောင်း သိရသည်။
”အခု အလုပ်ချိန် တစ်လမှာ ၄၅ မိနစ် လျော့သွားတယ်။ အလုပ်သမားကို အချိန်ပိုခေါ်ချင်တိုင်း ခေါ်လို့မရဘူး။ ဈေးကွက် စီးပွားရေးတစ်ခု ဖြစ်လာတဲ့ အတွက် အတင်းတောင်းဆိုမှုတွေလည်း ရှိလာတယ်။ ဒီရုံမကြိုက် နောက်ရုံ ပြောင်းလုပ်ရုံပဲ။ စာချုပ်ချုပ်ဖို့ကလည်း လိုက်လျောညီထွေတဲ့ ဘောင်တစ် ခုရဖို့ အချိန်တဖြည်း ဖြည်းယူကြရဦးမယ်” ဟု အထက်ပါပုဂ္ဂိုလ်က လက်တွေ့အထည်ချုပ် လုပ်ငန်းခွင့် အခြေအနေကို ပြောပြ သည်။
အထည်ချုပ်လုပ်ငန်းတွင် ဂျပန်နှင့်ကိုရီးယားဈေးကွက်သည် အဓိကရရှိထားပြီး အနောက်နိုင်ငံဈေးကွက်များ နည်းပါလာကြောင်း၊ ဗီယက်နမ်မှ လည်း ဈေးကွက်ထိုးဖောက်ခြင်းထက် ရင်းနှီးမြှုပ်နှံရန် စမ်းသပ်ဝင်ရောက်မှု ရှိလာကြောင်း သိရသည်။ ပြည်ပပို့ကုန်ဈေးကွက်တွင် အထည်ချုပ်လုပ် ငန်းသည် အထွန်းကားဆုံးဖြစ်နေရာ အထည်ချုပ် လုပ်ငန်းရှင်များအသင်းသို့ ယခုနှစ် တွင်ဝင်ရောက်သူများ လာခဲ့ကြောင်း၊ လက်ရှိတွင် လုပ်ငန်း ရှင် ၂ဝ၃ ဦး အသင်းဝင်ထားကြောင်း သိရသည်။

**တင်ဇာဇော်**

(Posted by Popular News)

**မလေးရှားအစိုးရမှ တရားမ၀င်လာရောက် လုပ်ကိုင်နေသော မြန်မာနှင့် နိုင်ငံခြားသား လုပ်သားများအား စီမံချက်ဖြင့် ဖမ်းဆီးမှု များပြားလာ**

မလေးရှားနိုင်ငံသို့ တရားမ၀င် လာရောက်အလုပ်လုပ်ကိုင် နေသည့် မြန်မာအပါအ၀င် နိုင်ငံခြားသားလုပ်သားများအား စီမံချက်ဖြင့် ဖမ်းဆီးမှု (အော်ပရာစီ) များမှာ ယခုလပိုင်းအတွင်း ပိုမိုများပြားလာကြောင်း မလေးရှား နိုင်ငံရောက် မြန်မာအလုပ်သမား များထံမှ သိရှိရပါသည်။

အော်ပရာစီ ဆိုသည်မှာ မလေးရှားနိုင်ငံ၌တရားမ၀င် နိုင်ငံ ခြားအလုပ်သမားများအားစီမံချက် ဖြင့်ဖမ်းဆီးခြင်းဖြစ်ပြီးယခုလအပိုင်း အခြားမှာ နှစ်စပိုင်းကာလဖြစ် သောကြောင့်လည်း ပိုမိုလာခြင်း ဖြစ်ကြောင်း သိရှိရသည်။

"အော်ပရာစီဝင်တယ်ဆိုတာက မလေးရှားနိုင်ငံမှာ တရားမ၀င်နေ ထိုင်တဲ့သူတွေကိုစီမံချက်နဲ့ဖမ်းဆီး တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဆို ရင် သန်းခေါင်စာရင်းစစ်သလိုမျိုး ပေါ့။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ လိုတော့ မဟုတ်ဘူး။ သူတို့ဆီမှာဝင်စစ်လို့ ထွက်ပြေးတဲ့သူတွေကို ရိုက်ဖို့အတွက် လက်ကိုင်တုတ်တွေ ပါလာကြတယ်။ ညဘက်အိပ်ချိန်တွေမှာ လာစစ်တာ များပါတယ်။ လာစစ်ပြီဆိုရင်လည်း အကြောင်းအမျိုးမျိုးနဲ့ တံခါးဖွင့်ဖို့ ကြာနေတတ်တဲ့ အချိန်မျိုးတွေမှာ အိမ်တံခါးကိုဖျက်ပြီး ၀င်လာကြတာမျိုးတွေလည်း ရှိပါတယ်။ overstay မိလို့ထွက်ပြေးရင်လည်း လိုက်ပြီး ဖမ်းဆီးကြပါတယ်။ စီမံချက်ကာလ မဟုတ်ရင်တော့ ပိုက်ဆံပေးပြီး ဖြေရှင်းလို့ရတာရှိပေမယ့် စီမံချက်ကာ လဆိုရင်တော့ ဖမ်းဆီးရိုက်နှက်ပြီး ထောင်ချပါတယ်"ဟု မလေးရှားနိုင်ငံ လျှပ်စစ်ပစ္စည်းထုတ်လုပ်သည့် စက်ရုံတစ်ရုံ၌ အလုပ်လုပ်ကိုင်ခဲ့သူတစ်ဦး က ပြောပြခဲ့ပါသည်။
“လာစစ်ပြီဆိုရင်လည်း အကြောင်းအမျိုးမျိုးနဲ့ တံခါးဖွင့်ဖို့ ကြာနေတတ်တဲ့ အချိန်မျိုးတွေမှာ အိမ်တံခါးကိုဖျက်ပြီး ၀င်လာကြတာ မျိုးတွေလည်းရှိပါတယ် . . .”

တရားမ၀င်နိုင်ငံခြားအလုပ် သမားများအား စီမံချက်ဖြင့်ဖမ်းဆီးမှုများ (အော်ပရာစီဝင်ရောက်မှု)မှာ နှစ်ကုန်ပိုင်းအချိန်၊ နိုင်ငံ၏ဘာသာ ရေးပွဲတော်များ ကျင်းပသည့်အချိန် များနှင့် နှစ်ဆန်းပိုင်းအချိန်များတွင် အများဆုံး ၀င်ရောက်တတ်ကြောင်း သိရှိရပါသည်။

"အော်ပရာစီဝင်ပြီဆိုရင်အဓိက စစ်တာက တရားဝင်အလုပ်လုပ်ခွင့် ပါမစ်ကတ်၊ ပတ်စ်ပို့နံပါတ်၊ သက်တမ်း၊ လူနဲ့ဓာတ်ပုံကိုပါတွဲပြီးစစ်ကြ ပါတယ်။ ပတ်စ်ပို့နံပါတ်ကိုလည်း အလွတ်ရွတ်ပြရပါတယ်။ မရွတ်နိုင်တာတို့၊ လူနဲ့ဓာတ်ပုံတိုက်ကြည့်လို့ မသင်္ကာတာတို့ဆိုရင်ကွန်ပျူတာနဲ့ ပါစစ်ပါတယ်။ နှစ်ကုန်ပိုင်း၊ နှစ်စပိုင်းနဲ့ ပွဲတော်ရက်တွေမှာ overstay တွေကလည်း အ၀င်အထွက်များ လာတတ်တဲ့အတွက် အဲဒီအချိန်တွေမှာဆို မလေးရှားမှာရှိတဲ့ ပြည် နယ်တိုင်းလိုလို နိုင်ငံခြားသားရွှေ့ ပြောင်း အလုပ်သမားအများစု အထူးသဖြင့် မြန်မာအလုပ်သမားတွေ အများဆုံးနေထိုင်ကြတဲ့ နေရာတွေမှာ အော်ပရာစီ အ၀င်စိပ်တဲ့အတွက် တော်ရုံကိစ္စအရေးမကြီးရင် တရားဝင် အလုပ်လုပ်နေကြတဲ့ အမှန်သမားတွေတောင် နယ်ကျော်ပြီး ညဥ့်အိပ်ညဥ့်နေ မနေရဲကြတော့ပါဘူး" ဟု မလေးရှားနိုင်ငံ၌ ခုနစ်နှစ်ကြာ နေထိုင်ခဲ့ပြီးနေရပ်သို့ ပြန်လည်ရောက်ရှိလာသူ တစ်ဦးကပြောပြခဲ့ပါသည်။

မလေးရှားနိုင်ငံ၌ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်စသည့် နိုင်ငံများမှ ရွှေ့ပြောင်းလုပ်သားများ အများဆုံး လာရောက် လုပ်ကိုင်လျက်ရှိကြောင်း သိရှိရပါသည်။

Posted by Popular News

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) ပ (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1)ွ (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)